ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွက် သာမက မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်တစ် ခုဖြစ်သော
တောင်ကြီးမြို့တော် တန် ဆောင်တိုင်ပွဲတော်တွင် စာပေနှင့် သက်ဆိုင်သော ပြိုင်ပွဲများကို
ထည့် သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း တန်ဆောင်တိုင်ပွဲတော်၊ စာပေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီမှ
သိရသည်။
.
.
''တန်ဆောင်တိုင်ပွဲတော်မှာ စာပေနဲ့ပတ်သက်တဲ့ ပြိုင်ပွဲမျိုးတွေ
မရှိသေးဘူး။ ဒါကြောင့် ဒီကစာရေးဆရာတွေ၊ စာပေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ စုပေါင်းတိုင်ပင်ပြီး
ဒီလိုစာပေပြိုင်ပွဲလေးလုပ်ဖို့ စက်တင်ဘာလ ၁၁ ရက်မှာ ပြည်နယ် အစိုးရကို တိုက်တွန်းတဲ့အကြောင်း
စာရေးသားပေးပို့ တင်ပြခဲ့ပါတယ်။ အဲဒီနောက် စက် တင်ဘာ ၂ဝ ရက်က ပြည်နယ် ပြန်/ဆက်ရုံးမှာပြုလုပ်တဲ့
တန်ဆောင်တိုင် ပွဲတော်၊ ဖျော်ဖြေးရေးနှင့် ပြပွဲ၊ ပြိုင် ပွဲကျင်းပရေး လုပ်ငန်းကော်မတီအစည်း
အဝေးမှာ ဒီလိုစာပေပြိုင်ပွဲပြု လုပ်ဖို့ ပြည်နယ်အစိုးရက ခွင့်ပြု ကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်တဲ့
ပြည်နယ်ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးမှူး ဦးစိုးညွန့်ရွှေ ကပြောလာပါတယ်။
နောက်တစ်ရက် ဖြစ်တဲ့ စက်တင်ဘာလ ၂၁ ရက်မှာ ပြန်/ဆက်ရုံးမှာပဲ အစည်းအဝေး ပြု လုပ်ပြီးတော့
စာပေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီကို ဖွဲ့စည်းပြီး ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို
ဆွေး နွေးညှိနှိုင်းခဲ့ပါတယ်။ ပြိုင်ပွဲအနေနဲ့ ကတော့ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းဆိုပြီး
ဘာသာရပ် ၄ ခုနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်''ဟု စာပေပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီအဖွဲ့ဝင်
ဦးအောင်ဆန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ယင်းကဲ့သို့ တန်ဆောင်တိုင်ပွဲတော်တွင် စာပေနှင့် သက်ဆိုင်သည့် ပြိုင်ပွဲများ
ထည့်သွင်းကျင်းပပေးရန် တိုက်တွန်းခဲ့သည့် အဖွဲ့အစည်းများ မှာ မြန်မာနိုင်ငံ သတင်းစာဆရာအ
သင်း(ရှမ်းပြည်နယ်)၊ စာဖတ်ရှိန်မြှင့် တင်ရေးကွန်ရက်(ရှမ်းပြည်နယ်)၊ တောင်ကြီးမြို့နယ်
စာရေးဆရာအ သင်းနှင့် ကမ္ဘောဇတိုင်းသတင်းဂျာ နယ်တို့ ဖြစ်ပြီး တောင်ကြီးတန် ဆောင်တိုင်ပွဲတော်အား
ကြိုဆိုဂုဏ် ပြုသောအားဖြင့် လည်းကောင်း၊ စာ ပေဝါသနာရှင်၊ ပညာရှင်၊ မျိုးဆက် သစ်ကလောင်ရှင်များ၊
ထွက်ပေါ်လာ စေရေးအတွက် ရည်ရွယ်၍ စာပေ ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေး ရန်တိုက်တွန်း
တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''တန်ဆောင်တိုင်ပွဲမှာ အထင်ကရဖြစ်တဲ့ မီးပုံးပျံပြိုင်ပွဲ၊ မီးပဒေသာပြိုင်ပွဲ၊
မသိုးသင်္ကန်းရက်လုပ်ပူဇော် ပြိုင်ပွဲတွေအပြင် ဓာတ်ပုံပြိုင်ပွဲလိုမျိုး၊ တခြားပြိုင်ပွဲတွေလည်း
လုပ်တာရှိပါတယ်။ ဒါပေမဲ့ စာပေနဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲ အမျိုးအစားတွေ ကျင်းပတာ မရှိသေးဘူး။
ရှမ်းပြည်နယ် ဂုဏ် ဆောင်ဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ဂုဏ်ပြုချင်တာက တစ်ကြောင်း၊
နောက်ပြီး စာပေနဲ့ ပတ် သက်လို့ မျိုးဆက်သစ် ကလောင်ရှင် တွေလည်း ထွက်ပေါ်လာစေချင်တဲ့
ရည်ရွယ်ချက်နဲ့ တိုက်တွန်းတင်ပြခဲ့ တာပါ။ စာပေဆိုတာက နောင်တစ်ချိန် မှာ သမိုင်းဖြစ်လာမှာပါ။''ဟု
စာဖတ် ရှိန်မြှင့်တင်ရေးကွန်ရက်မှ အတွင်းရေးမှူး ဦးစိုးမော်ဦးကလည်း ၎င်း၏သဘောထားအမြင်ကို
ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်လိုသော စာပေပညာရှင်/ဝါသနာရှင်များအနေဖြင့်
ပါဝင်ယှဉ်ပြိုင်မည့် စာမူနှင့်အတူ အမည်၊ ကလောင် အမည်၊ ကိုယ်တိုင်ရေးစာမူဖြစ် ကြောင်း
ဝန်ခံချက်၊ ဆက်သွယ်ရန် နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်တို့ ကို ပြည့်စုံစွာဖော်ပြ၍ ရှမ်းပြည်နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ တောင်ကြီးမြို့သို့ ဖြစ် စေ၊ mja.shan18@gmail.com
သို့ဖြစ်စေ ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား၍ပေးပို့နိုင်ကြောင်း သိရသည်။
.
၂ဝ၁၈ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၅ ရက် နေ့မှ ၂၃
ရက်နေ့အထိ ကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် မီးပုံးပျံ အရေအတွက် ယခင်နှစ်ထက်
ပိုမို များပြားနိုင်ကြောင်း ရှမ်းပြည်နယ် ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရသည်။
.
.
.
#KBZTai #Shan