လင်းလင်း(လားရှိုး)၊ ကမ္ဘောဇတိုင်း
.
မြန်မာ-တရုတ်နယ်စပ်၊ တရုတ် နိုင်ငံအတွင်းရှိ ရွှေလီ၊ ကျယ်ဂေါင်နှင့်
အနီးတစ်ဝိုက်တွင် တရားမဝင် သွား ရောက်၍ စီးပွားရေးလုပ်ကိုင်နေကြ သူများ၊ သွားလာလည်ပတ်သူများ
အား တရုတ်ရဲများအား ဖမ်းဆီးမှုများ ပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ပြန် လည်ဆောင်ခြင်များ
ရှိနေကြောင်း သိ ရသည်။
.
.
ယင်းကဲ့သို့ တရုတ်နိုင်ငံအတွင်းသို့ သွားလာရာတွင် အရောင်းအဝယ် ကိစ္စအတွက်
ဖြစ်စေ၊ အလည်အပတ် ဖြစ်စေ၊ ဆေးဝါးကုသမှု ခံယူရန် ဖစ် စေ တရားဝင်နိုင်ငံကူးလက်မှတ် စာအုပ်များ
ပြုလုပ်ပြီး တရုတ်နိုင်ငံရွှေလီ မြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့ရွာများသို့ သွားလာနိုင်မည်ဖြစ်ကာ
သတ်မှတ် ရက်မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
''အဲဒီလို တရားဝင် သွားလာနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပေမဲ့ တချို့
သော နယ်စပ်ဖြတ်ကျော်သွားလာ သူတွေက တရားဝင်နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းမရှိဘဲ တရားမဝင်
ခိုးဝင်တာတွေ၊ တရားဝင် ဝင်ရောက် ပေမဲ့ သတ်မှတ်ရက်ကျော်လွန်တဲ့ အထိ တရုတ်နိုင်ငံ နယ်နိမိတ်အတွင်း
နေထိုင်တာတွေ ရှိနေပြီး တရုတ်ရဲ က စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးချုပ် နှောင်မှုတွေ ကြုံတွေ့ရပါတယ်။
အဲဒီ လို ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တွေကို တရုတ်ဘက်က ဒေသခံတစ် ဦးဦးကဖြစ်စေ
အာမခံပြုလုပ်ပေးပြီး တရားဝင် သတ်မှတ်ထားတဲ့ ဒဏ်ငွေ တွေကို ပေးဆောင်စေပြီးမှပြန်လွှတ်
ပေးတာ ရှိသလို ဒဏ်ငွေပေးဆောင် နိုင်ဖို့ အာမခံပြုလုပ်ပေးနိုင်တဲ့ မရှိသူ တွေကြတော့
တရုတ်နိုင်ငံ၊ ရွှေလီမြို့ ရှိ အချုပ်ခန်းမှာ ချုပ်နှောင်ထားတာ ခံရပါတယ်''ဟု တရုတ်နိုင်ငံ၊
ရွှေလီ ဒေသသို့ တရားဝင်နိုင်ငံကူးလက်မှတ် ဖြင့် သွားလာလေ့ရှိသူ မူဆယ်ဒေသခံတစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
တရုတ်ရဲများမှ ချုပ်နှောင်ခံထား ရသူများ၏ နေရပ်လိပ်စာ၊ မှတ်ပုံတင်
တို့ကို မေးမြန်းမှတ်သားကာ မြန်မာ နိုင်ငံသားဟုတ်/မဟုတ် မြန်မာဘက်သို့ အကြောင်းကြား
စုံစမ်းမှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံသား မှန်ကန်သူများကို မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာန
တာဝန်ရှိသူများထံသို့ ပြန်လည်ပို့ဆောင် အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
.
ထိုသို့ ပြန်လည်လွှဲပြောင်းပေး ရာတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁ဝ
ရက်က မြန်မာနိုင်ငံသား ကျား/မ စုစုပေါင်း ၁၂၇ ဦး၊ စက်တင်ဘာလ ၁၄ ရက်တွင် ၁၂ဝ တို့အား
မြန်မာ-တရုတ်နယ်စပ်ဂိတ်၊ မူဆယ်-ကျယ် ဂေါင်နန်းတော်ဂိတ်သို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ရာ
မိသားစုဝင်များမှ ပြန် လည်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan