ရှိန်းခန့်ဇော်
.
.
ယနေ့ခေတ်ကာလ ၂၁ ရာစုကို ကျော်ဖြတ် နေသည့် အချိန်အခါ ဖြစ်သည်။ သဘာဝဘေး
အန္တရာယ်တွေနဲ့ လူသားအပေါင်း ဘဝပေါင်းများ စွာ အသက်ဘေးများဖြင့် ရင်ဆိုင်၊ စစ်ပွဲတွေ
ရင် ဆိုင်နေကြရသူက စစ်ပွဲတွေအကြား၊ တချို့သော လူမျိုးစုများကလည်း တစ်နိုင်ငံတည်း အတူနေ
ထိုင်ကြပေမယ့် မိမိတို့လူမျိုးစု၊ မိမိတို့ တိုင်းရင်း သားများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကြိုးစား နေကြသူက ကြိုးစားနေကြသော အချိန်အခါ ဖြစ် သည်။ ငြိမ်းချမ်းသော နေရာများမှာဖြင့်
တက်ညီ လက်ညီ ဆောင်ရွက်နေကြသကဲ့သို့ ဖွံ့ဖြိုးလာ သည်ဟု ယူဆရသော အောင်မြင်ခြင်းရလဒ်တွေ
ကို တွေ့မြင်နေကြရသည်ကလည်း မျက်မြင်သက် သေတွေ ရှာနေစရာ မလိုပေ။ လက်တွေ့ပင်တွေ့ မြင်နိုင်လေပြီ။
သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖြတ်ကျော် နေသည် ဖြစ်စေ၊ စစ်ပွဲကို ရှောင်ရှား
အမှောင် များနှင့် ကြုံတွေ့နေရ သည် ဖြစ်စေ၊ ငြိမ်းချမ်းသာ ယာပြီး ခေတ်မီဖွံ့ဖြိုးဆဲ
နယ်မြေများမှာပင် ဖြစ်စေ လူသားအားလုံးသည် ပရဟိတ စိတ်ကို ဦးဆောင် အနစ်နာခံစိတ်ကို ရှေ့ထားပြီး
ပေါင်းစုသောအား ဖြင့် ခိုင်ခိုင်မာမာ ရပ်တည်နိုင်သည့် အဖွဲ့ အစည်း တစ်ခု တည်တံ့ခိုင်မြဲမှသာ
အတားအဆီးမျိုးစုံကို ရင်ဆိုင်ဖြတ်ကျော်နိုင်မည်။
.
လက်ရှိမြန်မာနိုင်ငံအတွင်း နေရာဒေသ အ သီးသီး၏ အခြေအနေများကို ၂ဝ၁၈
ခုနှစ် အချိန် ကာလများဖြင့် ကြည့်ရှုမည်ဆိုပါက မငြိမ်းချမ်း သောနေရာများထက် ငြိမ်းချမ်းသာယာပြီး
ဖွံ့ဖြိုးဆဲ နေရာဒေသများ ပိုမိုများပြား နေသည်ကို တွေ့မြင် နိုင်သည်။ ဖွံ့ဖြိုးဆဲဒေသများဖြစ်စေ၊
မဖွံ့ဖြိုးသေး သော ဒေသများဖြစ်စေ လက်ရှိအချိန်တွင် လူငယ် အများစုသည် ပရဟိတစိတ်ကို ဦးဆောင်ကာဖြတ်
ကျော်နေကြသည့် အချိန်ဖြစ်သည်။
.
လူငယ်အများစုသည် ပရဟိတစိတ်ကို ရင် ထဲတွင် အမြဲတည်တံ့လာအောင် မွေးမြူရင်း
ဘဝကို ဖြတ်သန်းမည် ဆိုပါက မိမိ၏ တိုးတက်အောင် မြင်ခြင်းနှင့်အတူ လူမှုရေး၊ ပတ်ဝန်းကျင်ကို
အ ကျိုးပြုသော လူငယ်များ ဖြစ်လာမည်မှာ မလွဲဧ ကန်ပင် ဖြစ်သည်။ ယနေ့ခေတ် လူငယ်တို့သည်
ပရဟိတစိတ် မရှိဟု မဆိုလိုပါ။ သူတို့၏ ရင်ထဲ တွင် ပရဟိတစိတ်ရှိသည်မှာ ဧကန်ပင် ဖြစ်သည်။
သို့သော် သူတို့၏ ရင်ထဲသို့ရောက်ရှိလာသော ပ ရဟိတ တစိတ်များမှာ ခေတ္တခဏမျှ လာရောက် နားခိုပြီး
ပြန်လည်ထွက်ခွာသွားသကဲ့သို့ လူငယ် များကလည်း မိမိတို့ ရင်ထဲသို့ ဝင်ရောက်လာ သော ပရဟိတစိတ်ကို
ရင်ထဲတွင် အမြဲတည်တံ့ နေစေရန် ဆွဲခေါ်ထားခြင်းမျိုး မဟုတ်ဘဲ စွန့်လွတ် လိုက်သည့် အခြေအနေမျိုးသာ
ဖြစ်နေသည်။ ရှင်းရှင်းပြောရလျှင် ပရဟိတစိတ်သည် လူတိုင်း တွင် ခေတ္တခဏမျှ သူ့အလိုလို
ဖြစ်ပေါ်လာတတ် ပြီး သူ့အလိုလို ပြန်ထွက်သွားသည့် သဘောကို သာ ဆောင်နေသည်။ အကြောင်းအရာ
တစ်ခုခု ကြောင့် ဖြစ်စေ၊ စာဖတ်ခြင်းဖြင့် ဖြစ်စေ ပရဟိ တစိတ် ပေါ်ပေါက်လာပြီဆိုလျှင်
ထိုစိတ်ဓာတ် မျိုးကို မိမိ၏ နှလုံးသားထဲတွင် ဆွဲထားသင့်သည်။
.
''ပရဟိတ''ဟူသည် အများ၏ အကျိုးကို ဆောင်ရွက်တတ်သည့် အရည်အချင်းကို ဆိုလို သည်။ ပရဟိတ
ဆောင်ရွက်ချင်သူများသည် ဘွဲ့ ရမှ၊ ငွေရှိမှ မဟုတ်၊ လူမှုဆက်ဆံရေးကောင်း မည်ဆိုလျှင်
လုပ်အားကိုတော့ ပေးဆပ်ရပေလိမ့် မည်။ ပရဟိတစိတ်ကို အရေးကြုံမှ နှလုံးသွင်း သည်ထက် ရင်ထဲတွင်
အမြဲထာဝရ နှလုံးသွင်း ထားနိုင်မှ မိမိဆောင်ရွက်လိုသော အများအကျိုးကို အောင်မြင်စွာ
ဆောင်ရွက်နိုင်မှာ ဖြစ်သလို လူအ များကိုလည်း အထောက်အကူပြုနိုင်မည် ဖြစ် သည်။
.
ယနေ့ခေတ် လူငယ်များသည် ''ပရဟိတ'' ဆောင်ရွက်သည့်အခါ အတ္တ ဆန်လွန်းနေသည်။
''ပရဟိတ''ဟူသည် စိတ်ဓာတ်၏ ရှေ့တွင် အတ္တ ဆန်သော စိတ်ဓာတ်က ဦးစွာပထမ ဖြစ်ပေါ်ရ မည်ဖြစ်သည်ဟု
ဆိုသော်ငြားလည်း ပရဟိတ စိတ်၏ ရှေ့တွင် ဖြစ်ပေါ်သော ''အတ္တ''သည် မိမိ အရည်အချင်းနှင့်
စာရိတ္တ၊ သတ္တိတို့ကို ဆိုလို သည်။ ပရဟိတစိတ်၏ ရှေ့တွင် ဖြစ်ပေါ်သင့်သည့် အတ္တများမှာ မိမိ၏
အမည်၊ မိမိအဖွဲ့၏ အမည် ကျော်ကြားလိုမှု၊ လူအများအပေါ် အုပ်ချုပ်လိုမှု၊ ခေါင်းဆောင်ဖြစ်လိုမှုများ
မဟုတ်ပေ။ ထိုသို့သော အတ္တသည် မိမိတစ်ဦးတစ်ယောက် အတွက် တစ် ကိုယ်ကောင်းဆန်သည့် ပုဂ္ဂိုလ်ရေးဖြစ်သည်။
ပရ ဟိတ စိတ်ဓာတ်ထက် စောစွာရှိရမည်။ အတ္တဟိ တမှာ ထိုသို့သော အတ္တဟိတ မဟုတ်ပေ။ ပရဟိ တ စိတ်ဓာတ်ထက်
ထိုသို့သော အတ္တများကို ရှေ့ တန်းတင်နေကြ သောကြောင့် ပရဟိတဟူသည် အဓိပ္ပါယ်ကို နားလည်မှု
လွဲနေကြရသည်။
.
ဥပမာအားဖြင့် ဆိုရမည်ဆိုလျှင် ပရဟိတ ဟူသည်ကို ဆောင်ရွက်သည့်အခါ
အမှိုက်ကောက် မည်ဆိုပါစို့။ အမှိုက်ကောက်သည် ဆိုခြင်းမှာ ပရ ဟိတဖြစ်သည့်အတွက် လိုအပ်သော
အရည်အ ချင်းများမှာ အမှိုက်အကြောင်း ကို သေချာသဘော ပေါက် နားလည်ခြင်း၊ အမှိုက်စွန့်ပစ်သည့်
နည်း လမ်းများကို သိရှိထားခြင်း၊ အမှိုက်ကောက် အဖွဲ့ ကို ဖွဲ့သည့်အခါ အမှိုက်ကောက်အဖွဲ့များကို
တစ် ရွာပြီးတစ်ရွာ တိုးပွားလာစေရန် လူမှုဆက်ဆံရေး နှင့် စကားပြောဆိုမှုစွမ်းရည် အသင့်အတင့်
ရှိ ခြင်းစသည့် အချက်များဖြင့် ဆောင်ရွက်နိုင်ပေမည်။ အမှိုက်ကောက်ခြင်း ဟူသည် ပရဟိတအလုပ်အ
တွက် ဘွဲ့ထူးဂုဏ်ထူး မလိုအပ်ဘဲ ဖြစ်နေရမည်။ မိမိအဖွဲ့၊ မိမိ၏ ခေါင်းဆောင်မှုကို အများသိရှိ
ကျော်ကြားလိုမှုဟူသည် အတ္တမရှိစေရ၊ ထို့အပြင် လက်တွေ့မြင်နေရသော ပရဟိတအဖွဲ့များမှာ အ
မည်အမျိုးမျိုးပေးပြီး လိုဂိုမျိုးစုံပြုလုပ်ခြင်းဖြင့် အ များအကျိုးကို ဆောင်ရွက်နေကြသည်။
သို့သော် မတည်မြဲကြပေ။ အယုံအကြည် ကင်းမဲ့နေကြ သည်။ မိမိတစ်ဦးတစ်ယောက်က ခေါင်းဆောင်လို
စိတ်၊ မိမိပြောသမျှကို နာခံစေလိုသည့် စိတ်၊ မိမိ အဖွဲ့အောင်မြင်ချင်လွန်းသော စိတ်များဖြင့်
ဆောင် ရွက်နေကြသောကြောင့် မလိုအပ်သည့် နေရာကို လိုအပ်သည်ထက်ပိုပြီး လိုအပ်နေသည့် နေရာကို
မဖြည့်ဆည်းနိုင်ကြသည့် ပရဟိတ သူရဲကောင်း ဟန်ဆောင်သူများ များပြားလာကြသည်။ ထိုသို့ မဖြစ်စေရ။
.
ပရဟိတအဖွဲ့ဟု ဆိုလိုက်သည်နှင့် (၁)စည်း လုံးညီညွတ်မှု၊ (၂)တစ်ဦးနှင့်တစ်ဦး
စာနာနားလည် မှု၊ (၃) ယုံကြည်မှု၊ (၄) အများသူများအား ဖြစ်စေ လိုမှု၊ (၅)ဆွေးနွေးညှိနှိုင်း
ဆောင်ရွက်မှု၊ (၆) ဆန္ဒ ပြင်းပြပြီး အဖွဲ့အစည်းရေရှည် တည့်တံ့အောင် စီ မံခန့်ခွဲနိုင်မှုနှင့်
(၇) လူမှုပေါင်းသင်းဆက်ဆံရေး ပြေပြစ်မှုတို့နဲ့ ပြည့်စုံရန် လိုအပ်ပေသည်။ ခေတ္တ ခဏမျှဖြင့်
ပြိုကွဲပျောက်ကွယ်သည့် အဖွဲ့အစည်းမျိုး မဖြစ်စေရ။
.
ပရဟိတအဖွဲ့ကို ဖွဲ့စည်းရာတွင်လည်း ရည် ရွယ်ချက်၊ ရည်မှန်းချက်၊
ပန်းတိုင်၊ စည်းမျဉ်းစည်း ကမ်းများ အပြည့်အစုံ ချမှတ်ပြီး အထက်ပါ (၇) ချက်ဖြင့် ပြည့်စုံနိုင်သော
လူငယ်များဖြင့် ဖွဲ့စည်း သင့်သည်။
.
မြို့နယ်တစ်မြို့နယ်တွင် ပရဟိတအဖွဲ့ ဖွဲ့ စည်းရာတွင်လည်း လုပ်ဆောင်ချက်
မတူညီသော အဖွဲ့အစည်းများတစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖွဲ့စည်းမည်ဆိုပါ က ပြောစရာမလိုပေ။ အချို့သော
မြို့နယ်များတွင် လုပ်ဆောင်ချက်တူသည့် ပရဟိတအဖွဲ့များစွာ ဖွဲ့စည်းထားသည်ကို တွေ့မြင်နေရပေသည်။
ထို သို့သော အဖွဲ့အစည်းများကို မြို့နယ်တွင် ပါဝင် သော ရွာတိုင်းတွင် တစ်ရွာစီ ဖွဲ့စည်းထားသင့်
သည်။ မြို့နယ်တွင်လည်း ရွာတစ်ရွာစီမှ အဖွဲ့များ ကို စုပေါင်းပြီး မြို့နယ်အဆင့် တစ်ဖွဲ့ဖွဲ့ပြီး
ပြည် နယ်အဆင့်တွင်လည်း မြို့နယ်အသီးသီးက ဖွဲ့ စည်းထားသော အဖွဲ့တစ်ဖွဲ့စီကို စုပေါင်းကာ
ပြည် နယ်အဆင့် ဖွဲ့အပ်ပေသည်။ ပြည်နယ်နှင့် တိုင်း ဒေသကြီးများက အဖွဲ့တစ်ဖွဲ့စီကို ပေါင်းစည်းပြီး
နိုင်ငံတော်အဆင့်မှာ တစ်ဖွဲ့ဖွဲ့ခြင်းဖြင့် ဆောင်ရွက် ကြမည်ဆိုလျှင် ဘယ်လောက်အထိ ကောင်းမည်
နည်း။ အမှိုက်ကောက်အဖွဲ့ကို ကျေးရွာတိုင်းတွင် ဖွဲ့စည်းပြီး မြို့နယ်လုံးဆိုင်ရာ အမှိုက်ကင်းစင်ရေး
ဆောင်ရွက်ရာတွင် ထိုသို့ ရွာတိုင်းရွာတိုင်းက အ မှိုက်ကောက်အဖွဲ့များကို စုစည်းပြီးမှ
မြို့နယ်အ ဆင့် ဆောင်ရွက်သင့်သည်။ ထိုသို့ တစ်ရွာမှာ တစ်ဖွဲ့၊ တစ်မြို့မှာ တစ်ဖွဲ့၊
တစ်နယ်တစ်ဖွဲ့ ဆောင်ရွက်ပြီး ထိုအဖွဲ့ကို ဝိုင်းပြီးဝန်းရံပေးကြမည် ဆိုလျှင် တို့လူသားများ
ဆောင်ရွက်သော လုပ် ငန်းအဘယ်မှာ မအောင်မြင်တာ ရှိဦးမည်းနည်း။ အခန်းကဏ္ဍတိုင်း၊ လုပ်ဆောင်ချက်တိုင်း၊
အောင် မြင်ခြင်းရလဒ်များဖြင့် တို့ကမ္ဘာမြေ သာယာလှပ လို့နေဦးမှာ အမှန်ဧကန်ပင် ဖြစ်သည်။
.
လက်ရှိတွင် အချို့မြို့နယ်များ၌ တွေ့နေရ သည်မှာ မြို့တစ်မြို့တွင်
လူငယ်များအဖွဲ့ကို လူ ငယ်များ လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်ခြင်း တူပါလျက်နဲ့ လူငယ်များက
ကိုယ်ကိုယ်တိုင် ခေါင်းဆောင်ချင်သော စိတ်များကြောင့်လား မသိ၊ လူငယ်များအဖွဲ့ကို ကိုယ်နီးစပ်ရာ
ကိုယ်ဆွဲခေါ် ပြီး တစ်မြို့တည်းကို သုံးဖွဲ့၊ လေးဖွဲ့ ဖွဲ့ထားသည်ကို တွေ့မြင်ရသည်။ ထိုသို့
မဖြစ်စေရ၊ လုပ်ဆောင် ချက်တွေ၊ လုပ်ငန်းတာဝန်လည်း တူပါလျက် မိ မိမြို့နယ် ဖွံ့ဖြိုးမှု
နောက်ကျရုံသာ အဖတ်တင် သည်။ စုပေါင်းသောအားဖြင့် တက်ညီလက်ညီ ဆောင်ရွက်ပါမှ မိမိတို့
လိုချင်သော ဖွံ့ဖြိုးတိုးတက် မှုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ ထိုသို့ ပြုမူနေကြ
ခြင်းသည် မိမိတို့မြို့နယ်၏ အလှ၊ မိမိတို့
မြို့ နယ်၏ ဂုဏ်များကို ကောက်ရိုးဆုပ်များဖြင့် မီး လောင်ကျွမ်းအောင် လုပ်သလို ဖြစ်နေသည်။
.
အဘယ်ကြောင့်ဆိုသော် တစ်မြို့တည်းက လူငယ်များကို အဖွဲ့ခွဲပြီး အဖွဲ့အမည်ကို
ချစ်တတ် လွန်းသောစိတ် ကြောင့် မိမိအဖွဲ့တစ်ဖွဲ့အောင်မြင် ချင်သောစိတ်ကိုသာ ဦးတည်နေမည်ဖြစ်သည်။
မိမိအဖွဲ့ကို ချစ်လွန်းသော စိတ်ဖြင့် ပရဟိတဟုဆို သော်လည်း အခြားသောလုပ်ဆောင်ချက်တူ
အ ဖွဲ့များနှင့် တွေ့ဆုံကြရသည့်အခါ နိုင်ငံရေးပါတီ များပြိုင်ဆိုင်နေသကဲ့သို့ တွေ့မြင်နိုင်ပြီး
မိမိအဖွဲ့၏ အားနည်းချက်တစ်စုံတစ်ရာ ရှိလာသည့်အခါ တစ် ဖက်အဖွဲ့ကို မနာလိုစိတ်များ၊ မလိုအမုန်းများဘက်
သို့ ရောက်သွားနိုင်ပြီး ဆက်လက်ပြိုင်ဆိုင်မှုများ ကြောင့် ပြိုကွဲယိုင်လဲသွားနိုင်သည်။
.
ထိုသို့ ပြိုကွဲပြီဆိုလျှင် တစ်ဖွဲ့အကြောင်းကို တစ်ဖွဲ့ဆီတွင် ဖောက်သည်ချကာ ပရဟိတစိတ် များ ကင်းမဲ့လာနိုင်သကဲ့သို့
သွေးထိုးမှုများ ဖြစ် ပေါ်လာပြီး မိမိပါတီကို အနိုင်ရရှိရေးအတွက် လုပ် နေသကဲ့သို့သာ အပြိုင်အဆိုင်
လုပ်လာကြမည် ဖြစ်သည်။ ထို့ကြောင့် ကောင်းသည့်ဘက်ကို မ ပြိုင်ဘဲ မကောင်းသည့်ဘက်တွင်
ပြိုင်ဆိုင်ခြင်းကို ဦးတည်သွားနိုင်သကဲ့သို့ တစ်မြို့တည်းသားချင်း ဖြစ်ပါလျက် အဖွဲ့ခွဲပြီး
ပြိုင်ဆိုင်နေခြင်းသည် သ ဘာဝမကျဘဲ မိမိလူမျိုးနှင့် မိမိတို့မြို့နယ်၏ စည်း လုံးညီညွတ်မှု
မရှိဘူးဆိုတာကို ဖော်ညွှန်းနေသည် ကို ညှိနှိုင်းပြီး ပေါင်းစုသောအားဖြင့် စည်းလုံးညီ
ညွတ်သောအဖွဲ့ တစ်ဖွဲ့တည်း တည်ထောင်ကာ ရှေ့ဆက်လျှောက်လှမ်းသင့် ပေသည်။ ထိုမှသာ ကောက်ရိုးဆုပ်များဖြင့်
မိမိတို့မြို့ကို တစ်ဟုန်ထိုး မီးတိုက်သည့် အဖွဲ့များ ကင်းဝေးပြီး ခိုင်မာကျစ် လျစ်သော
အဖွဲ့အစည်းတစ်ခုအနေဖြင့် ထင်းသား ကောင်းသည့် မီးဖို ဖိုထားသကဲ့သို့ မီးအားမပြင်း လွန်း၊
မလျော့လွန်းသော မီးအရှိန်ဖြင့် တစ်မြ တစ်မြ တစ်စတစ်စဖြင့် မှန်ကန်သော လမ်းကြောင်း ပေါ်ကို
ရောက်လာကာ မိမိတို့ ဦးဆောင်သော လူငယ်အဖွဲ့များမှ နောက်တက်လာမည့် လူငယ် ကောင်းများကို
ဆွဲခေါ်ရင်း ကောက်ရိုးမီးဖိုများ ဘ ဝပျောက်ကွယ်သွားနိုင်မည်။
.
လူငယ်များကို ဆွဲခေါ်ရာတွင်လည်း အမှန် တကယ်စိတ်ဝင်စားသည့် လူငယ်ဖြစ်ဖို့
လိုသည်။ အဖွဲ့သူ အဖွဲ့သားများကလည်း ပါဝင်လာသော လူငယ်များကို ရေရှည်ဆက်လက် စိတ်ဝင်စားနေ
နိုင်စေရန် လမ်းညွှန်မှုများ ပြုလုပ်ရပါမည်။ အဖွဲ့ အစည်းတွင် ပါဝင်သူများမှာ လူကြီး၊
လူငယ်၊ ကလေးစသည်ဖြင့် ပါဝင်လာမည်။ အဓိကမှာ စိတ်ဝင်စားနေဖို့က ကလေး၊ စိတ်ဝင်တစားလုပ်
ဆောင်နေဖို့က လူငယ်၊ စိတ်ဝင်စားပြီး လုပ် ဆောင်နေသည်ကို အားပေးစောင့်ကြည့်သူက လူကြီးများ
ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ပရ ဟိတသည် ကလေးများကို ပျိုးထောင်၊ လူ ငယ်အများ လှုပ်ရှား၊
လူကြီးဖြစ်လာသည့်အခါ သင့်အကြောင်းကို သင် သိလာပါလိမ့်မည်ဟု ဆို ချင်ပါသည်။
.
ပရဟိတစိတ်ဓာတ်များဖြင့် ကောက်ရိုးမီးကဲ့ သို့ ခေတ္တခဏမျှ တောက်လောင်သော
မီးမျိုး မ ဟုတ်ဘဲ ထင်းသားကောင်းကောင်းဖြင့် ဖိုထား သော မီးကဲ့သို့ မပိုလွန်း၊ မလိုလွန်းသော
ဆောင် ရွက်ခြင်းများဖြင့် ဆောင်ရွက်မှုနှင့် လုပ်ငန်းတာ ဝန်များ တူညီသောအဖွဲ့များသည်
တစ်ရွာမှာ တစ်ဖွဲ့၊ တစ်မြို့နယ်မှာ တစ်ဖွဲ့၊ တစ်နယ်မှာတစ် ဖွဲ့ နိုင်ငံတော်မှာ အားလုံးပေါင်းစည်းသော
အား ဖြင့် မိမိတို့ပတ်ဝန်းကျင်နှင့် လောကကောင်းကျိုး များကို ဖော်ဆောင်ရင်း အားငယ်သူကို
အားပေး၊ ရှုံးနိမ့်သူကို ကယ်တင်၊ လဲနေသူကို ထူပေးသော ပရဟိတကို ဖော်ဆောင်သည့် စိတ်ဓာတ်ဖြင့်
မြန် မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် ခက်ခဲသော နေရာဒေသမှ ခက်ခဲသော ပြဿနာများကို ဖြေ
ရှင်းနိုင်ကြသည့် ပရဟိတ သူရဲကောင်းများ ပေါ် ပေါက်လာဖို့ ကြိုးစားကြရပါမည်။
.
မိမိတို့ နေထိုင်ကြသည့် ကျေးရွာ၊ မြို့နယ် များသည်လည်း ပရဟိတလူငယ်များ၏
စိတ်ဝမ်း ကွဲခြင်းမျိုးနဲ့ ကင်းဝေးပြီး ပေါင်းစည်းသော အား ဖြင့် မိမိရပ်ရွာ၊ မိမိတို့
မြို့နယ်နှင့် မိမိတို့ဒေသကို ကောက်ရိုးဆုပ်များဖြင့် မီးရှို့သောနယ်မြေ မဖြစ် ပါစေနဲ့၊
လူငယ်များ ပေါင်းစုသောအားဖြင့် ညီ ညာမှုအပြည့် အဝပါဝင်သော အဖွဲ့အစည်းများ ပေါ်ပေါက်ကာ
မိမိအကျိုးနှင့် အများအကျိုးကို ယှဉ်တွဲဆောင်ရွက်နိုင်ပြီး ကောက်ရိုးဆုပ်များဖြင့်
ရှို့သောမီးဖြင့် တူသည့် အတ္တဆန်သော ပရဟိတ ဖြင့် ဖွဲ့စည်းထားသည့် ရပ်ရွာများ၊ မြို့နယ်များမ
ဖြစ်ကြပါစေနဲ့လို့ ဆုတောင်းအပ်ပါသည်။
.
ပရဟိတကို စိတ်ဝင်စားစွာဖြင့် လုပ်ဆောင် နေကြသော အဖွဲ့အစည်းများ၊
ပရဟိတခေါင်း ဆောင်ကောင်းများနှင့် ပရဟိတ လူငယ်များအား လုံးကို လေးစားလျက်။
.
.
.
#KBZTai #Shan