စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်း၌ ယခု ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လ အထိ
၈ လတာ ကာလအတွင်း လူ ကုန်ကူးမှု ၄၄ မှု ဖော်ထုတ်ဖမ်းဆီးအ ရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း
ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်း ထွဋ်က ပြောကြားခဲ့သည်။
.
.
ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်း
အနားကို စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ရာ
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီး ချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်က ၂ဝ၁၈ ခု နှစ်၊ ဇန်နဝါရီလမှ သြဂုတ်လကုန် အထိ
၈ လတာ ကာလအတွင်း မြန်မာ နိုင်ငံ တစ်ဝှမ်းလုံး၌ လူကုန်ကူးမှု ၁၅၁ မှုအား ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး
ရှမ်း ပြည်နယ်အတွင်း ၄၄ မှု ဖမ်းဆီးအ ရေးယူ ဖော်ထုတ်နိုင်ခဲ့ကြောင်း လူကုန် ကူးမှုများနှင့်
ပတ်သက်၍ တရုတ်ပြည် သို့ အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊
အဓမ္မလုပ်အား ခိုင်းစေခြင်း၊ြေ<ွကးမြီ ဖြင့် နှောင်ဖွဲ့ခြင်း၊ အဓမ္မမွေးစားခြင်း
စသည့် ပုံစံ ၅ မျိုးကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ၈ လတာ ကာလအတွင်း လူကုန်ကူးမှု ဖြင့်
တရားခံ အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၂၉၁ ဦး စုစုပေါင်း ၄၁၄ ဦးအား ဖော်ထုတ်ဖမ်းဆီး
အရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး လူကုန်ကူးခံရသူ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၂ဝ၂ ဦး
စုစုပေါင်း ၂၃၅ ဦး ရှိခဲ့ကြောင်း အမှတ် (၁၅) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ
သိရသည်။
.
''ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့ တဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေထဲမှာ
အ များစုကတော့ အိမ်နီးချင်း တရုတ်နိုင် ငံဘက်ခြမ်းမှာ အဓမ္မ ထိမ်းမြားလက် ထပ်မှုဖြစ်စဉ်
အများဆုံးဖြစ်ပါတယ်။ လူကုန်ကူးမှု ဖြစ်စဉ်တွေ လျော့နည်း စေဖို့ ရပ်ရွာအခြေပြု လူကုန်ကူးမှုတား
ဆီးနှိမ်နင်းရေး အဖွဲ့တွေဖွဲ့ပြီး ပညာ ပေးတာတွေ၊ စည်းရုံးတာတွေ လုပ် ဆောင်နေပါတယ်''ဟု
အမှတ် (၁၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘော ဇတိုင်းသို့
ပြောသည်။
.
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ လူကုန်ကူးမှု
တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှု ဖွင့်လှစ်မှု ၂၂၄ မှု ရှိခဲ့ပြီး ရှမ်းပြည် နယ်၌ အမှုပေါင်း
၅၄ မှု တရားစွဲဆို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်း
အနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အ စိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ပြည်နယ် ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ၊ ပြည်နယ်ရဲ
တပ်ဖွဲ့မှူး အမှတ် (၁၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများ၊
ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan