စိုင်းရာဇာ၊၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊
ဆဋ္ဌမနေ့ကို တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံတွင် ယနေ့
စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ဆက်လက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
အစည်းအဝေး ဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်
၁၄၃ ဦးရှိသည့်အနက် ၁၁၇ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၂၆ ဦး ရှိပြီး တက်ရောက်သူ ၈၁
ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဆဌမနေ့၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၀ ခုကို မေးမြန်းသွားမည်ဖြစ်ပြီး
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည်ဖြေကြားသွားမည်ဖြစ်ကြောင်း
သိရသည်။
.
အစည်းအဝေးတွင် ရေးရာကော်မတီဝင်များ အစားထိုး/ ပြောင်းလဲ/ ဖြည့်စွက်
တာဝန်ပေးအပ်ခြင်းအား လွှတ်တော်၏ သဘောတူညီချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ပဉ္စမနေ့ကို စက်တင်ဘာလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နှင့် ၂၃
ရက်တို့တွင် ရပ်နားခဲ့ခြင်းဖြစ်ကာ ယနေ့ ၂၄ ရက်၌
ဆက်လက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan