ဟိုပုံးမြို့နယ်၊ နမ့်ခုတ် အထက ကျောင်းအုပ်ကြီးမှ ကျောင်းပိုင်ပစ္စည်းများကို ရောင်းစားသည်ဟု ဆိုကာ ရပ်မိရပ်ဖများမှ တိုင်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဟိုပုံးမြို့နယ်၊ နမ့်ခုတ် အထက ကျောင်းအုပ်ကြီးမှ ကျောင်းပိုင်ပစ္စည်းများကို ရောင်းစားသည်ဟု ဆိုကာ ရပ်မိရပ်ဖများမှ တိုင်ကြားထား


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ နမ့် ခုတ်ကျေးရွာ၊ အခြေခံပညာ အထက် တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး မှ ကျောင်းပိုင်ပစ္စည်းများကို ရောင်း စားသည်ဟုဆိုကာ ရပ်မိရပ်ဖများမှ တိုင်ကြားထားသဖြင့် စစ်ဆေး မေးမြန်း မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
.
.
''အခုလက်ရှိ ဖြစ်နေတာကတော့ ရပ်မိရပ်ဖတွေက မကျေနပ်လို့ နမ့် ခုတ်ကျောင်းအုပ်ဆရာမကြီးကို တိုင် ထားတယ်။ အချက် ၅ ချက်နဲ့ တိုင် ထားတယ်။ အဲ့ဒါကို ၅ ရက်နေ့က ပြည်နယ်ပညာရေးရုံးက တာဝန်ရှိ သူတွေလာစစ်ဆေးတယ်။လောလော ဆယ်တော့ ကျောင်းအုပ်ဆရာမကြီး ကို စစ်နေတယ်။ နောက်ပြီး ကျောင်း ကော်မတီ နာယကကို စစ်တယ်။ တ ခြားသက်ဆိုင်တဲ့ သက်သေတွေကို လည်း စစ်ဆေးနေတယ်။ ကျောင်းအုပ် ဆရာမကြီးက သူ့ရဲ့လုပ်ပိုင်ခွင့်ကိုကျော် လွန်ပြီးတော့ ကျောင်းပိုင်ပစ္စည်းတွေ ကို မလုပ်စေချင်ဘူး။ ကျောင်းသားတွေ အပေါ်ကို စေတနာထားပြီးတော့ သင် ကြားစေချင်တယ်။ ကျောင်းအကျိုး တော်ဆောင်နဲ့လည်း သင့်သင့်မြတ် မြတ် ဖြစ်စေချင်တယ်။ ဒါကလည်း ကိုယ် ရေးကိုယ်တာနဲ့ တိုင်ကြားတာ မဟုတ် ပါဘူး။ ရပ်မိရပ်ဖတွေကပူးပေါင်းတိုင် ကြားတာ ဖြစ်ပါတယ်''ဟု ကျောင်းအုပ် ဆရာမကြီးအား တိုင်ကြားသူများအ နက်မှ တစ်ဦးဖြစ်သည့် စိုင်းနော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စာသင်ကျောင်းပိုင် မီးစက်အား ရောင်းစားခြင်း၊ ၂ဝ၁၇-၁၈ ပညာသင် နှစ်တွင် ကျောင်းသားများအား ထောက် ပံ့သည့် ထောက်ပံ့ကြေးများထံမှ ကျောင်းသားတစ်ဦးလျှင် ၂ဝဝဝဝ ကျပ် စီဖြတ်ခြင်း၊ ကျောင်းရှိဆရာ၊ ဆရာမ များ၏ ကျန်းမာရေးအား အကြောင်း ပြ၍ ကျောင်းသားများထံမှ ပိုက်ဆံ ကောက်ခြင်း၊ ၂ဝ၁၈-၁၉ ပညာသင်နှစ် တွင် အစိုးရမှ ထောက်ပံ့သော အ သေးစားသုံးငွေများအား သုံးစွဲမှုမှာ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ကျောင်း ပိုင်ဆိုလာနှင့် ဘတ္ထရီကို မည်သူရောင်း စားသည်ကို အဖြေမှန် ဖော်ထုတ်စေ ချင်သည့်အတွက် နမ့်ခုတ်ရွာ ရပ်မိ ရပ်ဖများမှ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.
''နမ့်ခုတ်ရွာက ရပ်မိရပ်ဖတွေက တိုင်ကြားတဲ့အတွက် ပြည်နယ်ပညာ ရေးရုံးက ရှေးဦးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီးတော့ သွားရောက် စစ်ဆေးနေပါတယ်''ဟု ရှမ်းပြည်နယ်ပညာရေးမှူး ဦးဝင်းမောင်က စစ်ဆေးနေမှုနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နမ့်ခုတ် အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ရွှေမှ ကျောင်းပိုင်ပစ္စည်းများကို ရောင်းစားသည်ဟု ဆိုကာ နမ့်ခုတ်ကျေး ရွာရှိ ရပ်မိရပ်ဖများက ရှမ်းပြည်နယ် ပညာရေးရုံးနှင့် သက်ဆိုင်ရာဌာနများ သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ဟိုပုံးမြို့နယ်၊ နမ့်ခုတ် ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း ၈ဝဝ ကျော်ခန့် ရှိပြီး ကျောင်းဆရာ/မ ၃ဝ ဦးကျော်ခန့်ရှိ ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats