တိုက်မောင်း
.
ဝန်ထမ်းတစ်ဦး ဖြစ်တာမို့ အစည်းအဝေးမျာ စွာ တက်ခဲ့ဖူးသည်။ အခမ်းအနားများစွာကိုလည်း
သွားရောက်ခဲ့ဖူးပါသည်။ အစည်းအဝေး ကျင်းပနေစဉ်အတွင်း အခမ်းအနားမပြီးဆုံးခင် အထိ ဖုန်း
မြည်သံ မကြားလိုက်ရဘဲ ပြီးဆုံးသွားသည့် ပွဲဟူ ၍ များများစားစား မတွေ့မိတာမို့ မှတ်မှတ်ရရ
ရှိ တာနဲ့ ဒီဆောင်းပါးကို ရေးဖြစ်သွားရခြင်းပါ။
.
.
လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကဆိုရင် ဖုန်းဆိုသည်မှာ ချမ်းသာသူတို့ရဲ့
အဆောင်အယောင် ပစ္စည်းတစ်ခု သဖွယ်ဖြစ်ခဲ့ပြီး သာမန်လူတို့ ကိုင်နိုင် ဖို့ဝေးစွ အနားတောင်
မသီနိုင်ခဲ့ပါဘူး။ ဖုန်းတစ်လုံးရဲ့ တန်ဖိုးကလည်း အပြင်ပေါက်ဈေး ကျပ် သိန်း ၃ဝ နဲ့
၎ဝ ကြားလောက်မှာ ရှိနေခဲ့တာကိုး။ အဲဒီတုန်းက အရာရှိငယ်တစ်ဦးရဲ့ လစာဟာ တစ်သိန်းအောက်မှာပဲ
ရှိပါသေးတယ်။ ဖုန်းဆိုတာ အခြေခံ လူတန်းစားနဲ့ ဘာမှ မသက်ဆိုင်သလို နေခဲ့ရတဲ့ကာလတွေပေါ့။
အခုတော့ နိုင်ငံရေး၊ စီးပွားရေးပေါ်လစီများ ပြုပြင်ပြောင်းလဲလာသည်နှင့်အမျှ
ဆက်သွယ်ရေး ကဏ္ဍသည်လည်း ကျွဲကူးရေပါဆိုသလို လိုက်ပါခဲ့ ၍ ပြည်သူတို့၏ ဘဝများသာယာလှပခဲ့ကြပါပြီ။
မြန်မာ့ဆက်သွယ်ရေး (MPT)အပြင် ပြည်ပမှ ဆက်သွယ်ရေး ကုမ္ပဏီများ (တယ်လီနော၊ အော်ရီဒူး၊
မိုင်တယ်လ်)လာရောက် ရင်းနှီးမြှုပ်နှံကြလို့ ဆင်းကတ်ဈေးနှုန်းများလည်း နောက်ဆုံးတော့
၁၅ဝဝ ကျပ်တည်းနဲ့ ဝယ်ယူနိုင်ကြပြီမို့ တာဝန်ရှိ သူများကို အထူးကျေးဇူးတင်မိပါတယ်။ တောရော
မြို့ပါ တောင်ပေါ်နယ်စပ်မကျန် ဆက်သွယ်ရေး ကွန်ရက်များ ဖြန့်ကြက်နိုင်ကြပြီဖြစ်လို့ လူနေမှုအ
ဆင့်အတန်းများလည်း မြင့်မားလာပြီ ဖြစ်ပါတယ်။
.
နည်းပညာများဟာ မနေ့ကနဲ့ ဒီနေ့မတူသလို ဘဲ ဒီနေ့နဲ့ မနက်ဖြန် ကြားမှာလည်း
လျင်မြန်စွာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေပါတယ်။ Keypad လို့ မြန်မာတွေ အလွယ်ခေါ်တဲ့
ဟန်း ဆက်တွေနဲ့ ဖုန်းပြောမယ်။ မက်ဆေ့ခ်ျပို့မယ်။ အဲ ဒီတုန်းက ဖုန်းနဲ့ ဓာတ်ပုံရိုက်တာတောင်
ဒီလောက် မတွင်ကျယ်သေးပါဘူး။ ဒီနေ့ခေတ်မှာတော့ Touch Screen ဖုန်းတွေ တံဆိပ် များစွာပေါ်လာ
ပြီမို့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလို ဝယ်ယူ အသုံးပြုနိုင်နေပါပြီ။ အသုံးပြုသူရဲ့
ကျွမ်းကျင်မှု၊ သုံးစွဲမှုအပေါ် မူတည်ပြီး ဖုန်းတစ်လုံးရဲ့ အသုံးဝင် မှုဟာ စကားပြောရုံ၊
မက်ဆေ့ခ်ျပို့ရုံတင်မကတော့ ဘက်စုံအသုံးပြုလာနိုင်တာကို တွေ့မြင်နေရပါ တယ်။ ဖုန်းနဲ့
ပတ်သက်တဲ့ ပညာရှင် မဟုတ်သလို ဒီအကြောင်းကို အဓိကဆွေးနွေးလိုတာ မ ဟုတ်တာကြောင့် လိုရင်းကိုပဲ
ပြောကြရအောင်ပါ။
.
လူတိုင်းနီးပါးလောက် ဖုန်းများကိုင်တွယ်အ သုံးပြုလာနိုင်တဲ့ကာလကို
ရောက်လာလို့ ဝမ်းသာ မိတာ အမှန်ပါပဲ။ ဒါပေမဲ့ ဖုန်းအသုံးပြုမှုနဲ့ ပတ် သက်လို့ အမြင်မတော်တာလေးတွေ
ပတ်ဝန်း ကျင်မှာ မြင်တွေ့ရတာ များပါလာတယ်။ နိုင်ငံ့ဝန် ထမ်းပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းပဲ
ဖြစ်ဖြစ် မိမိတို့ ဌာနအလိုက် ပုံမှန်အစည်းအဝေးတို့၊ အခမ်းအနား တို့ကို မကြာမကြာ တက်ရောက်ကြရပါတယ်။
အ ချို့အစည်းအဝေးတွေမှာ အခမ်းအနားမှူးလုပ်တဲ့ လူက ဖုန်းများကို ကြိုတင် silent လုပ်ထားကြ
ဖို့ ကြေညာတဲ့အသံကို တစ်ခါတစ်ရံ ကြားခဲ့ရဖူးပါ တယ်။ အခမ်းအနား အတော်များများကတော့ ကြိုတင်
သတိပေးတာမျိုး နည်းပါတယ်။ မည်သို့ ပင်ဆိုစေ အစည်းအဝေး တက်ရောက်ဖို့လာရောက် တဲ့အခါ သတ်မှတ်ထားတဲ့နေရာကို
မရောက်ခင် မိမိရဲ့ ဖုန်းများကို လုံးဝအသံမထွက်အောင် Silent လုပ်ထားကြရန် လိုအပ်မှာ
ဖြစ်ပါတယ်။ မမေ့ကြ ဖို့ အထူးသတိပေးပါရစေ။ အချို့က ဖုန်းနဲ့ မှတ် တမ်း ဓာတ်ပုံရိုက်တယ်။
အချို့က ဟောပြောဆွေး နွေးချက်တွေကို ဖုန်းနဲ့ အသံဖမ်းကြတယ်။ လူ တိုင်းမှာ ကိုယ်စီကိုယ်စီ
အလုပ်ကိစ္စ၊ ကိုယ်ရေး ကိုယ်တာတွေ ရှိနေတတ်ကြတာမို့ ဖုန်းကို ပိတ် ထားကြဖို့ အဆင်မပြေပါဘူး။
ဒါကိုနားလည်ပေးလို့ ရပါတယ်။
.
ရပ်ကွက်ထဲက ဘုန်းကြီးတရားပွဲမှာဖြစ်စေ၊ နိုင်ငံခြားသားများနဲ့ တွေ့ဆုံပွဲမှာဖြစ်စေ၊
လုပ်ငန်း ကိစ္စ ပုံမှန်အစည်းအဝေးတွေမှာ ဖြစ်စေ၊ ဖိတ်ကြားလို့ တက်ရောက်ချိန်မှာ မိမိရဲ့
ဖုန်းက ရုတ်တရက် မြည်သံဟာ အခမ်းအနားကြီး တစ်ခုလုံးကို စိတ်ကသိကအောက် ဖြစ်စေပြီး၊ ပြောနေသူ၊
ဟော နေသူရဲ့ အာရုံကို အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ အမှတ်တမဲ့နဲ့
ဖုန်းကို silent မလုပ်ခဲ့မိတဲ့ အပြုအမူလေးဟာ သာမန်တွေးကြည့်ရင် အရေးမကြီးဘူးလို့ ထင်ရ
ပေမယ့် လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်လူနေဘဝမှာ အချို့ကိစ္စတွေဟာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း
တွေ တရားဝင် ထုတ်ပြန်ဖို့ မလိုဘဲ လူတစ်ဦးချင်း စီရဲ့ ပင်ကိုအသိစိတ်ဓာတ်နဲ့ စောင့်ထိန်းလိုက်နာ
သွားကြရမှာပဲ ဖြစ်ပါတယ်။
.
ဒီလို အသေးအဖွဲ့ကိစ္စလေးတွေကစပြီး လူ တိုင်းလူတိုင်းက အလေးအနက်ထား
ဆောင်ရွက် ကြမယ်ဆိုရင် ဒီမိုကရေစီ ရထားကြီးပေါ်မှာ ပြောင်းလဲလိုကြတဲ့ ရထားစက်ခေါင်းမောင်းများနဲ့
အတူ လိုက်ပါကြမယ့် နိုင်ငံသား များဟာ ရင့်ကျက် တဲ့ ဒီမိုကရေစီ စိတ်ဓာတ်များ ကိန်းဝပ်ရှင်သန်နေ
အောင် အခုကတည်းက ပြုစုပျိုးထောင်ကြဖို့ လို အပ်ပါတယ်။
.
အချို့အစည်းအဝေးတွေမှာ ဖုန်းမြည်သံကို မပိတ်တဲ့အပြင် တိုးတိုး၊
တိုးတိုးနဲ့ စကားပင်ဆက် ပြောနေသူ များကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ဒါဟာ ယဉ်ကျေးတဲ့ ဒီမိုကရေစီ
ပီသတဲ့ နိုင်ငံသားတစ် ယောက်ရဲ့ အပြုအမူလို့ မဆိုနိုင်ပါဘူး။ ပြောင်းလဲ လာတဲ့ နိုင်ငံရေးစနစ်နဲ့အတူ
မိမိတို့နိုင်ငံအတွင်းကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင် များ၊ သံတမန်အဖွဲ့များ၊
စီးပွားရေးလုပ်ငန်းရှင်များ၊ ခရီးသွား ဧည့်သည်များ တစ်ဖွဲဖွဲ လာရောက်နေကြပါပြီ။ သာမန်မိတ်ဆုံစားပွဲများကအစ
နိုင်ငံတော် အဆင့် အခမ်းအနားများအထိ နိုင်ငံခြားသားများနဲ့ ဆက် သွယ်ပြောဆိုမှုများဟာ
ယခင်ကထက် အကြိမ်ရေ ပိုများလာတော့မှာ ဖြစ်ပါတယ်။ အဲဒီလိုနေရာမှာ မိမိတို့ နိုင်ငံသားများရဲ့
အပြုအမူ၊ အပြောအဆို၊ အနေအထိုင် စားသောက်ပုံကအစ အထင်သေး အမြင်သေး ဖြစ်စေမယ့် လုပ်ရပ်မျိုးကို
ရှောင်ကြဉ် ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ယဉ်ကျေးပြေပြစ်မှု ရှိပါတယ်ဆိုတဲ့ မြန်မာတို့ရဲ့
ကောင်းမြတ်တဲ့ ထုံး တမ်းစဉ်လာကို ''ဖုန်းမြည်သံလေး'' တစ်ခုကြောင့် တော့ အရုပ်ဆိုး အကျည်းတန်
မဖြစ်ကြစေဖို့ သတိပေး တိုက်တွန်းလိုက်ရကြောင်းပါ။
.
.
.
#KBZTai #Shan