မင်းဇော်မင်း ဆက်သွယ်မေးမြန်းသည်။
.
လာမည့် နိုဝင်ဘာလ ၃ ရက်တွင် မြန်မာ တစ်နိုင်ငံလုံးရှိ လစ်လပ်လွှတ်တော်ကိုယ်စား
လှယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက် ပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ
ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည် နယ်အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် လဲချားမြို့နယ်
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် အတွက် ကိုယ်စားလှယ် လောင်းအဖြစ် ရှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့မှ
ကိုယ်စားလှယ်လောင်း ၃ ဦး၈ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။
.
သို့ဖြစ်၍ လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာသို့
ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၃ ဦးအား ကမ္ဘောဇတိုင်းမှ
အောက်ပါ တူညီသည့် မေးခွန်းများနှင့် အမြင်သဘောထားများကို ဆက်သွယ် မေးမြန်းခဲ့ပါသည်။
.
◊ လက်ရှိ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် အစိုးရတို့ရဲ့ အခွင့်အရေးတွေကို
ဘယ်လို ပြု ပြင်လိုပါသလဲ။
◊ မြေယာသိမ်းဆည်းခံရမှု ကိစ္စရပ်တွေ အ ပေါ် ဘယ်လိုဆောင်ရွက်ပေးသွားဖို့
ရှိပါသလဲ။
◊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နောက်ထပ် ဘယ်လို လုပ်ဆောင်သွားနိုင်ပါ
သလဲ။
◊ ရာထူးရှိသူ စိုးမိုးရေး မဟုတ်ဘဲ တရား ဥပဒေစိုးမိုးရေး၊ ပြည်သူ့ဘဝ
လုံခြုံရေးအတွက် ဘယ်လို လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
◊ လဲချားမြို့နယ်လူထုအတွက် အဓိက လုပ် ဆောင်သင့်တာနဲ့ လုပ်ဆောင်ဖို့
ရည်ရွယ် ထားတာက ဘာဖြစ်မလဲ။
စိုင်းရွှေဆိုင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
.
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးချင်းဟာ
ပြည်ထောင်စုအစိုးရတို့၊ အာဏာရပါတီတို့ လောက်တော့ ထိထိ ရောက်ရောက်လုပ်ကိုင်နိုင်တဲ့အခြေအနေ
မရှိပါဘူး။ ဒီလို အကန့်အသတ်တွေ ရှိနေပေမယ့်လည်း ကျွန်တော့်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လာရင် NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကို NCA ထိုးဖို့၊
ဒီမိုကရေစီဖက်ဒရယ်စနစ်ရဲ့ အဖြေကို နိုင်ငံရေးဆွေး နွေးပွဲစကားဝိုင်းမှာ ရှာကြဖို့တိုက်တွန်းမှာပါ။
NCA ဆိုတာ လက်နက်ချစာချုပ်မဟုတ်ပါဘူး။ ကိုယ့်ပြည် သူလူထုအတွက် အကျိုးယုတ်တယ်လို့ ယူဆမိတဲ့
အချိန်မှာ အချိန်မရွေးမိမိအဖွဲ့ အစည်း သဘောဆန္ဒအရနုတ်ထွက်နိုင်တယ် ဆိုတာကို တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေ နားလည်အောင် တိုက်တွန်းမှာပါ။ မငြိမ်းချမ်းတဲ့ အတွက် ပြည်သူတွေတော်တော်ကို
ဒုက္ခရောက် နေကြရပါတယ်။
.
ဒီမိုကရေစီစနစ်မှာ ပြည်နယ်/ပြည်မဆိုတာမရှိပါ။ နိုင်ငံလုံးဆိုင်ရာ
ဗဟိုအစိုးရနဲ့ဒေသဆိုင် ရာပြည်နယ်/တိုင်းဒေသကြီး အစိုးရတွေသာ ရှိပါတယ်။ အခုလိုသမ္မတက
ပြည်နယ်/တိုင်းဝန် ကြီးချုပ်ကို ရွေးပေးစရာမလိုပါ၊ အဲဒီပြည်နယ် တိုင်းဒေသကြီးအစိုးရများဟာ
အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ဘောင်အတွင်းမှာ မိမိတို့ဒေသအကျိုးအတွက် လွတ်လပ်စွာဥပဒေပြဋ္ဌာန်းခွင့်၊
စီမံအုပ်ချုပ်ခွင့်ရှိပါတယ်။ အခု အဲဒီအခြေအနေ မရှိသေးတဲ့အတွက် ဖက်ဒရယ်စနစ် မဟုတ်သေးဘူးလို့
ပြောနိုင်ပါတယ်၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေလည်း လုံလောက်အောင်
မရသေးတဲ့အတွက် လွှတ် တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အခွင့် ရရင်ရသလို လွှတ်တော်အတွင်းကကြိုးစားသွား
မှာ ဖြစ်ပါတယ်။
.
မြေယာစီမံခန့်ခွဲရေးကိစ္စဖြစ်တဲ့ သိမ်းဆည်း ခံမြေယာများ ပြန်လည်စွန့်လွှတ်ရာမှာ
ပြန်ရ သင့်တဲ့ မူလပိုင်ရှင်လက်ထဲ ရောက်ဖို့ဆိုရင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှာ
လွှတ်တော် ကိုယ် စားလှယ်တွေ ပါဝင်ခွင့်ရဖို့လိုတယ်။ ဒါကို နိုင်ငံ တော်သမ္မတက ညွှန်ကြားချက်နဲ့
ဆောင်ရွက်ပေး လို့ရပါတယ်။ ဒီလိုအခြေအနေမရှိသေးဘူးဆို ရင် ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်ဖြစ်
တဲ့အခါ လွှတ်တော်ကတဆင့် အစိုးရကို တိုက် တွန်းသွားပါမယ်။
.
အဂတိကင်းစင်ဖို့ အဓိကအားဖြင့် အစိုးရ ကသာ တာဝန်ယူဆောင်ရွက်ရမှာ
ဖြစ်ပါတယ်။ အဂတိလိုက်စားမှုကို ထိထိရောက်ရောက်ဆောင် ရွက်ချင်တဲ့ အစိုးရတစ်ရပ်အနေနဲ့
ပထမဦးစွာ တိကျပြတ်သားတဲ့ ဥပဒေပြဌာန်းဖို့ လိုပါတယ်။ အဲဒီဥပဒေမှာ လာဘ်ပေးသူနဲ့လာဘ်ယူသူ
နှစ်ဦးနှစ်ဘက်ဟာညီညွတ်ပြီး အဂတိမှုကို စိတ် တူကိုယ်တူ လုံးဝဖုံးကွယ်ထားတာ မလုပ်ရဲ အောင်
အစိုးရသက်သေလုပ်သူကို ကင်းလွတ်ခွင့်ပေးဖို့ လိုပါတယ်။ အဲဒီလို ဥပဒေကောင်းတစ်ရပ်ရှိပြီးရင်
ကျောသားရင်သားမခွဲခြားဘဲ ဥပဒေအောက်မှာ အားလုံးတန်းတူဖြစ်အောင်အစိုးရ တာဝန်ယူရပါမယ်။
.
တရားဥပဒေစိုးမိုးဖို့အတွက်ဆိုရင် တရားမျှတတဲ့ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊၊
ပြည်သူကအား ကိုးယုံကြည်ရတဲ့ တရားစီရင်ရေးစနစ်ဖြစ်ပေါ် လာရေး၊ အရည်အချင်း ပြည့်ဝပြီး
ပြည်သူလူထု အားကိုး ယုံကြည်ရတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ ခိုင် မာအားကောင်းနေဖို့လိုတယ်။
အဲဒီလိုဖြစ်ဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဥပဒေပြဋ္ဌာန်းရာမှာဖြစ်စေ၊
လွှတ်တော် တွင်းကနေဖြစ်စေ အစိုးရကိုမေးခွန်းမေးမြန်း တဲ့နည်း၊ အဆိုတင်တဲ့နည်းတွေနဲ့
ကူညီဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်။
.
လဲချားမြို့နယ်အတွက် တစ်ကယ့်လိုအပ် ချက်တွေကတော့ ဒေသဖွံ့ဖြိုးရေးပါပဲ။
ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးအား လုံး တန်းတူတိုးတက်ဖို့လုပ်ဆောင် သွားရမှာ
ဖြစ်ပါတယ်။
.
စိုင်းဥက္ကာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
.
အခုလက်ရှိ NLD အစိုးရအနေနဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်နေတယ်ဆိုတာ
တပ်မတော်နဲ့ ပဲ ရင်ကြားစေ့နေတယ်လို့ မြင်ပါတယ်။ ကျွန် တော်သာ ငြိမ်းချမ်းရေးကိုဖော်ဆောင်
လုပ်ခွင့် ရမယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့လည်း ရင်ကြားစေ့ဖို့ အဓိကတိုက်တွန်း
မှာဖြစ်ပါတယ်။ တပ်မတော်နဲ့အစိုးရပြေလည်ရုံ နဲ့ ငြိမ်းချမ်းရေးဆိုတာ မရနိုင်ပါဘူး။ သုံးပွင့်ဆိုင်
တွေ့ဆုံနိုင်အောင်ကြိုးစားပေးမှာဖြစ်ပါတယ်။
.
ဒုတိယမေးခွန်းဖြစ်တဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေရဲ့ အခွင့်အရေးတွေအပေါ်
မှာတော့ ကျွန်တော်တို့ SNLD က အမြဲတမ်း ပြောတာရှိပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရမယ်ဆိုရင်
တိုင်းရင်းသားတွေလည်း ကျေနပ်မယ်၊ ရှမ်းပြည် ဆိုလည်း သီးသန့်ဖက်ဒရယ်ဖြစ်လာမယ်။ အခုဆို
အကြောင်းအမျိုးမျိုးကြောင့် TNLA နဲ့ပြဿနာတက်တယ်။ နောက်ပြီး ပအိုဝ်းတိုင်း ရင်းသားတွေလည်း
ကျွန်တော်တို့နဲ့ပြဿနာ တက်တယ်။ တစ်ကယ်တမ်းတော့ ညီအစ်ကို တွေပါပဲ။ အိမ်ကြက်ချင်းအိုးမဲသုတ်ပြီး
အခွပ်ခံ နေရတယ်။ ကျွန်တော်သာ ကိုယ်စားလှယ်ဖြစ်ခဲ့ မယ်ဆိုရင် ရှမ်းပြည်နယ်အစိုးရရဲ့
လုပ်ပိုင်ခွင့် ပါဝါကို မြှင့်တင်ပြီးလုပ်ဆောင်ပါမယ်။ ပြည်နယ် အစိုးရက အရေးအကြီးဆုံးပါပဲ။
ပြည်ထောင်စု အစိုးရဆိုတာကတော့ အမေရိကန်မှာဆိုရင် အပေါ်ပိုင်းသာရှိတာပါ။ သူတို့ကဘာမှ
သိပ် မလုပ်ဘူး။ ပြည်နယ်အစိုးရရဲ့လုပ်ပိုင်ခွင့်က များ ပါတယ်။ ၂ဝဝ၈ အခြေခံ ဥပဒေအရလည်း အင် မတန်မှ အားနည်းပါတယ်။
ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။
.
တတိယမေးခွန်းဖြစ်တဲ့ မြေယာသိမ်းပြဿ နာနဲ့ ပတ်သက်ပြီး အရင်က အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းတို့လည်း
ဟိုနား၊ ဝမ်ပန်းများ မြေယာ ၁၈၄ ဧကကို တပ်မ တော် ကနေ ပြန်လည်စွန့်လွှတ်အောင် SNLD အနေနဲ့
လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေပေါင်းပြီး စွမ်းဆောင်နိုင်ခဲ့
ပါတယ်။ တောင်ပေါ်ဒေသတွေကကျယ်ပြန့် ပြီးတော့ အရင်က ဓားမဦးချ လယ်တွေကိုလုပ်ကိုင်ခဲ့ကြတယ်။
ပုံစံ(၇)၊ ပုံစံ(၁ဝ၅) လယ်ယာ မြေမှတ်ပုံတင် ဘာမှမရှိခဲ့ကြဘူး၊ ဒီလိုပဲလုပ်ကိုင် လာခဲ့ကြတယ်။
ဒါပေမဲ့ နောက်ပိုင်း တန်ဖိုး တွေ မြင့်တက်လာတဲ့အချိန်ကြတော့ လုပ်ပိုင် ခွင့်ရှိတဲ့သူတွေက
အမျိုးမျိုး သိမ်းဆည်းခဲ့ကြ တာပါ။ ဌာနေတိုင်းရင်းသားတွေ၊ အရင်ဓါးမဦး ချလုပ်ကိုင်ခဲ့တဲ့တိုင်း
ရင်းသားတွေကသာ ဒီ မြေယာတွေကို ပိုင်ဆိုင်ပြီးတော့ လုပ်ပိုင်ခွင့် ရှိ သင့် တယ်လို့
ယူဆပါတယ်။ ကျွန်တော်သာ လွှတ်တော်သက်တမ်း ၂ နှစ် လုပ်ခွင့်ရရင် ဒီ ကဏ္ဍကို ပြုပြင်နိုင်ဖို့
ဌာနေတိုင်းရင်းသားတွေ ဘက်က မားမားမတ်မတ်ရပ်တည်ရင်ဆိုင်ပေး သွားမှာ ဖြစ်ပါတယ်။
.
လက်ရှိအစိုးရရဲ့ အဂတိတိုက်ဖျက်ရေးကော် မရှင်ဆိုတာ ရန်ကုန်တိုင်းဥပဒေချုပ်ကိုလည်း ဖမ်းလိုက်တယ်။ ဒါကသိသာထင်ရှားတဲ့အ ပြောင်းအလဲတစ်ခုပေါ့။
သူကတော့ တတ်နိုင်သ လောက် လုပ်နေပါတယ်။ ဒါပေမဲ့ အဓိက ဝန်ကြီး ဌာန ၃ ခုဖြစ်တဲ့ ကာကွယ်ရေး၊
ပြည်ထဲရေး၊ နယ်စပ်ရေးဒီဝန်ကြီးဌာနတွေက သူ့လက်ထဲမရှိ တဲ့အတွက် အခက်အခဲအများကြီးရှိတယ်။
လက်ရှိအစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက် ဖျက်ရေးဆိုတာကို လုပ်ဆောင်နေပေမယ့်ထင်သ လောက်
ခရီးမရောက်ဘူးလို့ထင်တယ်။ ဒါဟာ လဲ ပြည်မဒေသတွေကတော့ အဖြူရောင်ဒေသ တွေဖြစ်တယ်။ ကျွန်တော်တို့ဒေသတွေကျတော့
အညိုရောင်ဖြစ်တဲ့အတွက် ဒီကဌာနတွေမှာ အဂ တိလိုက်စားတာတွေရှိနေမှာပါ။ ဒီဒေသ မှာ တော့
တရားဥပဒေစိုးမိုးမှုအားနည်းပါတယ်။ ဒါတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ဆိုရင် အန္တရာယ်လည်း
များပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန် တော်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့မယ်ဆို
ရင် အဂတိလိုက်စားမှုတွေကို ကိုယ်စွမ်း၊ ဥာဏ် စွမ်းရှိသလောက် အစွမ်းကုန်တိုက်ဖျက်သွားမှာ
ဖြစ်ပါတယ်။
.
ပဉ္စမမေးခွန်းဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ပြောရရင်
ငြိမ်းချမ်းရေးရှိမှ တရား ဥပဒေစိုးမိုးမယ်။ တရားဥပဒေစိုးမိုးမှ ပြည်သူတွေ ရဲ့ဘဝ လုံခြုံအေးချမ်းမှာပါ။
ပြည်သူ့ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေးရအောင်၊ တရားဥပဒေစိုးမိုးမှုရအောင်
တတ်စွမ်းသ လောက် ဆောင်ရွက်သွားမှာပါ။ လက်ရှိနိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင် ၂ဝ၁၂ ခုနှစ်တုန်းက တရားဥပဒေစိုး မိုးရေးကော်မတီမှာ တာဝန်ယူခဲ့ပေမယ့် ထိထိ
ရောက်ရောက် ဆောင်ရွက်နိုင်တာ မရှိခဲ့ပါဘူး။ ခက်ခဲတယ်ဆိုပေမယ်ြ ကျွန်တော့်အနေနဲ့ ငြိမ်း
ချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အ စွမ်းကုန် ဆောင်ရွက်သွားမှာပါ။
.
လဲချားမြို့နယ်အတွက် အဓိကလိုအပ်နေတာကိုပြောရရင် ပညာရေးကကို ထဲထဲဝင်ဝင်ပြု
ပြင်နိုင်ဖို့ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတားဆး ကာကွယ်နှိမ်နင်းရေးကို လူငယ်၊ လူကြီးအားလုံး
ပါဝင်လုပ်ဆောင်သွားဖို့ လိုအပ်မှာဖြစ်ပါတယ်။
.
စိုင်းအောင်ထွန်းလေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
.
ကျွန်တော့်အနေနဲ့ကတော့ မေးခွန်းအား လုံးကို ခြုံငုံပြီးတော့ဖြေပါ့မယ်။
လက်ရှိကျွန်တော်တို့ အာဏာရပါတီအနေနဲ့ နိုင်ငံတော်ကို အလုံး စုံသော အကောင်းဆုံးဖြစ်အောင်
ခေါင်းဆောင် တွေ က ဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့ သူတို့ ချမှတ်ထားတဲ့ လမ်းညွှန်ဦးဆောင်မှု
အ တိုင်း လုပ်ဆောင်သွားဖို့ရှိပါမယ်။ လဲချားမြို့နယ်အတွက် အဓိက လိုအပ်ချက် ကတော့ လမ်းတွေအရင်ကောင်းအောင်လုပ်ရမှာ
ဖြစ်ပါတယ်။
.
.
.
#KBZTai #Shan