အောင်ပန်းဘူတာတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းဘူတာတွင် ခရီးသည်တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အောင်ပန်းဘူတာရုံတွင် စက်တင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်း က အမှတ်(၁၄၂)အစုန် (ရပ်စောက်-သာစည်)ရထား အောင်ပန်းဘူတာတွင် ဆိုက်ရောက်ရပ်နားစဉ် မီးရထားရဲတပ်ဖွဲ့နှင့် အောင်ပန်းနယ်မြေရဲစခန်းတို့ ပူးပေါင်းကာ ခရီးသည်များအား ရှာဖွေစစ်ဆေးရာမှ မသင်္ကာသူ ခရီးသွားအမျိုးသား ၁ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရထားရဲတပ်ခွဲ (၇) အောင်ပန်းမှ သိရှိရသည်။
.
.
“ဆေးပြား ၈၉၃ ပြားကို သူလွယ်ထားတဲ့ဘေးလွယ်အိတ်ထဲက ရှာဖွေတွေ့ရှိတာပါ။ ဖမ်းဆီးရမိသူကို အောင်ပန်းရထားရဲ ကပဲ အမှုဖွင့်ဆောင်ရွက်နေပါတယ်”ဟု ရထားရဲတပ်ခွဲ(၇)၏ တပ်ခွဲမှူး ဒုရဲမှူး ဇော်မိုးအောင်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
အမှတ် (၁၄၂) အစုန် (ရပ်စောက်-သာစည်)ရထားသည် စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၁၅ မိနစ်အချိန်ထိ အောင်ပန်းဘူတာတွင် ရပ်နားစဉ် ရထားရဲတပ်ခွဲ(၇)နှင့် အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရထားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မြန်မာ့မီးရထားမှ ၀န်ထမ်းသက်သေများနှင့်အတူ ရထားတွဲများတွင် ပိတ်ဆို့ရှာဖွေစဉ် ရိုးရိုးတန်းတွဲ (၁)၌ အောင်ပန်းဘူတာမှ ရန်ကုန်ဘူတာသို့ ခရီးသွားလက်မှတ်မဲ့ဖြင့် လိုက်ပါစီးနင်းမည့် အမှတ် (၁၂)ရပ်ကွက်၊ သလ္လာဝတီ(၄)လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့နေသူ နိုင်ဝင်းဆွေ(၂၆)နှစ်အားမသင်္ကာ၍ ရှာဖွေရာ ၄င်းလွယ်ထားသည့် ခရီးဆောင် ဘေးလွယ်အိတ်ထဲမှ WY စာတမ်းပါ စိတ်ကြွဆေးပြား ၈၉၃ ပြားကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ နိုင်ဝင်းဆွေအား အောင်ပန်းရထားရဲစခန်းမှ မယ(ပ)၂/၂၀၁၈၊ မူး/စိတ်ပုဒ် မ ၁၉(က)ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats