ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ စပါးစိုက် တောင်သူများအား နှံဖျက်ပိုးအန္တရာယ် အသိပညာပေး နှိုးဆော် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ စပါးစိုက် တောင်သူများအား နှံဖျက်ပိုးအန္တရာယ် အသိပညာပေး နှိုးဆော်


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ရှမ်း ပြည်နယ်အရှေ့ပိုင်း ဒေသတွင်းရှိ ရာ သီ စပါးစိုက်တောင်သူများအား နှံဖျက် ပိုးအန္တရာယ် အသိပညာပေး နှိုးဆော် ရေးအစီအစဉ်အား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.
နှံဖျက်ပိုးသည် ငမြှောင်တောင်ပိုး နှင့် မျိုးရင်းတူပြီး ၂ဝ၁၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ဒေသ၌ စတင်ကျရောက်ဖြစ်ပွားခဲ့ကာ ၂ဝ၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်တောင် ပိုင်းရှိ ဒေသအချို့၌ ပျံ့နှံ့ဖြစ်ပွားခဲ့ သော ငမြှောင်တောင်ပိုးနှင့် အတူ ဆက် စပ်တွေ့ရှိရသည့် ပိုးနမူနာများ အား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာ ကွယ်ရေး ဌာနခွဲသို့ ပေးပို့၍ ဓာတ်ခွဲ စမ်းသပ်ရာမှ နှံဖျက်ပိုး ပါဝင်ခဲ့ခြင်းဖြစ် သည်ဟု ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ် စိုက်ပျိုးရေး ဦးစီးမှူးရုံးမှ သိရသည်။
.
ယင်းကဲ့သို့ လယ်စပါးခင်းများ တွင် ကျရောက်တတ်လေ့ ရှိသော နှံ ဖျက်ပိုးနှင့် ပတ်သက်၍ ကျိုင်းတုံမြို့ရှိ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယပြည် နယ်ဦးစီးမှူး ဦးတင်ဦးက ''မိုးရွာချိန် မှာ ရေလျှံနစ်မြှုပ်ခဲ့တဲ့ လယ်တွေမှာ ရေပြန်ကျသွားတာနဲ့ နှံဖျက်ပိုး ကျ ရောက်ဖျက်ဆီးလေ့ ရှိပါတယ်။ နှံဖျက် ပိုးလို့ နာမည်ပေးထားပေမယ့် အနှံ မထွက်သေးခင် စပါးပင်ကိုလည်း ကိုက်ဖြတ် ဖျက်ဆီးတတ်လေ့ ရှိတာ ကြောင့် တောင်သူတွေရဲ့လယ်မှာ သေ ချာ ဂရုစိုက် ကာကွယ်ဖို့ လိုအပ်ပါ တယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
နှံဖျက်ပိုး ကျရောက်ခြင်းမှာ ကာ ကွယ်နိုင်ရန်အတွက် စိုက်ပျိုးထားသည့် စပါးခင်း၏ ပတ်ဝန်းကျင် လယ်ကန် သင်းများနှင့် လယ်စပ်နေရာများတွင် ပေါင်းမြက်များ ရှင်းလင်းပေးရန် လို အပ်ပြီး ရေနှင့်အတူ ပါလာတတ်သည့် နှံဖျက်ပိုးဥများ၊ အကောင်များသည် ရေကျသွားချိန်တွင် စိုက်ပျိုးထားသည့် စပါးခင်းနှင့် ပေါင်းမြက်များ၌ တွယ် ကပ်ကျန်နေပြီး ကိုက်ဖြတ်ဖျက်ဆီး တတ်လေ့ ရှိကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေး ရွာအုပ်စု၊ မတ်ကျန်းကျေးရွာနေ လယ် စပါးစိုက်တောင်သူ ဦးလော်ဆာက ''စပါးတွေပျက်စီး ဆုံးရှုံးရတဲ့အထိတော့ ပိုးကျတာမျိုး တစ်ခါမှ မကြုံခဲ့သေးပါ ဘူး။ ကျွန်တော်တို့ ဒေသက လယ် သမားတွေက ကိုယ့်လယ်ကိုယ် ပေါင်း မြက်ရှင်းတာနဲ့ နေ့စဉ် ဂရုစိုက်ကြည့် တာတွေ လုပ်ကြပါတယ်။ လယ်ထဲ မှာ ခရုဖြစ်စေ၊ ပိုးမွှားဖြစ်စေ တွေ့တာ နဲ့ ဆေးဖြန်းပါတယ်။ မိုးစပါးစိုက်ပြီး ရင် နွေစပါးလည်း ထပ်စိုက်နေတာ ဆို တော့ လယ်ကို အပျက်စီး မခံပါဘူး'' ဟု ၎င်း၏ အတွေ့အကြုံအား ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မိုင်း ဆတ်ခရိုင်တို့တွင် ၂ဝ၁၈-၁၉ မိုးစပါး ရာသီ၌ တောင်ယာစပါးနှင့် လယ်စပါး ၂၈၃၁၂၅ ဧက စိုက်ပျိုးထားပြီး လယ် စပါး ၁၆၃၄၁၄ ဧက ရှိသဖြင့် မိုးရွာ သွန်း၍ ရေကြီးရေလျှံ နစ်မြှုပ်လေ့ရှိ သော လယ်စပါးစိုက်ခင်းများတွင် နှံ ဖျက်ပိုးအန္တရာယ် ကင်းဝေးစေရန်အ တွက် မြေစိုက် ပိုစတာများ စိုက်ထူ ကာ ပညာပေးခြင်း၊ တောင်သူများအား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats