မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက် (၈)၊ ခိုလုံကျေးရွာ၊ ကောင်းခါးလမ်းခွဲတွင် ဖွင့်လှစ်ထားသည့်
ငါးမန်းဂိမ်းလောင်းကစားရုံအား ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ စက်တင်ဘာလ ၁၆ ရက် ညနေ ၎
နာရီခွဲခန့်တွင် ၀ိုင်းဝန်း ဖျက်ဆီးခဲ့ကြကြောင်း ကွတ်ခိုင်မြို့နေ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းထွန်းလင်း ထံမှ သိရသည်။
.
.
"မနေ့ညနေက
ဖြစ်သွားတာပါ၊ ဘယ်သူပိုင်တယ်တော့ သေချာမသိပါဘူး၊ ကျနော်က ရပ်ကွက် (၅) မှာနေတာဆိုတော့
ပိုင်ရှင်ကတော့ တရုတ်လူမျိုးလို့ ပြောကြတယ်။ အရင်ကပိတ်သိမ်းဖို့ ဝိုင်းဝန်းသတိပေးထားပြီး
ခံဝန်ထိုးတာ မပိတ်သိမ်းလို့ ရပ်ကွက်က ဖျက်သိမ်းလိုက်တာလို့ သိရပါတယ်"ဟု ဦးစိုင်းထွန်းလင်းက
ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍
ကွတ်ခိုင်မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ အရခဲ့ချေ။
.
ကွတ်ခိုင်မြို့
နေသူတစ်ဦးက "အဲဒီလောင်းကစား ဂိမ်းဆိုင်ကြောင့် ပတ်ဝန်းကျင် ကလူငယ်တွေ၊ အိမ်ထောင်သည်တွေ
အကျင့်စာရိတ္တပျက်ပြားပြီး ဆိုင်ကယ်၊ဖုန်း၊ အိမ်တွင်းပစ္စည်းတွေ မကြာခဏ ပျောက် ဆုံးနေကြတာကို
အမြန်ပိတ်သိမ်းဖို့ ရပ်ကွက်ကသတိပေးထားခဲ့ပြီး ၀န်ခံကတိထိုးခိုင်းတားထာပါ။ ဒါကို အမြန်ဆုံးမပိတ်
သိမ်းတဲ့အတွက် ရပ်ကွက်က လူစုပြီး ဖျက်ဆီးပေးလိုက်တယ်လို့သိရပါတယ်၊ ကွတ်ခိုင်ကနေ ကောင်းခါး
ကအပြန် လူတွေ ဆူညံနေလို့ ကိုယ်တိုင်ဝင်ကြည့် ခဲ့တာပါ။ ခုလို စည်းလုံးကြတဲ့ရပ်ကွက်သူရပ်ကွက်သား
တွေကို အတုလည်း ယူသင့်ပါတယ်။ အနာဂတ်မျိုးဆက်သစ် လူငယ်တွေကြီးမားတဲ့အန္တရာယ်ကိုရဲရဲဝံ့ဝံ့ဆန့်ကျင်သင့်ပါတယ်။
ဒီလောင်းကစား ဂိမ်းကြောင့် လူငယ်တွေ ပျက်စီးတာ တော်တော်များနေပါပြီ၊ ခုတော့မိဘတွေကိုယ်၌က
သည်းမခံနိုင်တော့လို့ ထလုပ်ကြတာပါ"ဟု ဆိုသည်။
.
အဆိုပါ ငါးမန်းဂိမ်းဆိုင်မှာ
ကွတ်ခိုင်ကျေးရွာ၊ ရပ်ကွက်(၈)၊ ခိုလုံကျေးရွာအ၀င်လမ်း၊ ကောင်းခါးလမ်းခွဲအကျော် တွင်
ဖွင့်ထားခြင်းဖြစ်ပြီး ဖျက်ဆီးခံရသည်ငါးမန်းခုံကြီးများမှာ ၅ ခု ရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan