ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် စုစုပေါင်း
၁ဝ၂ ဦးသာ ရှိပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးလျှင် မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်
အစီးရေ ၅ဝဝဝ ကျော် တာဝန်ယူ ထိန်းသိမ်းဆောင် ရွက်နေရကြောင်း သိရသည်။
.
.
မော်တော်ဆိုင်ကယ်များအား ရောင်ပြန်စတစ်ကာ တပ်ဆင်ပေး ခြင်း၊ လက်ကမ်းစာစောင်များ
ဖြန့် ဝေပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း အသိပညာပေး လှုပ်ရှား မှုများကို စက်တင်ဘာလ ၂၁ ရက်က တောင်ကြီးမြို့တွင် ပြုလုပ်ရာ
အဆိုပါ လှုပ်ရှားမှုတွင် အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးဇော်အောင်က
ယင်းကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
''ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အား က ရှမ်းတောင်တစ်ခုလုံးမှာ ၁ဝ၂ ဦး
ရှိပါတယ်။ အဲဒီတော့ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်နဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် အချိုးကျတွက်ချက်ကြည့်
မယ်ဆိုရင် ယာဉ်ထိန်းရဲတစ်ဦးဟာ မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် အစီးရေ ၅ဝဝဝ လောက်ကို
ထိန်း သိမ်းနေရတဲ့ အနေအထား ရှိပါ တယ်။'' ဟု ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂ဝ၁၈ ခုနှစ်အတွင်း စည်းကမ်းပျက် မော်တော်ယာဉ်
၃၁၅ စီး၊ စည်းကမ်း ပျက် မော်တော်ဆိုင်ကယ် ၇၂၅ စီး အား အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan