ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းအား ပုဂ္ဂလိကအဖြစ် လွှဲပြောင်းပေးရန် ဒေသခံအချို့ လိုလားနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းအား ပုဂ္ဂလိကအဖြစ် လွှဲပြောင်းပေးရန် ဒေသခံအချို့ လိုလားနေ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးဌာနမှ တာဝန်ယူထားသော ရေပေးဝေရေး လုပ်ငန်းကို ပုဂ္ဂလိကအဖြစ် လွှဲပြောင်း ပေးရန် ဒေသခံအချို့မှ လိုလားနေ လျက်ရှိကြောင်း သိရသည်။
.
.
ရေပေးဝေရေးလုပ်ငန်းအတွက် ရရှိသည့်ငွေပမာဏနှင့် အကျိုးရှိမှု အခြေအနေသည် အိတ်ပေါက်နှင့် ဖား ကောက်သကဲ့သို့ ဖြစ်ပေါ်နေသော ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်သို့ ရှာဖွေလွှဲ ပြောင်းစေလိုကြောင်းအား ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ စက်တင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့သည့် ကျိုင်းတုံမြို့ ရေပေးဝေရေး လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြသော ဒေသခံအချို့မှ အကြံပြု ဆွေးနွေးခဲ့ကြ ခြင်း ဖြစ်သည်။
.
ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ်ငန်းကို ၂ဝ၁၁ ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ရန်အတွက် အလှူငွေလက်ခံရရှိမှု ကျပ် (၄ဝ၄၁ ဒသမ ၂ဝ) သိန်း၊ နယ် စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေး ငွေကျပ် (၄၃၅ဝ ဒသမ ၃၁)သိန်း၊ စည် ပင်သာယာရေး ရန်ပုံငွေကျပ် (၅၂၅၃ ဒသမ ၁၅)သိန်းနှင့် ထပ်မံဆောင်ရွက် သွားရန် ကျန်ရှိနေသော နမ့်ကွီး ချောင်းမှ ရေပိုက်လိုင်းသွယ်ယူနိုင်ရန် အတွက် တင်ပြတောင်းခံထားသည့် ရန် ပုံငွေကျပ်သိန်း (၅၄၅ဝ)သိန်း၊ စုစုပေါင်း ကျပ်သိန်း (၂ဝဝဝဝ)ခန့်ရှိကြောင်း ရှမ်း ပြည်နယ်စည်ပင်သာယာရေးဌာန၊ ညွှန်ကြားရေးမှုးဦးစိုင်းထွန်းထွန်းက အဆိုပါ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
.
''ငွေတွေကုန်နေပြီး လက်ရှိ ပြည် သူအကျိုးမရှိ ဖြစ်နေတာကို တွေ့နေရ ပါ တယ်။ တာချီလိတ်လို ရေပေးဝေ ရေးလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင် ရှာပြီး လွှဲပြောင်းပေးသင့်ပါတယ်''ဟု ကျိုင်းတုံဒေသခံဦးမန်းလှမင်းအောင် က ဆွေးနွေးပွဲတွင် အကြံပြုဆွေးနွေးခဲ့ သည်။
.
''ကျိုင်းတုံမြို့ ရေပေးဝေရေးလုပ် ငန်းမှာ ရေရှည်စီမံချက်အားနည်းချက် တွေ ရှိခဲ့ပါတယ်။ ငွေကုန်သလောက် လက်တွေ့အကျိုး ဖြစ်ထွန်းမှုနည်းရ ခြင်းအပေါ်မှာ သေချာ စိစစ်သုံးသပ်ပြီး မြို့နေလူထုအတွက် ရေသုံးစွဲမှုကောင်း မွန် ဖူလုံရေးအတွက် စဉ်းစားဆောင် ရွက်သွားဖို့ လိုအပ်မယ်လို့မြင်မိပါတယ်'' ဟု ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသိန်းထိုက်မှ ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့တွင် သောက်သုံးရေ ရရှိရေးအတွက် ပုဂ္ဂလိက ရေရောင်းချ ပေးနေသူများကို အမီပြုနေရဆဲဖြစ် သည့်အပြင် နွေရာသီကဲ့သို့ ပူပြင်း ခြောက်သွေ့သည့် အချိန်ကာလများ တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဘေး အန္တရာယ်ကယ်ဆယ်ရေးဌာနနှင့် စေတ နာရှင်များ၏ ရေကူညီပေးရေးကို မှီခို ရပ်တည်နေရသော ရပ်ကွက်နှင့် ကျေး ရွာများလည်း ရှိနေဆဲဖြစ်ကြောင်းသိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats