ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် သောက်သုံးရေအတွက်
စည်ပင်သာယာရေးဌာနမှ ဖြန့်ဝေပေး လျက်ရှိသည့် စည်ပင်သာယာရေ မရရှိသောကြောင့် မိုးရာသီကာလ၌ပင်
သောက်သုံးရေ အခက်အခဲ ရှိနေ ကြောင်း မြို့နေလူထုများထံမှ သိရ သည်။
.
.
ကျိုင်းတုံမြို့ပေါ်ရပ်ကွက်နှင့် မြို့ သစ်ကျေးရွာရှိ နေရာအချို့သည်
တောင်ကုန်းနေရာများဖြစ်ပြီး မိသားစုလိုအပ်ချက် ဖြစ်သည့် သောက်သုံးရေ ရရှိရေးအတွက် ရိုးရိုးလက်တူး
ရေတွင်းနှင့် မြေအောက်စက်ရေတွင်း တူးဖော်၍ မရရှိနိုင်သည့် နေရာများ တွင် ကျိုင်းတုံမြို့နယ်
စည်ပင်သာ ယာရေးဌာနမှ ဖြန့်ဝေပေးနေသည့် ရေကိုသာ အမှီသဟဲပြု အားကိုးနေ ရသော်လည်း ယခုအခါ
ရေပြည့်ဝစွာ မရရှိသဖြင့် ပုဂ္ဂလိက ရေရောင်းချသူ များထံမှ ဝယ်ယူသုံးစွဲနေရကြောင်း သိရသည်။
ယင်းကဲ့သို့ ပုဂ္ဂလိက ရေရောင်းချသူများထံမှ ဝယ်ယူရာတွင် လေးထောင့်သံပုံး
၂ ပုံး၊ ရေ ၁ ထမ်းလျှင် ၂၅ဝ ကျပ်ဖြင့် ဝယ်ယူနေရပြီး ၃၆ ထမ်း ပါဝင်သော ရေစည်ကား ၁ စီး
လျှင် ကျပ် ၈ဝဝဝ ဖြင့် ဝယ်ယူသုံး စွဲနေရသည်ဟု သိရသည်။
.
''ကျွန်မတို့အိမ်မှာ မိသားစု ၄ ယောက်ရှိပြီး ချက်ပြုတ်သုံးစွဲဖို့နဲ့
လျှော်ဖွပ်၊ ရေချိုးဖို့အတွက် ရေစည် ကား ၁ စီးဆိုရင် ချွေချွေတာတာနဲ့ သုံးတာတောင်မှ
၃ ရက်ပဲ သုံးရပါ တယ်။ အခုလို မိုးတွင်းကာလမှာ မိုး ရေကို အားကိုးနေရလို့ ရေချိုး၊ လျှော်ဖွပ်ဖို့
ကုန်ကျစရိတ် သက်သာပေ မယ့် မိုးမရွာတဲ့အချိန်ဆိုရင်တော့ ရေ ဖိုးက မသက်သာပါဘူး''ဟု ကျိုင်း
တုံမြို့နယ် မိုင်းဇင်ကျေးရွာအုပ်စု၊ ဟွေခါးရွာနေ အိမ်ထောင်ရှင်တစ်ဦး က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အလားတူ သောက်သုံးရေအတွက် နေ့စဉ်ရေဝယ်ယူ သုံးစွဲနေရ သည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်
ဦး ကျော်ကလည်း ''လက်ရှိ စည်ပင်ရေ ကတော့ အဆင်မပြေပါဘူး။ ရေက လက်ဖက်ရည်ရောင် ပေါက်နေတယ်။
ရေစည်မှာ အနည်မထိုင်မချင်း စောင့် ဖို့လည်း မဖြစ်နိုင်တော့ ရေဝယ်သုံး နေရတယ်။ အခုနောက်ပိုင်း
စည်ပင် ရေတောင် မမျှော်တော့ပါဘူး''ဟု ¤င်း၏ အတွေ့အကြုံအား ပြောကြား ခဲ့သည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးကော်မတီသည် တောင်ကြီးလမ်း ၈ မိုင်
တံတားဖြူရှိ ရေစစ်ကန်မှ ကျိုင်းတုံမြို့သို့ ၈ လက်မအရွယ် ရေ သွယ်ပိုက် ၂ လုံးဖြင့်
ရေသွယ်ယူကာ ရေပေးဝေနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထား သော်လည်း ရေစစ်ကန် အတွင်းသို့
သွယ်ယူထားသည့် နမ့်အောချောင်းမှာ အမှိုက်နှင့် သဲ နုန်းများ စီးဝင်ပို့ချနေမှုကြောင့်
ရေ စစ်ကန် အထက်ရှိ နမ့်ကွီချောင်းမှ သွယ်ယူပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်ဟု
သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၁ အုပ်
စု၊ ကျေးရွာပေါင်း ၆၄၁ ရွာနှင့် လူ ဦးရေ စုစုပေါင်း ၁၆၉၇၃ဝ ဦးရှိပြီး သောက်သုံးရေ
ပေးဝေရေးအတွက် ၈ မိုင် တံတားဖြူ (ပန်ကြူ)ရှိ နမ့် အော်ချောင်းရေတင် ရေပေးဝေရေး၊ ရပ်ကွက်
(၁)ရှိ ဟွေဖျန်းသဘာဝ စိမ့် စမ်းရေထွက်နှင့် ရပ်ကွက် (၂)ရှိ ခေ မင်းရေလှောင်ကန်တို့မှ
ဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan