တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် တိုင်းရင်းသားအက အဖွဲ့များမှ ဖျော်ဖြေ တင်ဆက်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲများတွင် တိုင်းရင်းသားအက အဖွဲ့များမှ ဖျော်ဖြေ တင်ဆက်သွားမည်



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၏ အထင်ကရပွဲတော် တစ်ခုဖြစ်သည့် တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲနှင့် ပိတ်ပွဲရက်များတွင် တိုင်းရင်းသား အကအဖွဲ့များမှ အကအလှများဖြင့် အင်အားပြည့် ပါဝင် ကပြဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြောင်း ဓနုတိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုးအောင်ထံမှ သိရသည်။
.

.
တောင်ကြီးမြို့တော် တန်ဆောင် တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရာ၌ တိုင်းရင်းသား ယဉ်ကျေးမှုအကအ  ဖွဲ့များ ပါဝင်ကပြဖျော်ဖြေနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်က မြို့နယ်အုပ် ချုပ်ရေးမှူးရုံး၊ အစည်းအဝေး ခန်း မတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
''တစ်ဖွဲ့ကို ၄၅ ဦး ပါဝင်ဆင် နွှဲဖို့ သတ်မှတ်ထားပါတယ်။ ဖွင့်ပွဲ နဲ့ ပိတ်ပွဲတွေမှာ အင်အားပြည့်ပါ ဝင်ဆင်နွှဲနိုင်ဖို့၊ လေ့ကျင့်နိုင်ဖို့ အ တွက် ဆွေးနွေးခဲ့ကြပါတယ်''ဟု တောင်ကြီးမြို့နယ်၊ ဓနုစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌဦးစိုး အောင်က ကမ္ဘောဇတိုင်း သို့ပြော သည်။
.
အစည်းအဝေးသို့ ရှမ်း၊ ပအိုဝ်း၊ ဓနု၊  အင်း၊  လီဆူး၊ ကိုးကန့်၊ တောင်ရိုးတိုင်းရင်းသားများ စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့ ၇ ဖွဲ့မှ တက် ရောက်ဆွေးနွေးခဲ့ပြီး အကယှဉ်ပြိုင် မှုအတွက် ပညာရေးကောလိပ်မှ နည်းပြဆရာမ ၂ ဦးက ကကွက် ၃ ကွက်စီ လာရောက်လေ့ကျင့် သင် ကြားပေးမည်ဖြစ်ကာ သရုပ်ဖော် ၂၁ ဖွဲ့မှ ကပြဖျော်ဖြေ ယှဉ်ပြိုင် ကြရမည်ဖြစ်သည်ဟု  ၎င်းက ပြောသည်။
.
''ဓနုစာပေနှင့် ယဉ်ကျေးမှုအသင်း အနေဖြင့် ပညာရေးကောလိပ်တွင် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ ညနေ ၄ နာရီမှ စတင်ကာ လေ့ကျင့်ကြ မည်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် အစမ်း ကပြကြရ မည်ဖြစ်ကြောင်း၊ တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာ လ ၁၅ ရက်နှင့် ပိတ်ပွဲနေ့ ဖြစ်သည့် ၂၃ ရက်များတွင် ၄၅ ဦး ပြည့် ပါဝင်ဆင်နွှဲ ကပြ ကြမည်ဖြစ်ကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၃)ဆု ချီးမြှင့်သွားရန် ရည်ရွယ်ထားရှိပြီး အခြားတိုင်း ရင်းသားများဖြစ်သည့် ထနော့၊ ထိုင်းရိုင်စသည့် တိုင်းရင်းသားများ လည်း ပါဝင်လာနိုင်ကြောင်း ¤င်းက ပြောသည်။
.
“ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအ သင်းကတော့ တိုးနယားနဲ့ကိန္နရီ၊ ကိန္နရာအကတွေပါမယ်။ ကျန်တာ တော့ ကကွက်တွေ အားလုံး တူညီ ကြမယ်လို့ သိထားတယ်။ လာမယ့် အောက်တိုဘာ ၁၇ ရက်ကြရင် တစ်ခါ အစည်းအဝေး ရှိဦးမယ်လို့ သိရ ပါတယ်။ မသိုးသင်္ကန်း ကပ်လှူပွဲနဲ့ တခြားပြိုင်ပွဲတွေကိုလည်း ကျင်းပ မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ကတော့ ထူးထူးခြားခြားလေး ကျင်းပချင် တဲ့ ဆန္ဒရှိကြပါတယ်''ဟု ဗဟိုရှမ်း စာပေနှင့် ယဉ်ကျေးမှုဥက္ကဌ ဦးစိုင်း မောင်တင်က ပြောသည်။
.
တောင်ကြီး တန်ဆောင်တိုင် ပွဲတော်သည် မီးပုံပျံလွှတ်တင်ပူဇော်ပွဲကြောင့် မြန်မာပြည် တစ်ဝှမ်း ကျော်ကြားပြီး နှစ်စဉ် နှစ်တိုင်း ပြည်တွင်းမှ သာမက ပြည်ပမှပါ လာရောက် လည်ပတ် ကြည့်ရှုသူ များပြားလှသည့် ပြည်နယ် ပွဲတော် တစ်ခု ဖြစ်သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats