အောင်ဆန်းဝင်း
.
အလယ်တန်းကျောင်းသားဘဝက စာစီစာကုံးပြိုင်ပွဲတစ်ခု ဝင်ပြိုင်တယ်။
ကျောင်းတွင်းကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲပါ။ ပြိုင်ပွဲတစ်ခု ဝင်ပြိုင်တယ်ဆို တာထက် အတွေ့အကြုံသစ်
တစ်ခုဖြစ်လို့ ဝင်ရေးတယ် ပြောရင်ပိုမှန်လိမ့်မယ် ထင်ပါတယ်။ အလယ်တန်းကျောင်းဆိုတော့
အထက်တန်းအဆင့် ကိုးတန်း၊ ဆယ်တန်းတွေ မပါဘူး။ လေးတန်းက နေ ရှစ်တန်းအထိ စာစီစာကုံး ရေးတာစိတ်ဝင်စား
တဲ့ ဘယ်ကျောင်းသား၊ ကျောင်းသူမဆို ဝင်ပြိုင် လို့ရပါတယ်။ ပြိုင်ပွဲစာ ရေးရမယ့်ခေါင်းစဉ်တွေကို
ကျောင်းအုပ်ဆရာကြီးက သတ်မှတ်ပေးပါတယ်။ ကျောင်းနေဖက် သူငယ်ချင်းများ၊ ကျောင်းဖွင့်ချိန်
မြင်ကွင်း၊ ပညာရွှေအိုးလူမခိုး ဝါလကင်းလွတ် သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်၊ လသာသော
ညတစ်ည၊ လွတ်လပ်ရေးနေ့ တို့မမေ့၊ အစ ရှိတဲ့ အလယ်တန်းအဆင့် ကိုက်ညီမယ့် ခေါင်းစဉ် တွေနဲ့
ရေးသားယှဉ်ပြိုင်စေပါတယ်။
.
.
စုစုပေါင်း ကျောင်းသားကျောင်းသူ သုံးဆယ် လောက် စာစီစာကုံးပြိုင်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင် ကြပါတယ်။ အခန်း စောင့် ဆရာ၊ ဆရာမတွေ သတ်မှတ်ပေးတဲ့ နေရာမှာ ထိုင်၊
စိတ်ကြိုက်ခေါင်း စဉ် ရွေးပြီး တကယ်တမ်း ရေးမယ် လုပ်တော့ ဒုက္ခ နဲ့ လှလှစတွေ့တာပါပဲ။
ကျောင်းကသင်ပေးတဲ့ သင်ခန်းစာက လွဲလို့ ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးလေ့ ရေးထ လုံးဝမရှိတဲ့အတွက်
ရွေးချယ်ထားတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်ကဘယ်လို စရေး ရမှန်း မသိတော့ ပါဘူး။ စိတ်ကူးထဲဖော်လို့ရတဲ့
အကြောင်း အရာကို ဗလာစာရွက်ထဲ ချရေးတယ်။ရေးထားတဲ့ စာတစ်ကြောင်းကို အစအဆုံး ပြန် ဖတ်။
ဘယ်လိုဖတ်ဖတ် ရှေ့နဲ့နောက်အမြီး အ မှောက်က မတည့်။ အဆင်ပြေ သလို နောက်တစ် ကြောင်း ဆက်ရေး၊
စာကြောင်းရေ ဆယ်ကြောင်း မပြည့်ခင် ဇာတ်သိမ်းသွားပါလေရော။ ကိုယ်ပိုင် ဦးနှောက်နဲ့ စာပုဒ်ဖြစ်အောင်
ရေးရတဲ့ အခက်အခဲကို ပထမဆုံး ကြုံလိုက်ရတယ်။
ပြိုင်ပွဲ သတ်မှတ်ချိန် ပြည့်တာနဲ့ ကိုယ်စီရေး ထားတဲ့ စာရွက်တွေကို
အခန်းစောင့်ဆရာ၊ ဆရာ မဆီအပ်၊ စာသင်ခန်းပေါက်ဝ ရောက်တာနဲ့ တိုက် ပွဲဝင် ကျောင်းသား၊
ကျောင်းသူအချင်းချင်း သူ့ လက်ရာ ကိုယ့်လက်ရာ ဇယားချကြတယ်။ ထွက် လာတဲ့ရလဒ် အဖြေက သူလိုကိုယ်လို
အားလုံး ထူးမခြားနားတွေ ချည်းပါ။ စာစီစာကုံး အဆင့်အ တန်းနဲ့ ကိုက်ညီတဲ့ စာတစ်ပုဒ်ဖြစ်အောင်
ရေးနိုင် တဲ့ ကျောင်းသားတစ်ယောက်မှ မပါကြဘူး။ အ ကုန်လုံး ကပေါက်တိကပေါက်ချာ စာရွက်ထဲ
စာ ပါတယ်ဆိုရုံ အဆင့်လောက်သာ ရေးနိုင်ကြပါ တယ်။ ကိုယ့်ကျောင်းမှာ လုပ်တဲ့ ပြိုင်ပွဲဖြစ်လို့
အားငယ်စိတ်တော့ မဖြစ်ခဲ့ပါဘူး။ တစ်ကြိမ်အဆင် မပြေရင် နောက်တစ်ကြိမ် ဘယ်လိုကြိုးစား
ရမလဲ ဆိုတဲ့ အတွေးတော့ ခေါင်းထဲရောက်လာပါတယ်။ ကျောင်းအုပ်ကြီးက ရိုးရှင်းတဲ့ အားပေးစကားတစ်
ခွန်း ပြောပါတယ်။ စာများများဖတ်ပါတဲ့။
.
အဲဒီနောက်ပိုင်း အကြောင်းမသင့်လို့ စာစီ စာကုံး ပြိုင်ပွဲတွေ ဝင်ပြိုင်ခြင်း
မရှိပေမယ့် ကျောင်းစာကြည့်တိုက်၊ ရပ်ကွက်စာကြည့်တိုက်မှာ စာ ဖတ်တဲ့ အလေ့အထ တစ်ခုရလာခဲ့ပါတယ်။
ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း အဟောင်းအသစ် အလွတ်မပေးတော့ဘူး။
လူမှန်းမသိတတ်စ အ ရွယ်ရောက်တော့ စာအုပ်အငှားဆိုင်က စိတ်ကြိုက် ငှားဖတ်တယ်။ အထက်တန်းကျောင်းသား
ဘဝ ကတော့ တွေ့ကရာ အစုံဖတ်တဲ့အချိန်လို့ ပြောရ မှာပေါ့။ အချစ်ဝတ္ထု၊ သိုင်းဝတ္ထု၊ လင်္ကာဒီပချစ်သူ၊
သဘာဝပတ်ဝန်းကျင်အကြောင်း နိုင်ငံတော်လုပ် ကြံမှု မှတ်တမ်းကမ္ဘာ့သမိုင်း မှတ်တိုင်များအစရှိတဲ့
စာအစုံဖတ်ပါတယ်။ အလယ်တန်း ကျောင်းသား ဘဝက စာစီစာကုံး တစ်ပုဒ်ဖြစ်မြောက်အောင် မ ရေးတတ်ခဲ့ပေမယ့်
ဆယ်တန်းစာမေးပွဲ မြန်မာစာ ဖြေတဲ့နေ့က ၂၈ မျက်နှာအပြည့် ရေးလိုက်နိုင် တာ စာဖတ်ခြင်း
အကျိုးကျေးဇူးကြောင့်လို့ ဆိုရ မှာပါ။
.
အကြောင်းတိုက်ဆိုင်တာ တစ်ခုကြောင့် ဇာတ်လမ်းဟောင်းကို နည်းနည်းလောက်နောက်
ကြောင်းပြန်လိုက်တာပါ။ ကျန်ခဲ့တဲ့ ရက်ပိုင်းကအ ဖြူစိမ်းဝတ် ကျောင်းသူတစ်သိုက် ဆိုင်ထဲရောက်
လာတယ်။ လာတဲ့အချိန်က နေ့လယ်ထမင်းစား ကျောင်းဆင်းတဲ့အချိန်။ ကျောင်းချိန်အတွင်း ကျောင်းသားကျောင်းသူတွေကို
စာအုပ်ငှားလေ့မရှိ တာကြောင့် ရောက်လာတဲ့ အကြောင်းရင်းကို မေး ကြည့်ပါတယ်။ (ညနေကျောင်းဆင်းချိန်၊
ကျောင်း ပိတ်ရက်ကတော့ အကန့်အသတ်မရှိ ငှားလို့ရပါ တယ်) အကြောင်းရင်းက နှစ်စဉ်မရိုးတဲ့ ဖြစ်စဉ် မျိုး။ စာသင်နှစ်တိုင်းလိုလို
ကြုံတွေ့ရတဲ့ ကိစ္စ။ စာစီစာကုံး စာအုပ်လာရှာကြတာပါ။ စာအုပ်အ ငှားဆိုင်တိုင်း ကျောင်းသုံးစာစီစာကုံး
စာအုပ်သီး သန့်အငှားတင်လေ့ မရှိပါဘူး။ ကိုယ်တိုင်ဖတ်ရှု လေ့လာဖို့ ဝယ်ထားတဲ့ စာအုပ်ထုတ်ပေးပြီး
သူတို့ ရေးမယ့်အကြောင်းအရာ မေးကြည့်တော့စိတ်ဝင် စားဖို့ ကောင်းပါတယ်။
.
တိတိပပ ခေါင်းစဉ်ချမပြနိုင်ပေမယ့် စာဖတ် တဲ့လူ လျော့နည်းလာအောင်
လူတွေစာများများ ဖတ်လာအောင်ဆိုတဲ့ အကြောင်းအရာကို ရေး သားမယ်လို့ ပြောကြပါတယ်။ သူတို့ရေးမယ့်ခေါင်း
စဉ်က ''လူမှုဘဝ တိုးတက်ဖို့ စာဖတ်ရှိန်ကို မြှင့် တင်စို့''ဖြစ်ချင်လည်း ဖြစ်မှာပေါ့။
တစ်ခြားဆင်ရာ တူရာ ခေါင်းစီးတွေလည်း ဖြစ်နိုင်ပါလိမ့်မယ်။ လို ချင်တဲ့ စာအုပ်ရလို့
နောက်ကြောင်းပြန်သွားတဲ့က လေးတွေကိုကြည့်ပြီး ကျန်ခဲ့တဲ့ အတွေးတစ်စက ကျောင်းစာကြည့်တိုက်တွေပါ။
နိုင်ငံတော်အပိုင်းက ကောင်းမွန်တဲ့ ထောက်ပံ့မှု မလုပ်နိုင်တာလား၊ အောင်ချက် ကောင်းဖို့
အဓိက သင်ကြားနေရလို့ စာကြည့်တိုက်ဖက် ခြေဦးမလှည့်နိုင်ကြတာလား မပြောတတ်။ နာမည်ကျော်ကြား
လူသိများတဲ့ စာသင်ကျောင်းတချို့ကလွဲလို့ ကျောင်းအတော်များ များမှာ စာကြည့်တိုက် ယဉ်ကျေးမှု
ဖွံ့ဖြိုးတိုးတက် လာခြင်း မရှိတာကို တွေ့ရပါတယ်။
.
ကျောင်းတိုင်းမှာ စာကြည့်တိုက်တစ်ခု ရှိမယ်။ စာကြည့်တိုက် ယဉ်ကျေးမှု
ဖွံ့ဖြိုးမယ်ဆိုရင် စာစီစာကုံး စာအုပ် အတွက်နဲ့ ကျောင်းသား ကျောင်းသူ၊ ကလေးငယ်တွေ ရပ်ကွက်ထဲက
စာ အုပ်အငှားဆိုင် ရောက်လာစရာ အကြောင်းမရှိပါ ဘူး။ သာမန်စာအုပ်အငှားဆိုင် တစ်ခုမှာ
စာစီစာ ကုံး စာအုပ်လာရှာတာ ချိန်ဆကြည့်ရင် သူတို့ လေးတွေ တက်တဲ့ကျောင်းမှာ စာကြည့်တိုက်တစ်
ခု မရှိဘူးလို့ ကောက်ချက်ချရမယ့် အတိုင်းပါ။ ကျောင်းစာကြည့်တိုက် တစ်ခုဖြစ်ဖို့၊ ရှိလာဖို့အတွက်
နိုင်ငံတော်အဆင့် လမ်းညွှန်မှု လုပ်ရမယ် ဆိုရင်လည်း သိပ်တော့ သဘာဝမကျလှပါဘူး။ သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေသာ
လုပ်ချင်ကိုင် ချင်စိတ် ရှိရင် မိဘဆရာအသင်းဝင် ကျောင်း သားမိဘတွေ၊ ကျောင်းမှာ တက်ရောက်ပညာသင်
ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့အား နဲ့ လုပ်ကိုင်ဆောင်ရွက်လို့ ရနိုင်ပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာဆို စာရေးဆရာ၊ စာပေ အသိုင်းအဝိုင်း၊ စာဖတ်သူ၊
စာပေဝါသနာရှင်တွေ နဲ့ ဖွဲ့စည်းထားတဲ့ ''စာဖတ်ရှိန် မြှင့်တင်ရေးကွန် ရက်'' အသင်းအဖွဲ့ရှိတဲ့အတွက်
လိုအပ်တဲ့ အ ကူအညီတချို့ ရယူနိုင်ကြပါတယ်။ စာကြည့်တိုက် မရှိတဲ့ ရပ်ကွက်၊ စာသင်ကျောင်းတွေမှာ
စာကြည့် တိုက်ရှိလာအောင် ရှိတဲ့နေရာတွေမှာ သော့ခတ် ထားတာမျိုး မဟုတ်ဘဲ စာဖတ်ခြင်း အလေ့အ
ထပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ အသင်း အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထား
တာ ဖြစ်ပါတယ်။ အားလုံးဝိုင်းဝန်း ဖော်ဆောင် မယ်ဆိုရင် ကျောင်းစာကြည့်တိုက် မှာ စာစီစာကုံး
စာအုပ်အပြင် တခြားသုတရသ၊ အသိပညာတိုး ပွားစေမယ့် စာအုပ်စာပေတွေ ကလေးတွေရဲ့ လက်တစ်ကမ်း
ရောက်လာနိုင်မှာပါ။ မလုပ်မကိုင် ငုတ်တုတ်ထိုင်ပြီး လက်သည်ချည်း အားကိုးနေလို့ ကတော့
ဘာမှဖြစ်လာစရာ အကြောင်းမရှိပါဘူး။
.
သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္က သိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ နိုင်ငံတော်အတိုင်
ပင်ခံပုဂ္ဂိုလ်နဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ ၂၂ ဦး ရသစာပေစကားဝိုင်း ကျင်းပပြုလုပ်ပါ
တယ်။ အဲဒီစကားဝိုင်းမှာ စာကြည့်တိုက်တွေ အ ရေးပါပုံ မြန်မာနိုင်ငံကျောင်းစာကြည့်တိုက်တွေရဲ့
လက်ရှိအခြေအနေကို အပြန်အလှန် သုံးသပ်ဆွေး နွေးကြပါတယ်။ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦး
ဆွေးနွေးချက်က ''သမီးတို့ဆီ မှာ စာကြည့်တိုက်က သိပ်ပြီးမထိရောက်ဘူး ဖြစ် နေတယ်။ အကုန်လုံးက
စာအုပ်ကောင်းကြီးတွေ ကို သော့ခတ်ပြီး သိမ်းထားတယ်လို့''ပြောပါတယ်။ အဲဒီဆွေးနွေးချက်
နားထောင်ပြီးတာနဲ့ ''ပညာရေး ဝန်ကြီးရော၊ ပါချုပ်ကိုရော အခုစပြောပါမယ်။ စာအုပ်ဆိုတာ
ဖတ်ဖို့ဖြစ်ပါတယ်။ သော့နဲ့ ခတ် ထားဖို့ မဟုတ်ပါဘူး''လို့ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က
ပြောကြားပါတယ်။
.
ကျောင်းစာကြည့်တိုက်တွေ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရဖြစ်တဲ့
ဒါရိုက်တာ တစ်ဦးတည်း အားကိုးနေလို့ မရပါဘူး။ သက် ဆိုင်ရာ အလွှာအသီးသီးက နိုင်ရာတာဝန်ကို
ထမ်း ကြရမှာပါ။ အနာဂတ်နိုင်ငံတော်ကို အခုထက် ကောင်းမွန်အောင် ထုဆစ်ပုံဖော်ကြမှာက ကျောင်း
သားကျောင်းသူလေးတွေရဲ့ တာဝန်ဖြစ်ပါတယ်။ အဲဒီကလေးတွေရဲ့ အသိဉာဏ်ပညာမြင့်မား တိုး တက်ဖို့အတွက်
ကျောင်းသင်ခန်းစာ တစ်ခုချွန် ထက်နေရုံနဲ့ လုံလောက်ခြင်း မရှိသေးပါဘူး။ ကျောင်းစာနဲ့
ဆက်စပ်ပြီး အထွေထွေဗဟုသုတ ဝန်းရံပေးမှ တောက်ပတဲ့ အနာဂတ်ကို ထုဆစ် နိုင်ကြမှာ ဖြစ်ပါတယ်။
အဲဒီအတွက် အဓိကကျတဲ့ စာကြည့်တိုက် ယဉ်ကျေးမှုကို စာသင်ကျောင်းဝိုင်း ထဲမှာ ဖွံ့ဖြိုးတိုးတက်အောင်
လုပ်ဆောင်ဖို့လိုအပ် တာ အမှန်ပါ။ သော့ခတ်ထားတဲ့ ဗီရိုစာကြည့် တိုက် မရှိတဲ့ကျောင်းတွေများနေသမျှ
စာစီစာကုံး တစ်အုပ်အတွက် ကျောင်းသားကျောင်းသူတွေအ ခက်တွေ့နေဦးမှာ ဖြစ်ပါတယ်။
.
.
.
#KBZTai #Shan