မေသူဇော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ
ရေပူအကောက်ခွန် စစ်ဆေးရေး စခန်းတွင် တားဆီးထားသည့် ငွေကျပ် သိန်း ၂၀၀ ကျော် တန်ဖိုးရှိ
စားသောက်ကုန် ပစ္စည်းများကို ဩဂုတ်လ ၃၁ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့ အကောက်ခွန်ဦးစီးဌာန
ဝင်းအတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
.
"ဒီနေ့ ဖျက်ဆီးခဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကတော့ ငွေကျပ် ၂၃၁,၉၇,၅၀၀
ဖြစ်ပါတယ်။ အမှုပေါင်း ၂၄ မှု ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က တရားမဝင် တင်သွင်းလာတဲ့ ဘီယာအပါအဝင်
စားသောက်ကုန်ပစ္စည်းတွေ၊ မုန့်နဲ့ မုန့်လုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေ၊ ရေခဲမုန့်လုပ်တဲ့
ပစ္စည်းတွေ၊ စားဆီ၊ နို့မှုန့်၊ လက်ဘက်ခြောက်နဲ့ တခြား ပစ္စည်းတွေ ပါဝင်ပါတယ်"ဟု
လားရှိုးမြို့၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းသူက ပြောသည်။
အဆိုပါ ဖျက်ဆီးခဲ့သည့် စားသောက်ကုန်များမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လနှင့်
ဇူလိုင်လအတွင်းက သိန်းနီရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးထားခဲ့ခြင်းဖြစ်ကြောင်း
ရေပူအကောက်ခွန် စစ်ဆေးရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ထံမှ သိရသည်။
.
ရေပူအကောက်ခွန် စစ်ဆေးရေးစခန်းကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင်
စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရန်နှင့်
တရားဝင်ကုန်သွယ်မှုများ ဖြစ်ထွန်းစေရန်အတွက် အကောက်ခွန်ဦးစီးဌာနနှင့်အတူ မူးယစ်အထူးတပ်ဖွဲ့၊
ရဲတပ်ဖွဲ့၊ သစ်တော၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနမျး၊
သိန်းနီမြို့နယ်ရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း
သိရသည်။
.
.
.
#KBZTai #Shan