စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့ကို ယနေ့ စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်တွင်
စတင်ကျင်းပလျက်ရှိရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၁
ခုနှင့် အဆို ၁ ခုအား မေးမြန်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
ထို့အတူ သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါ်နန်းခင်ထားရီမှ
" ရှမ်းပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများ ပပျောက်ရေးနှင့် တင်းကြပ်တားဆီးပိတ်ပင် အရေးယူပေးနိုင်ပါရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့
တိုက်တွန်းကြောင်း" အဆိုကို လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
တတိယနေ့သို့ တက်ရောက်ခွင့် ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက်
အစည်းအဝေးကို ၁၁၈ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၂၅ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့်
၈၂ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
.
အစည်းအဝေး ဒုတိယနေ့က တင်သွင်းခဲ့သော " ရှမ်းပြည်နယ်အတွင်းရှိ
နေထိုင်သူ ဒေသခံ တိုင်းရင်းသားများ မှတ်ပုံတင် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မရှိသေးသူများအား စီမံချက်ဖြင့်
လုပ်ဆောင်ပေးနိုင်ရန် ရှမ်းပြည်နယ်အစိုးရအား
တိုက်တွန်းကြောင်း " အဆိုကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
.
#KBZTai #Shan