နောင် (မြစ်မခ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊
နောင်လွမ့်ကျေးရွာအဝင်တွင် စက်တင်ဘာလ ၂၇ ရက်က ယာဉ် ၃ စီးဖြင့် တရားမဝင်သယ်ဆောင်လာသော
သစ်များကို ဖမ်းဆီးရမိခဲ့ကြောင်း နမ့်လန်နယ်မြေရဲစခန်းမှ သိရှိရသည်။
.
.
နမ့်လန်ကျေးရွာအုပ်စုအတွင်း တပ်မတော်သားများ လုံခြုံရေးဆောင်ရွက်နေစဉ်
သစ်များတင်ဆောင်လာသော ယာဉ် ၃ စီးအားစစ်ဆေးရာမှ တရားမဝင်သယ်ဆောင်လာသော သစ်များနှင့်အတူ
ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက် လိုက် ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“လက်ရှိအချိန်အထိတော့ စခန်းကိုလာပြီး
အမှုဖွင့်တာမရှိသေးပါဘူး။ တိုင်းထွာနေတာလည်းဖြစ်မှာပါ။’’ဟု နမ့်လန် နယ်မြေရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။
.
အဆိုပါ ယာဉ်သုံးစီးပေါ်မှ တရားမဝင်တမလန်ဓါးရွှေနှင့် ပိတောက်ဓါးရွှေ
စုစုပေါင်း ၉ တန်ခန့်ကို ယာဉ်မောင်း ၂ ဦးနှင့် ယာဉ်နောက်လိုက် ၃ ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ
ယာဉ်မောင်းတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေ ကြောင်း သိရသည်။
“အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့
သစ်တောကို မလွှဲရသေးပါဘူး။ လက်မခံရသေးပါဘူး။ သူတို့ လွှဲလာပြီး ပြောမှ သိရမှာပါ။ စစ်ကြောင်းက
ဖမ်းတာလို့ အဲ့လိုသိရပါတယ်။’’ဟု နမ့်လန်မြို့နယ်
သစ်တောဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် သစ်တင်ယာဉ်၊ သစ်များနှင့်အတူ ယာဉ်ပေါ်ပါသူ
၅ ဦးကို ခလရ(၂၄၃)နမ့်လန်တွင် ထိန်းသိမ်းထားရှိကာ နမ့်လန်မြို့နယ် သစ်တောဦးစီးဌာနသို့
လွှဲပြောင်းပေးအပ်ကာ အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan