ရွှေဘိုပေါ်ဆန်းမွှေးတံဆိပ်ပါ အိတ်ခွံဖြင့် အခြားဆန်များ ထုတ်ပိုး၍ ဈေးကွက်အတွင်း ရောင်းချမှုများ ရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေဘိုပေါ်ဆန်းမွှေးတံဆိပ်ပါ အိတ်ခွံဖြင့် အခြားဆန်များ ထုတ်ပိုး၍ ဈေးကွက်အတွင်း ရောင်းချမှုများ ရှိနေ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့သည် ရွှေဘိုပေါ်ဆန်းမွှေး (YA) အမှတ်တံဆိပ်များ ရိုက်နှိပ်ထားသည့် အိတ်ခွံများအတွင်းသို့ ပေါ်ကျွဲ (သို့မဟုတ်) အခြားသော ဆန်များ ရောနှော ထုတ်ပိုး၍ ဈေးကွက်အတွင်း ရောင်းချမှုများ ရှိနေကြောင်း ကျိုင်းတုံခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ စက်တင်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 
.
.
တောင်ကြီးမြို့တွင် နေထိုင်သည့် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ယင်းကဲ့သို့ ရွှေဘို ပေါ်ဆန်းမွှေး အတုအပ ပြုလုပ်ရန်အတွက် စက်တင်ဘာလ ၇ ရက်တွင် ရွှေဘိုပေါ်ဆန်းမွှေး (YA) အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့် အိတ်ခွံအလွတ် ၁ ထုတ်လျှင် ၂၀၀၀ အိတ် စီပါ ၆ ထုတ်၊ စုစုပေါင်း အိတ်ခွံအလွတ် ၁၂၀၀၀ အိတ်ကို ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ခရီးသည်တင်ယာဉ်လိုင်း ဖြင့် သယ်ဆောင်လာပြီး ကျိုင်းတုံမြို့သို့ ဆက်လက်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
.
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦး သန်းစိုးက "စုံစမ်းလို့ သိရသလောက်ကတော့ အခုလိုမျိုး အိတ်ခွံအလွတ်တွေကို သယ်ပို့နေတာ ၂ နှစ်လောက် ရှိပြီလို့ ဆိုပါတယ်။ ဆန်ဝယ်ယူစားသုံးသူတွေရဲ့ နစ်နာမှုကို အကာအကွယ်ပေးနိုင်ဖို့၊ နစ်နာမှုရှိရင်လည်း ဖြေရှင်းပေး နိုင်ဖို့အတွက် ရုံးဖုန်း ၀၈၄-၂၁၀၃၄ ကိုဖြစ်စေ၊ လက်ကိုင်ဖုန်း ၀၉- ၂၅၄၇၉၂၉၉၅ ကိုဖြစ်စေ အမြန်ဆုံး ဆက်သွယ် သတင်းပေးပို့ တိုင်ကြားဖို့ တိုက်တွန်းအကြံပြုလိုပါတယ်" ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ YA အမှတ် တံဆိပ် ရွှေဘိုပေါ်ဆန်းမွှေး ဝယ်ယူစားသုံး နေသူ ကျိုင်းတုံဒေသခံ ဒေါ်မီဆာက "အတုလား၊ အစစ်လားလို့ ခွဲခြား မသိနိုင်အောင် ထုတ်ပိုးပြင်ဆင်ထားပြီး ထမင်းဖြစ်မှ အနံ့အရသာကို သိနိုင်မှာဖြစ်ပါတယ်။ ဖော်ထုတ်ဖမ်းဆီးမယ် ဆိုရင် မိနိုင်ပါတယ်"ဟု ၎င်း၏အမြင်ကို ပြောသည်။
.
ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ချက်တွင် ပြည်သူများအနေဖြင့် YA အမှတ်တံဆိပ် ပေါ်ဆန်းမွှေးအား ဝယ်ယူစားသုံးရာတွင် သတ်မှတ်ထားသော တန်ရာတန်ကြေးဖြင့် ကြိုက်ဈေးပေး၍ ဝယ်ယူစားသုံးနေရခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှ နှစ်ဦးနှစ် ဘက် ရေရှည်အကျိုးကို မျှော်ကိုး၍ စားသုံးသူ စိတ်ကျေနပ်မှုရှိစေရေးအတွက် လုပ်ဆောင်သွားရန်လိုအပ်သည် ဟု ဖော်ပြပါရှိသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats