တောင်ကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နှင့် ဓါတ်တိုင်အချို့ ပြိုလဲပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နှင့် ဓါတ်တိုင်အချို့ ပြိုလဲပျက်စီး

ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်တင်ဘာလ ၁၇ ရက်၊ ညပိုင်းအချိန်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ညောင်ဖြူစခန်းရပ်ကွက်၊ နယ်မြေ (၆) ရှိ ကမ္မဋ္ဌာန်းကျောင်းတိုက်ရှေ့တွင် သက်တမ်းရင့် သစ်ပင် ၁ ပင် လဲကျခဲ့ပြီး ဓါတ်တိုင် ၆ တိုင် နှင့် အုတ်တံတိုင်း ၄ ခန်း ပျက်စီးခဲ့ကြောင်း သိရသည်။
.
.
ထို့အတူ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း အဝင်ဆိုင်းဘုတ် အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပျက်စီးမှုများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာ့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းရှင်းလင်းလျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats