မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့အဝင်/အထွက် ဆိုင်းဘုတ်များအား တိုင်းရင်းသားဘာသာများဖြင့် စိုက် ထူနိုင်ရေး အတွက်
ဆိုင်းဘုတ် အုတ်မြစ်ချပွဲကို စက်တင်ဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
'' ဒီအစိုးရကို ပံ့ပိုးကူညီတဲ့အနေ နဲ့ ဖြည့်စွက်လုပ်ဆောင် ပေးနေတာပါ။
အခုက ရန်ပုံငွေအရ ဆိုင်းဘုတ် ၂ ခု စာပဲ ရှိသေးတယ်။ ပြည်နယ်အစိုးရက သြဂုတ်လ ၃၁ ရက်မှာ
ဆိုင်းဘုတ် အားလုံးကို တရားဝင် ခွင့်ပြုပေးပြီးဖြစ် လို့ ဖြည်းဖြည်းချင်း လုပ်ဆောင်သွားမှာ
ဖြစ်ပါတယ်။'' ဟု ရှမ်းပြည်နယ် ရှေး ဟောင်းအမွေအနှစ်များ ပြန်လည်ဖော် ထုတ်ရေးအသင်း အတွင်းရေးမှူး
ဦး စိုင်းဆမ်တစ်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
ကျိုင်းတုံမြို့မှ တာချီလိတ်မြို့ဘက် သို့ အထွက်နှင့် တောင်ကြီးဘက်အ
ထွက် နေရာများရှိ ယခင်ဆိုင်းဘုတ် များ အနီးတွင် ယခုတိုင်းရင်းသားဘာ သာများဖြင့် စိုက်ထူမည့်
ဆိုင်းဘုတ်အ သစ်များအတွက် ဂုံရှမ်း ဂိုဏ်းချုပ် ဆရာတော် ဦးခေမာစာရ၊ သုဓမ္မ ဂိုဏ်းချုပ်
ဆရာတော် ဦးဝိစာရနှင့် ဒမ္မောဒယ ဆရာတော် အပါအဝင် သံဃာတော် ၁၁ ပါးမှ ရွှေအုတ်၊ ငွေ အုတ်များဖြင့်
အုတ်မြစ်ချပေးခဲ့ခြင်း ဖြစ် ပြီး ယင်းအခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်
ဖိတ် ကြားထားသူများ စုစုပေါင်း ၁၅ဝ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ ဆိုင်းဘုတ်များတွင် တိုင်း ရင်းသားဘာသာများဖြစ်သည့် ဂုံရှမ်း
စာ၊ တိုင်းလုံရှမ်းစာအပြင် မြန်မာစာကို ပါ ထည့်သွင်းရေးထိုးသွားမည် ဖြစ်ပြီး ဆိုင်းဘုတ်တစ်ခုလျင်
ငွေကျပ်သိန်း ၅ဝ မှ သိန်း ၁ဝဝ ခန့်အထိ ကုန်ကျ မည်ဟု ခန့်မှန်းထားကာ တစ်လအ တွင်း အပြီးတည်ဆောက်မည်ဟု
ရည် ရွယ်ထားကြောင်း သိရသည်။
.
ဆိုင်းဘုတ်များ စိုက်ထူရန် ရည် ရွယ်ထားသည့် လမ်းမကြီး ၅ ခုမှာ ကျိုင်းတုံ-တာချီလိတ်လမ်း၊
မိုင်တိုင်အ မှတ် ၅ဝဝ ကီလိုမီတာနေရာ၊ တောင် ကြီး-ကျိုင်းတုံလမ်း၊ မိုင်တိုင်အမှတ် ၆၂၄
ကီလိုမီတာနေရာ၊ ကျိုင်းတုံ-မိုင်း ခတ်လမ်း၊ မိုင်တိုင်အမှတ် ၆ ကီလိုမီ တာနေရာ၊ ကျိုင်းတုံ-မိုင်းလားလမ်း၊
မိုင်တိုင်အမှတ် ၈ ကီလိုမီတာနေရာနှင့် ကျိုင်းတုံ-လွယ်မွေလမ်းနေရာများ ဖြစ်ကြောင်း
သိရသည်။
.
ကျိုင်းတုံမြို့ အခြေစိုက် ရှမ်းပြည် နယ် ရှေးဟောင်းအမွေအနှစ်များ
ပြန် လည်ဖော်ထုတ်ရေး အသင်းအနေဖြင့် ယခင်ဟော်နန်းအား
အစားထိုး ပြန် လည် တည်ဆောက်ကာ ရိုးရာယဉ် ကျေးမှု အဝတ်အစား၊ အသုံးအဆောင် စသည်တို့ကို
ပြတိုက်အဖြစ် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ မြို့ရိုးတံခါးများ ထိန်းသိမ်းစောင့်
ရှောက်ရေး၊ သမိုင်း အမှတ်မှားနေမှုများကို ပြန်လည်ပြင် ဆင်နိုင်ရေး၊ နှစ်သစ်ကူးပွဲများကို
အ စဉ်အလာအတိုင်း ကျင်းပနိုင်ရေး၊ ရှမ်းအမျိုးသားကျောင်းများ
ဖွင့်လှစ် သင်ကြားနိုင်ရေး စသည်တို့ကို လုပ် ဆောင်နေလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan