မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ချစ်ထူ(အာခါ)ရွာ၌ စက်တင်ဘာလ
၂၆ ရက်၊ နံနက်ပိုင်းက တောဝက်လိုက်သည့် လူငယ်တစ်ဦး တူးမီးသေနတ်နှင့် သစ်ကိုင်းငြိကာ
ကျည်ထွက်၍ ဦးခေါင်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
တာချီလိတ်မြို့၊ ချစ်ထူ(အာခါရွာ)အိုင်ယဲ့နှင့် အိုက်မိန်းတို့ ၂
ဦးသည် စက်တင်ဘာ ၂၆ ရက်နံနက် ၉ နာရီခွဲအချိန်ခန့်တွင် တူမီးသေနတ် တစ်ယောက်တစ်လက်ဖြင့်
ချစ်ထူ(အာခါ) ရွာအနီး တောင်ယာတောထဲတွင် တောလိုက်ရာ တောဝက်တွေသဖြင့် အိုက်ယဲ့မှာ တူးမီးသေနတ်အား
မောင်းတင်လျက် ခါးကိုင်းပြေးလိုက်ပြီး ၎င်းနောက်မှ အိုင်မိန်းက ပြေးလိုက်လာစဉ် အိုက်ယဲ့ကိုင်ဆောင်သော
တူမီးသေနတ်၏ ခလုတ်မှာ သစ်ကိုင်းနှင့် ငြိကာ ရုတ်တရက် ကျည်ထွက်သဖြင့် နောက်ကပြေးလိုက်လာသည့်
အိုင်မိန်း၏ ဦးခေါင်းအားထိမှန်ကာ (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ကျွန်တော် နေအိမ်မှာရှိနေစဉ် တစ်ရွာတည်းနေ အိုင်ယဲ့က တူမီးသေနတ်ကျည်
နဖူးမှာ ဒဏ်ရာရရှိနေတဲ့ အိုင်မိန်းကို တွဲခေါ်လာတာတွေ့ရတယ်။ တောင်ပေါ် တိုင်းရင်းသားတွေက
လူကြီး၊ လူငယ်ဒီလိုဘဲ တောလိုက်နေကြပါ။ အိုင်ယဲ့ ဆိုတဲ့ကလေးက တောဝက် ၂ ကောင် ရဖူးတယ်။
အခုတော့ ဥပဒေအရ ရင်ဆိုင်ရမှာပေါ့''ဟု ချစ်ထူ (အာခါ)ကျေးရွာနေ ဦးကြိုးယုန်က ပြောသည်။
.
သို့ဖြစ်၍ ချစ်ထူ(အာခါ)ရွာနေထိုင်သူ အိုင်ယဲ့(၁၅ နှစ်)အား တာချီလိတ်မြို့မရဲစခန်းတွင်
(ပ)၃၃၇/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan