ကျိုင်းတုံကုန်သွယ်ရေး လမ်းကြောင်းတွင် ပို့ကုန်တိုးမြှင့်ရန် လိုအပ်နေဆဲဖြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံကုန်သွယ်ရေး လမ်းကြောင်းတွင် ပို့ကုန်တိုးမြှင့်ရန် လိုအပ်နေဆဲဖြစ်



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး၏ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာရေးနှစ် လျာထား ချက်အရ အမေရိကန်ဒေါ်လာ ၅ သန်း ရရှိရန် ရည်မှန်းထားသော်လည်း ယင်းကာလအတွင်း၌ ကျိုင်းတုံခရိုင် အတွင်းရှိ ကုန်သွယ်ရေးလမ်းကြောင်း အား ထိန်းချုပ်နိုင်ခြင်း မရှိသည့်အ တွက် လျာထားချက် ပြည့်မီခဲ့ခြင်း မရှိကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့ရှိ ပို့ကုန်သွင်းကုန် ရုံအား စတင်ဖွင့်လှစ်ခဲ့သည့် ၂ဝ၁၄ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာ လကုန်အထိ ကာလအတွင်း ကုန်သွယ်ရေးလမ်းကြောင်းအား ထိန်း ချုပ်ရန် သြဘငူနွှနော ဖြင့် စစ်ဆေး ဆောင်ရွက်နိုင်ခဲ့သည့် အတွက် ယင်းကာလအတွင်း ကုန်သွယ်မှုတန်ဖိုး မြင့်တက်ခဲ့သော်လည်း နောက်ပိုင်း တွင် နှစ်စဉ်ပို့ကုန်သွင်းကုန် တန်ဖိုးများ လျော့နည်းကျဆင်းလာခဲ့သည်ဟု သိရသည်။
.
''၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလကုန် မှာ Mobile Team ကို ဖျက်သိမ်းဖို့ အမိန့်ထွက်လာခဲ့ပါတယ်။ တစ်ဆက် တည်းမှာပဲ ကျိုင်းတုံ-မိုင်းလားလမ်း မှာရှိတဲ့ ဝမ်တာပင်းဂိတ်ကို ၂ဝ၁၆ နှစ်ကုန်လောက်မှာ ပိတ်သိမ်းခဲ့တာ ကြောင့် နောက်ပိုင်းမှာ လက်ဖက် ခြောက်နဲ့ ရာဘာပို့ကုန်တန်ဖိုး မြင့်ခဲ့ ပေမယ့် နောက်ထပ်တရားဝင် ပို့ကုန် တွေ တိုးတက်ဖို့ လိုနေပါသေးတယ်'' ဟု ကျိုင်းတုံမြို့ရှိ ကုန်သွယ်ရေး ဦး စီးဌာန ပို့ကုန်သွင်းကုန်ရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော် မိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့ရှိ ပို့ကုန်သွင်းကုန် ရုံသည် ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ တွင် ရပ်တန့်နေခဲ့သည့် လက်ဖက်ခြောက် အား တစ်နှစ်အကြာ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လတွင် ပြန်လည်တင်ပို့နိုင်ခဲ့ ပြီး ယင်းသြဂုတ်အတွင်း၌ လက်ဖက် ခြောက်နှင့် ရာဘာတန်ချိန် ၄၂ တန် အား တရားဝင် တင်ပို့ခဲ့ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ဝ ဒသမ ဝ၂၈ သန်း ရရှိခဲ့ကြောင်း သိရသည်။
.
ပို့ကုန်သွင်းကုန် လုပ်ငန်းစဉ်တွင် ဝါးဥ (ခ) တောဂျင်း၊ တစ်ရှူးငှက် ပျော၊ ဆန်၊ နှမ်းဖြူနှင့် အုံတုံခေါက် (ခ) သစ်ခေါက်များမှာ တရားဝင် ပို့ ကုန်လိုင်စင် လာရောက်လျှောက် ထားပြီး တင်ပို့နိုင်ခြင်း မရှိသေး ကြောင်း ကျိုင်းတုံမြို့ရှိ ပို့ကုန်သွင်း ကုန်ရုံး၏ ထုတ်ပြန်ချက်အရ သိရ သည်။
.
ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင် ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နေ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးစိုင်းလုံက ''ကျွန် တော်တို့ ကုန်သည်လုပ်ငန်းရှင်တိုင်း က တရားဝင် စာရွက်စာတမ်း အထောက်အထားနဲ့ ကုန်သွယ်လုပ်ငန်း လုပ်မယ်ဆိုရင် အစိုးရလည်း ထိုက် သင့်တဲ့ ဝင်ငွေ တိုးတက်ရမှာဖြစ်ပြီး ကုန်သည်လည်း စိတ်အေးချမ်းသာ ဖြစ်အောင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းတွေ အနေနဲ့ လမ်းခရီးချော မွေ့စေရေးအတွက် ကူညီဆောင်ရွက် ပေးစေချင်ပါတယ်''ဟု ¤င်း၏ သ ဘောထားအမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်၏ ကုန်သွယ် ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် မိုင်းလားရှိ ဝမ်တာပင်းဂိတ်အား ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် လုံခြုံ ရေးအရ ပိတ်ထားခဲ့ပြီးနောက် တ ရားဝင်ကုန်သွယ်ရေးလမ်းကြောင်း သစ်အဖြစ် မိုင်းခတ်-မိုင်းယန်းလမ်း အား ကုန်သွယ်မှုပြု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats