ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံ၏ ပထမဆုံး စက်လှေ ကမ်ပိန်းကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး
တိုးတက်လာစေရန်အတွက် ရည်ရွယ် ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း၌
စက်လှေအစီးရေ ၁ဝဝဝဝ ခန့်ဖြင့် စက် တင်ဘာလ လလယ်ပိုင်းတွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း
Save The Inle Lake အဖွဲ့ထံမှ သိရသည်။
.
.
''စက်တင်ဘာလ လလယ် လောက်မှာ လုပ်ဖို့ ရည်မှန်းထားပါတယ်။ အဓိကလုပ်ရတဲ့
ရည်ရွယ်ချက် ကတော့ ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသားတွေ အကြောင်းကြောင်းကြောင့် ဝင်ရောက်မှု
နည်းပေမယ့် ပြည်တွင်း ခရီးသွားလုပ်ငန်းကို ဖွံ့ ဖြိုးတိုးတက်စေချင်လို့ပါ။ ပြီးခဲ့တဲ့
နှစ်ကထက် နိုင်ငံခြားသား ဝင်ရောက် မှုနှုန်းက ထက်ဝက်ခန့်လောက် လျော့ ကျသွားပါတယ်။ ပြီးခဲ့တဲ့နှစ်
သြဂုတ် လက နိုင်ငံခြားသား ၈ဝဝဝ ကျော် ဝင်ရောက်ခဲ့ပေမယ့် ဒီနှစ် သြဂုတ် လမှာ ၄ဝဝ၂ ယောက်ပဲ
ဝင်ရောက် လာတယ်။ အဲဒီလို လျော့ကျလာတဲ့ အတွက် ဒီခရီးသွားလုပ်ငန်းကို နိုင်ငံ တကာထိ ကျယ်ပြန့်ပေါက်ရောက်နိုင်
စေရန် အတွက် ဒီကမ်ပိန်းကို ပြုလုပ် ခြင်း ဖြစ်ပါတယ်''ဟု Save The Inle Lake အဖွဲ့မှ
ဦးခင်မောင်လတ်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
အဆိုပါ ကမ်ပိန်းကို အင်းလေး
ဒေသအတွင်းရှိ စက်လှေအစီးရေပေါင်း ၁ဝဝဝဝ ခန့်ဖြင့် ညောင်ရွှေချောင်းမှ အင်းလေးရေလယ်ခေါင်ထိ
ပြုလုပ်သွား မည်ဖြစ်ကာ ယင်းကဲ့သို့ ပြုလုပ်ခြင်း သည် မြန်မာနိုင်ငံတွင် ပထမဆုံးအ ကြိမ်ဖြစ်ပြီး
အင်းလေးဒေသအတွင်းရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြုလုပ်ခြင်းဖြစ်
ကြောင်း သိရသည်။
.
''အခုကမ်ပိန်းကို နိုင်ငံတကာ အ ထိ ကျယ်ပြန့်အောင်ချပြဖို့ကတော့
သိပ်တော့ အင်အားမရှိဘူး။ ဒါပေမဲ့ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေ၊ ခ ရီးသွားတွေကိုတော့
တော်တော်လေး ချပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး သူတို့အင်းလေးကို လာ ရောက်လည်ပတ်တဲ့
အချိန်မှာ စက်လှေ ကို ဘယ်လိုငှားရတယ်။ ဘယ်လိုသုံး ရတယ်ဆိုတာတွေအစ သူတို့ သိသွား မှာပေါ့။
ဒီကမ်ပိန်းအပြင်ခရီးသွား လုပ် ငန်း မြင့်တက်နိုင်ရေးအတွက် ရေပေါ် ဈေးတစ်ခု ပြန်လည်ဖော်ဆောင်သွား
ဖို့ ရှိပါတယ်''ဟု ဦးခင်မောင်လတ်က ဆက်လက်ပြောကြားခဲ့သည်။
.
အင်းလေးဒေသအတွင်းသို့ နိုင်ငံ ခြားခရီးသွားများ ဝင်ရောက်မှုသည် နှစ်စဉ်
၃ဝဝဝဝဝ ကျော်ခန့် ရှိခဲ့သော်လည်း ယခု ၂ဝ၁၇-၁၈ ခုနှစ်တွင် နိုင်ငံခြား ခရီးသွား ၁၉၉၆၆ဝ
ဦးသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
.
အင်းလေးဒေသအတွင်း ခရီးသွား လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာစေရန်အ တွက်
ရေပေါ်ဈေးတစ်ခု တည်ဆောက် ရန်အတွက် နေရာ ၃ ခု ရွေးချယ် ထားပြီး ၂ဝ၁၈ ခုနှစ်အတွင်း၌ တည်
ဆောက်သွားမည်ဖြစ်ကာ လက်ရှိ အင်းလေးဟဲယာရွာမရှိ ရေပေါ်ဈေးမှာ ကုန်းမြေအဖြစ် ပြောင်လဲနေပြီဖြစ်
ကြောင်း သိရသည်။
.
.
.
#KBZTai #Shan