အောင်ဆန်းဝင်း
.
မဆုံတာ ကြာတဲ့ကျောင်းနေဖက် သူငယ် ချင်းတစ်ယောက်နဲ့ ထွေရာလေးပါး
စကားလေး ကောင်းတုန်း ကိုစိုင်းရေ မင်္ဂလာပါ။ ကျွန်တော် ကျွန်မတို့ ဘယ်အရပ်ဘက်ဒေသက လာကြတာ
ပါ။ ဝါတွင်းကာလ သံဃာတော်တွေ ဆွမ်းဆက် ကပ်လှူဒါန်းဖို့ လာရောက်အလှူခံကြတာ ဖြစ်ပါတယ်။
သံဃာတစ်ပါးအတွက် တစ်ရက်ကို နှစ်ရာကျပ် ကျသင့်ပါတယ်။ ကိုစိုင်းတို့အနေနဲ့ သံဃာတစ်ပါး
တစ်လစာလှူဒါန်းလို့ ရပါတယ်။ အမျိုးဘာသာ၊ သာသနာကို တစ်ဖက်တစ်လမ်း တတ်နိုင်တဲ့ဖက်က ထောက်ပံ့ကူညီရာရောက်ပါ
တယ်။ မရှိလို့ မလှူ၊ မလှူလို့ မရှိစကားလို အခွင့်အခါ သင့်တုန်း သာသနာ အကျိုးသယ်ပိုး
ခွင့် ရတာ အလွန်အင်မတန် ဝမ်းမြောက်စရာတစ်ခုပါ။ အရပ်လူကြီး၊ မြို့လူကြီး ထောက်ခံချက်လည်း
ပါပါတယ်ဆိုတဲ့အသံနဲ့ တူညီဝတ်စုံဝတ် အလှူခံလေးငါးယောက် ဆိုင်ပေါ်ရောက်လာတယ်။
အကြောင်းနဲ့ အကျိုးခေါင်းချင်းများဆိုင်ရင် သိကြားမင်းဖျက်တောင်
မပျက်ဘူး ပြောရ မလားဘဲ။ တွတ်တွေ၊ ပတ်လည်တွေ ယောင် လို့တောင် ခြေဦးမလှည့်ဘူး။ လုံးဝဒဲ့ပါဆို။
သူ ငယ်ချင်းနာမည်က အစိုင်း။ အရပ်ထဲက ကိုစိုင်း လို့ ခေါ်ကြတယ်။ ဝင်လာတဲ့ လူတွေက ကိုစိုင်း
ရေ မင်္ဂလာပါ ဆိုပြီးစကားဦး သန်းလာကြတာ။ အကြောင်းရင်းက သံဃာတော်များ ဆွမ်းဆက် ကပ်လှူဒါန်းဖို့ခေါင်းစဉ်နဲ့
အလှူခံလာကြတာပါ။ မြန်ပြည်တစ်ဝှမ်း၊ ရှမ်းပြည်တစ်ခွင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေဆိုတာ ရပ်ဆွေရပ်မျိုးများသိ
တဲ့အတိုင်း။ အဆင်ပြေတာ၊ မပြေတာ အသာ ထား ကိုယ့်အမျိုးဘာသာ သာသနာအတွက်ဆို ဘယ်တုန်းကမှ
လက်တွန့်တယ် မရှိခဲ့ပါဘူး။ နည်းများမဆို နိုင်သလောက် လှူကြတန်းကြတာ များပါတယ်။ တစ်မူးရလို့
တစ်ပဲလှူ ဒို့ရှမ်းတောင် သူ တုနိုင်ရိုးလားဆိုတဲ့စကားတောင် ရှိသေး တယ် မဟုတ်လား။
.
အခုလည်းကြည့်၊ နာမည်တည့်တည့်ခေါ်တဲ့ အလှူခံတွေ ကြွမြန်းလာကြတာဆိုတော့
တစ်ချိန်တစ်ခါ၊ တစ်ဘဝ တုန်းက တွေ့ဖူးတဲ့လူတွေ များ ဖြစ်နေမလား။ တစ်နေရာက အချွန်နဲ့မ
နတ်လမ်းညွှန် ကောင်းမှုကြောင့် ရောက်လာကြ တာလား။ အတည်ပေါက်နဲ့ တည့်တည့်ကြီးနာ မည်ခေါ်လိုက်ပြန်တော့
တကယ်သိလို့ ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာကြသလို။ ရုတ်တ ရက်ဆိုတော့ သကောင့်သားနှစ်ယောက်
သူ့မျက် နှာကိုယ်ကြည့်၊ ကိုယ့်မျက်နှာ သူကလှမ်းရှိုး၊ မျက်လုံးခြင်း စကားပြောတုန်းရှိသေး
အခုလိုလှူ ဒါန်းရတဲ့ အကျိုးကျေးဇူးကြောင့် စီးပွားလာဘ် လာဘများ ဆထက်ထမ်းပိုး တိုးတက်များပြားပါ
စေ။ ရောင်းပန်းသာလို့ ဝယ်ပန်းများလှပါစေ။ မျက်နှာမြင် ချင်ခင်တဲ့ဆုနဲ့ ပြည့်စုံပါစေ။
ရောက် လေရာဘဝမတောင့်မတ၊ မကြောင့်မကျ ဖြစ်ပါ စေ။ နိဗ္ဗာန်ကို အမြန်ဆုံးမျက်မှောက်ပြုနိုင်ပါစေ
လို့ ဆုတွေဒလဟော ပေးပါလေရော။
.
တကယ်ပါ။ အဟုတ်လှတဲ့ အဆင်လို့ပြော ရမှာပါ။ ဘာမှ ဆုံးဖြတ်ချက် မချခင်ဆုတွေတစ်
သီကြီး ပေးနေတော့ ကန်တော့ဆွမ်းလုပ်ရင် ရိုင်းရာကျသလို ဖြစ်တော့မယ်။ လှူမယ်တန်း မယ်လုပ်တော့
ကြွမြန်းလို့ရောက်လာတာတွေက အတည်ပေါက်လား။ ဂျင်းတွေလား ကွဲကွဲပြား ပြား ခွဲခြားရခပ်ခက်ခက်
ရယ်ပါ။ တံဆိပ်တုံး ထုထားတဲ့ စာရွက်စာတမ်းလှမ်းကြည့်တော့ ကတ်တောင် မလောင်းနိုင်လို့
တွေ့ကရာပလပ်စ တစ်အပိုင်းအစကြားမှာ မျက်စိသူငယ်နား သူ ငယ်နဲ့။ သက္ကရာဇ် ဘယ်လောက်ဟာမှန်း
မသိ လောက်အောင် အရောင်အဆင်းက မွဲခြောက် ခြောက်၊ မှုန်ဝါးဝါး ဖြစ်နေပါသေးတယ်။ ခက် တာက
ချည်ပြီးတုတ်ပြီးဆုတွေ တစ်သီကြီးနဲ့ ဘာမှ လုပ်မရတော့ဘူး။ အလှူရှယ်ယာ၊ ကုသိုလ်ရှယ်ယာလုပ်တဲ့
အနေနဲ့ နှစ်ယောက်ပေါင်း သံဃာတစ်ပါး တစ်လစာမြန်မာငွေ ကျပ်ခြောက် ထောင် လှူဒါန်းသမှု ပြုလိုက်ပါတယ်။
.
လှိုင်လှိုင်ကြီး ပြုသွားတဲ့ ဆုတောင်းသံတွေ ကို စိတ်ဝယ်ပိုင်ပိုင်
နှလုံးသွင်းပြီး ရေစက်ချအမျှ ဝေမယ် ကြံတုန်း (စိတ်ကူးနဲ့) ဆိုင်နီးနားချင်း ဆွေမျိုးရင်းတွေ
ရေးကြီးသုတ်ပြာဆိုင်ပေါ် ရောက်လာကြပါတယ်။ အခုလာတဲ့ အလှူခံတွေ က တကယ်အစစ်ဟုတ်ရဲ့လား။
ပုံစံတွေ သိပ်မ မှန်သလိုပါပဲ။ ငါတို့ကတော့ သိပ်မသင်္ကာဘူး။ ဆိုင်ပေါက်စေ့ကို စိုင်းရေ၊
ပီနန်းရေနဲ့ လုပ်သွား ကြတာ။ ရပ်ကွက်ရုံး သွားမေးကြည့်ရင်ကောင်း မယ် ထင်တယ်။ အလှူအတန်းအတွက်
စေတ နာ တော့ ရှိပါတယ်။ စိတ်မပါလို့ ပိုက်ဆံပြန် လိုက်တောင်းမယ် လုပ်တဲ့လူက လုပ်။ တစ်
ယောက်ဆီက တစ်မျိုး ထင်မြင်ချက်မျိုးစုံ ကြား ရတော့ စိတ်ပျက်လက်ပြတ် စိတ်ကူးနဲ့ ချမယ့်
ရေစက်၊ စိတ်ကူးနဲ့ ဝေမယ့် အမျှလေး ရှေ့ ဆက်တိုးရမလား။ ရောက်တဲ့နေရာ ရပ်ထားရ မလား။ နောက်ပြန်ဆုတ်ပြီး
ပိုက်ဆံလိုက်တောင်း ရမလိုနဲ့ ကန့်လန့်ကြီးကိုဖြစ်လို့။
.
မသက်သာတဲ့အဆုံး ဘယ်သူမပြု မိမိမှု ပေါ့။ ကိုယ်ပြုသည့်ပဲ့တင်သံ ကိုယ့်ထံ
ပြန်လာ မည်။ ပြတ်လက်စ စိတ်လေး ပြတ်ပါစေတော့ လို့ ကိုယ်စိတ်နှလုံး ဒုန်းဒုန်းချလိုက်ပါတယ်။
ဟုတ်တယ်လေ။ အတည်လား၊ ဂျင်းလားလိုက် တွေးနေရင် အရင်ဆုံးလောင်မီး ကျမှာက ကိုယ် တိုင်။အမှန်အကန်ဆိုရင်
ကိုယ့်အလှူနဲ့ကိုယ့်သံ ဃာတွေအပေါ် မျက်နှာပျက်စရာ ဖြစ်မယ်။ ဂျင်းထည့်တဲ့လူတွေဆို ပြန်ရင်လည်း
ချက်ချင်း လက်ငင်း ဘာပုဒ်မနဲ့ စွဲချက်ကောက်တင်ရမှန်း မသိ။ သိတယ်ဆိုဦးတော့ တရားလို
လိုလို၊ သက်သေလိုလို မပြီးမပြတ်နိုင်တဲ့ ရုံးချိန်းတွေ သွားတက်ရရင် သိပ်တော့ ဇယားမကပ်လှဘူး။
အခုပဲကြည့်။ တစ်အိမ်တက်ဆင်း၊ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကိုစိုင်းရေ၊ ပီနန်းရေနဲ့ အလှူ
ငွေ ကောက်တဲ့လူက ကောက်၊ လှူတဲ့လူက လှူ။ နောက်မှ သမက်သူခိုးထင်သလို ယုံထင် ကြောင်ထင်
ဖြစ်။ နေရင်းထိုင်ရင်း လောင်မီး ကျတယ် ပြောရမှာပေါ့။
.
အမှန်အမှား အသာထား။ အတည်ပေါက် ဖြစ်ဖြစ်။ ဂျင်းလာဖောက်တာ ဖြစ်ဖြစ်
အရပ် ထဲကလူတွေ သံသယပွားတာ အပြစ်ပြောလို့ မရပြန်ဘူး။ ဘာသာရေးအကြောင်းပြချက်၊ လူ မှုရေးအကြောင်းပြချက်၊
မိဘမဲ့ ကလေးများ ပြု စုစောင့်ရှောက်ရေး၊ ဆယ့်နှစ်ရာသီ ကြုံတွေ့ရ တဲ့ ကပ်ဘေးအပေါင်း၊
တစ်သက်လုံး မပြီးနိုင် မစီးနိုင် ဆောက်နေတဲ့ ကျောင်းဆောင်သစ်ကြီး မရေတွက်နိုင်အောင်
များပြားတဲ့ ပုထိုးစေတီ တွေ ကြားစေတီအသစ် ထပ်မတည်ရင် နောက် ဘုရား မပွင့်မယ့်ခေါင်းစဉ်မျိုးနဲ့
လာလိုက်တဲ့ပ ရဟိတ အကျိုးတော်ဆောင်တွေဆိုတာ လက်ပံ ပင် ဆက်ရက်ကျသလားမှတ်ရပါတယ်။ အဲဒီ
လို ဗလချာထ၊ ဗွက်ပေါက်နေတဲ့ ချလံတွေထဲ စိတ်ရင်းအမှန်နဲ့ တကယ်လိုအပ်ချက် ဖြည့်ဆည်း ပေးတဲ့အသင်းအဖွဲ့
အမြောက်အများရှိသလို၊ လိုအပ်ချက် ရှိတဲ့နေရာတွေကို အကြောင်းပြု ပြီး ကိုယ်ကျိုးရှာတဲ့
စုန်းပြူးတွေ မနည်းမနော ပါ။
.
သွားရင်းလာရင်း ဆုံတွေ့ရတတ်တဲ့ အလှူ ခံနည်းတစ်မျိုးကလည်း စိတ်ထဲအတော်မသက်မသာ
ဖြစ်ရပါတယ်။ ဘာမှမလိုချင်လို့ သံသရာ တစ်ခန်းဖြတ် မြတ်နိဗ္ဗာန်ကြွမြန်းတဲ့ နှစ်ကျိပ်ရှစ်ဆူ
ရုပ်ပွားတော်မြတ်တွေကို ကားပေါ်တင်၊ မြို့ လုံးပတ်လည် ရပ်ကျော်ရွာကျော်လှည့်၊ ဖလား ကိုယ်စီကိုင်ထားတဲ့လူတွေက
ကားဘေးဝဲယာ ရှေ့နောက်အပြည့်။ တစ်ဆိုင်ဝင် တစ်အိမ်ထွက် တစ်လမ်းဝင် တစ်မြို့ထွက် အလှူခံကြတယ်။
အထူအပါး နားမလည်တာလား လောဘဇော လေးတိုက်ကြား မပြောတတ်။ ညနေစောင်းအ ချိန်ထိ ရုပ်ပွားတော်မြတ်များက
ကားပေါ်မှာ မိုးတိုးမတ်တပ်နဲ့ မြင်လို့ မကောင်းလှပါဘူး။ အလှူအတန်း ရက်ရောတဲ့ တိုင်းပြည်မှာ
ဘု ရားရှင် ရုပ်ပွားတော်မြတ်များကို အသုံးပြုပြီး အလှူခံ ထွက်တာ သင့်တော်ခြင်း မရှိဘူးလို့
ယူဆမိပါတယ်။ မဖြစ်မနေဆိုလည်း အချိန် အခါလေး ကြည့်ဖို့ လိုအပ်တာ အမှန်ပါ။
.
နောက်တစ်မျိုးတိုးတဲ့ အလှူခံကြတော့ မျက်နှာပေး၊ ဂိုက်ပေးကြမ်းတယ်
ပြောရမှာပေါ့။ ထုံးစံအတိုင်း စာရွက်စာတမ်း တွေနဲ့ ရောက်လာ တယ်။ သူတို့လက်သုံးစကား ဖြစ်တဲ့
ဘယ်အရပ် ဘယ်ဒေသက လာကြတာပါ။ မိဘမဲ့ကလေး ငယ်များ၊ နွမ်းပါးတဲ့ ကလေးများအတွက် လာရောက်အလှူခံခြင်း
ဖြစ်ပါတယ်။ တစ်ရက်စာကို ဘယ်လောက်၊ တစ်နပ်စာကို ဘယ်လောက်နှုန်း လှူဒါန်းလို့ ရတယ်တဲ့။
မြန်မာပြည်မှာက အားလုံးသိကြတဲ့အတိုင်း။ ဘယ်အရပ်ဒေသ မဆို မိဘမဲ့ကလေး၊ နွမ်းပါးတဲ့ ကလေးတွေကို
ပြုစုစောင့်ရှောက်ရတာ လက်လည်တယ်လို့ကို မရှိပါဘူး။ တောင် အရပ်ကို မြောက်အရပ် မကြည့်နိုင်တဲ့
အ နေအထားပါ။ ကိုယ့်အရပ်ဒေသတောင် လောက် ငအောင် မနည်းရုန်းနေရတော့ နောင်တစ် ကြိမ်တတ်နိုင်တဲ့အခါ
လှူဒါန်းသမှု လုပ်မယ် လည်းဆိုလိုက်ရော မောင်မင်းကြီးသား၊ မိစိမ်း ကားတို့ ဆောင့်ခနဲ
ထိုးလိုက်တဲ့ မျက်စောင်း ဆိုတာ ပြာကျသွားမလားပါပဲ။
.
အလှူရေစက် လက်နဲ့မကွာတဲ့ တိုင်းပြည် ရက်ရောမှုအပေါင်း သရဖူဆောင်းချက်က
အ မေရိကန်ကိုတောင် နောက်ကောက်ချထားတဲ့ တိုင်းပြည်။ (ပြည်လုံးကျွတ် လူမွဲစာရင်းဝင်တာ
က တစ်ကဏ္ဍပေါ့)။ တစ်မူးရလို့ တစ်ပဲလှူ ဒို့ ရှမ်းတောင်သူ တုနိုင်ရိုးလား ဆိုတဲ့ ရှမ်းပြည်။
သဒ္ဓါပေါက်ရင် အလှူခံကိုယ်တိုင်လာရောက် စရာမလိုအောင် ရှာကြံလှူဒါန်းတတ်ကြပါတယ်။ အဲဒီလို
ဖြူစင်ရိုးသားတဲ့ စိတ်အခံပေါ်သင့်တော် ၏။ မသင့်တော်၏။ လုပ်သင့် မလုပ်သင့် ရှေ့ နောက် မစဉ်းစားတဲ့လူတချို့ လုပ်ရပ်က ဆွမ်း ဆန်ထဲ
ကြွက်ချေးရောဆိုသလို နေရာတိုင်းရှိ နေတတ်ပါတယ်။ မရရင် သရေ၊ ရသလောက် အမြတ်ဆိုတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေကြောင့် မှန် မှန်ကန်ကန်
ဆောင်ရွက်တဲ့ အသင်းအဖွဲ့တွေရဲ့ ပုံရိပ်ကို ထိခိုက်နစ်နာမှု ဖြစ်စေပါတယ်။ ကို စိုင်းရေ၊
ပီနန်းရေဆိုပြီး ဂျင်းအလှူခံများလည်း ရောက်လာတတ်တာမို့ သတိပြုနိုင်အောင် ရေး သားတင်ပြလိုက်ရကြောင်းပါ။
.
.
.
#KBZTai #Shan