ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုငွေပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုငွေပေးအပ်



ထက်ထက် (ဟိုပုံး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ပွဲကို စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ဟိုပုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
 “ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တွင် ပအိုဝ်းတိုင်းရင်း သားများသာမက အခြားတိုင်းရင်းသားများလည်း ပါရှိပါတယ်။ မိမိတို့ရဲ့စာပေ၊ မိမိတို့ရဲ့ ယဉ်ကျေးမှုတွေကို တတ်အားသရွှေ့ မြင့်တင်ပေးဖို့ တာဝန်ဟာ တိုင်းရင်းသား အားလုံးရဲ့ စာပေနဲ့ယဉ်ကျေးမှု အဖွဲ့တွေမှာ တာဝန်ရှိပါတယ်။ တိုင်းရင်းသားစာပေ တွေကိုလည်း အခြေခံပညာကျောင်း တွေမှာ သင်ကြားပို့ချနိုင်ဖို့လည်း လိုအပ်ပါတယ်။ တိုင်းရင်းသားစာပေတွေကို ကျောင်းသူကျောင်းသား တွေအကြား ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချ နိုင်ရေးအတွက် စည်းရုံးပေးလျက်ရှိပါတယ်။ ဒါ့အပြင် စာပေနဲ့ယဉ်ကျေးမှု အဖွဲ့များအနေနဲ့  လည်း တိုင်းရင်းသားစာပေကို မသင်ကြား နိုင်တဲ့ကျာင်းတွေကို သင်ကြားပို့ချနိုင်ရေးအတွက် တိုက်တွန်းအားပေးကြဖို့ လိုအပ်ပါတယ်"ဟု ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက ပြောသည်။
.
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ  ဂုဏ်ပြုထောက်ပံ့ငွေများကို ဟိုပုံးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူနှင့် ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က ပေးအပ်ရာ (ပအိုဝ်း၊ ရှမ်း၊ လီဆူ) စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများ လက်ခံရယူကြကြောင်းသိရသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့အတွက် ငွေကျပ်(၅)သိန်းစီဂုဏ်ပြုထောက်ပံ့ခဲ့ပြီး၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ်(၃)သိန်း ဂုဏ်ပြုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats