ချစ်လှ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်တွင်
စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက အထောက်အထား တစ်စုံတစ်ရာ မပါရှိသော ဘင်္ဂါလီလူမျိုး ၆
ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ခံ အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူး
ဦးအောင်ခိုင်၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွဋ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ
ဒုရဲမှူးအောင်မြင့်သူ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက
ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေး ဆောင်ရွက်နေစဉ် လားရှိုးမြို့ဘက်မှ သိန္နီဘက်သို့
ယာဉ်မောင်း ဦးဟန်ညွန့် မောင်းနှင်လာသောToyota Wish အဖြူရောင် (လိုင်စင်စိစစ်ဆဲ)ယာဉ်အား
ရပ်တန့်စစ်ဆေးရာ လက်မှတ်အထောက် အထားမပါရှိဘဲ လာရောက်သည့် ဘင်္ဂါလီလူမျိုး ၆ ဦး အား ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
၎င်းဘင်္ဂလီလူမျိုး ၆ ဦးအား ရန်ကုန်မြို့နေ ရဲသီဟမောင် (ခ) အိအိုက်စ်
ဆိုသူမှ ရန်ကုန်မြို့မှဆင့် မူဆယ်မြို့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး လားရှိုးမှ မူဆယ်သို့
ထွက်ခွာလာစဉ် သိန္နီရေပူ စစ်ဆေးရေးစခန်း အရောက်၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသူများမှာ လှရွှေ(၂၃)နှစ်(ဘ)ဦးရော်ရှီတာမှောက်၊ ဘင်္ဂလီ/အစ္စလာမ်၊
သက်ကယ်ပြင်ကျေးရွာ၊ စစ်တွေမြို့၊ ဟာဆောင်း(၁၉)နှစ် (ဘ) ဦးမာဆောင်၊ ဘင်္ဂလီ/အစ္စလာမ်၊ မောင်တင်းညှာကျေးရွာ၊
စစ်တွေမြို့၊ အစ္စမိုင်(ခ) ဇော်ဝင်းနိုင်(၂၀)နှစ် (ဘ) ဦးနိုရူန်၊ ဘင်္ဂလီ/အစ္စလာမ်၊မောင်တင်းညှာကျေးရွာ၊
စစ်တွေမြို့၊ ဆာဒူဟာဆောင်(၁၉)နှစ် (ဘ) ဦးဆာရက်ဟူဆောင်း၊ ဘင်္ဂလီ/အစ္စလာမ်၊ နာပွန်းရှည်ကျေးရွာ၊
စစ်တွေမြို့၊ မာမွတ်ချာကယ်(၁၉)နှစ် (ဘ)ဦးနော်ရူဆလမ်၊ ဘင်္ဂလီ/အစ္စလာမ်၊ဒေါ်အာမွန်ကျေးရွာ၊
သဲချောင်းကျေးရွာအုပ်စု၊ စစ်တွေမြို့၊ ဆော်လိမ်(၁၉)နှစ် (ဘ)ဦးအဘူဆီးဒီး၊ ဘင်္ဂလီ/အစ္စလာမ်၊သဲချောင်းရွာကယ်ဆယ်ရေးစခန်း၊
နယ်မြေ(၄)၊ သဲချောင်းကျေးရွာအုပ်စု၊ စစ်တွေမြို့နေသူတို့ဖြစ်ပြီး ၎င်းတို့ ၆ ဦးအား ရွှေလီမြို့တွင်
အလုပ် လုပ်ကိုင်ရန်အတွက် ပို့ဆောင်ခ တစ်ဦးလျှင် ငွေကျပ် ၂၉ သိန်း ပေးကာ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
၁၉၅၁ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေ၂၉(၁)အား
ဖောက်ဖျက်ကျူးလွန်သူ လှရွှေပါ ဘင်္ဂလီ(၆)ဦးတို့အား ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း
နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ၆(၂)အရလည်ကောင်း၊ အခကြေးငွေယူ၍ပို့ဆောင်ပေးသူ
ရဲသီဟမောင်နှင့် လားရှိုးမှမူဆယ်သို့ပို့ဆောင်ပေးသူယာဉ်မောင်း ဦးစိုင်းဟန်ညွှန့်တို့အား
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၁၁၄အရလည်းကောင်း သိန္နီမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိ
ကြောင်း သတင်းရရှိသည်။
.
.
.
#KBZTai #Shan