စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် တောင်ကြီးမြို့တော်တန်ဆောင်တိုင်ပွဲတော်
ရိုးရာမီးပုံးပျံပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မီးပုံးပျံ အရေအတွက် ယခင်နှစ်ထက်
ပိုမို များပြားနိုင်ကြောင်း ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်းမှ သိရသည်။
.
.
ထိုကဲ့သို့ တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် မီးပုံးပျံအရေအတွက်
တိုးလာနိုင်ခြင်းမှာ တောင်ကြီးမြို့နှင့် အနီး တစ်ဝိုက်ရှိ မြို့များမှ မီးပုံးပျံပညာရှင်၊
ဝါ သနာရှင် ပြိုင်ပွဲဝင်အဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင် ကမ်းလှမ်းလာခြင်းကြောင့် ဖြစ်သည်ဟု
သိရသည်။
''ဒီနှစ် ကမ္ဘောဇဘဏ်က ၂ လုံး တိုးလာတယ်။ လွိုင်ကော်က ၂ လုံး တိုး
လာတယ်။ ဟိုပုံးက ၂ လုံးတိုးတယ်။ ညောင်ရွှေမြို့နယ်ထဲကလည်း ၁ လုံး တိုးတယ်။ နောက် တောင်ကြီးမြို့ပေါ်
က အသစ်ဝင်လာတဲ့ အဖွဲ့တွေရှိတယ်။ လျော့တာတွေလည်း ရှိတယ်။ မနှစ် ကထက်တော့ မလျော့ဘူး''ဟု
ရှမ်း ပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအ သင်း ဥက္ကဌ ဒေါက်တာသန်းဝင်းက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်
အတွက် ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့များမှ ကြိုတင်ပြင်ဆင်လျက်ရှိပြီး ပြိုင်ပွဲဝင်
အဖွဲ့များ လိုက်နာရမည့် စည်းကမ်း ချက်များကိုလည်း ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်များအသင်းက
ထုတ် ပြန်ပေးထားကြောင်း သိရသည်။
.
၁၃၈ဝ ခုနှစ်၊(၂ဝ၁၈ ခု) တောင် ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်
ကို တောင်ကြီးမြို့၊ အဝေရာမီးပုံပျံ ကွင်းတွင် နိုဝင်ဘာလ ၁၅ ရက်မှ ၂၃ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်း
ပသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြိုင်ပွဲဝင်မည့် မီးပုံးပျံ ကိုယ်ထည် များတွင် ဘာသာရေး၊ ယဉ်ကျေးမှုများ
နှင့် မသက်ဆိုင်သော တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင် သည့် ပန်းချီ၊
ဒီဇိုင်း၊ စာတန်းသရုပ် ဖော်ပုံများ၊ အောက်ဆွဲပုံဖော်မှု များ၊ အရက်/ဆေးလိပ်/ဘီယာ ကြော်ငြာ
များကို ထည့်သွင်းခွင့်မပြုကြောင်း အပါ အဝင် စည်းကမ်းချက်များကိုထုတ်ပြန် ထားကြောင်း
သိရသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊တောင်ကြီး မြို့တော် တန်ဆောင်တိုင်ရိုးရာ
မီးပုံး ပျံပြိုင်ပွဲကို အောက်တိုလာလ ၂၆ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး
ပြိုင်ပွဲတွင် နေ့လွှတ်၊ ည လွှတ် မီးပုံးပျံ စုစုပေါင်း ၃၉၃ လုံး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan