အလုပ်မလုပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေ ထိုင်စားနေကြောင်း လူမှုကွန်ရက်တွင် ရေးသားသည့် ရှမ်းရှေ့ စည်ပင်ညွှန်မှူးကို ကျိုင်းတုံ စည်ပင်ကော်မတီဝင်မှ သမ္မတထံ တိုင်ကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အလုပ်မလုပ်ဘဲ ပြည်သူ့ဘဏ္ဍာငွေ ထိုင်စားနေကြောင်း လူမှုကွန်ရက်တွင် ရေးသားသည့် ရှမ်းရှေ့ စည်ပင်ညွှန်မှူးကို ကျိုင်းတုံ စည်ပင်ကော်မတီဝင်မှ သမ္မတထံ တိုင်ကြား



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
အလုပ်မလုပ်ဘဲ ပြည်သူ့ဘဏ္ဍာ ငွေ ထိုင်စားနေကြောင်း လူမှုကွန်ရက် တွင် ရေးသားမှုနှင့် ပတ်သက်၍ ရှမ်း ပြည်နယ်အရှေ့ပိုင်း စည်ပင်သာယာ ရေးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး ဦးလုကာအား အရေးယူပေးရန် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးစိုင်းလုံခမ်းမှ နိုင်ငံတော် သမ္မတထံသို့ သြဂုတ်လ ၂၇ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။
.
.
''သက်တမ်း ၂ နှစ်ကျော်လာပြီ ဖြစ်တဲ့ ကော်မတီဝင်တွေက စည်ပင် အခွန်ဘယ်လို ဘယ်ကကောက်တယ် ဆိုတာ မသိဘူး။ ဘာလို့ မလေ့လာ လဲ။ တစ်လ တစ်သိန်း ပြည်သူကထောက်ပံ့တဲ့ ရန်ပုံငွေ သိန်းတစ်ရာကျော် ရေထဲပစ်ချတာကမှ အသံမြည်ဦးမယ် ပလုံလို့''ဟု လက်ထောက် ညွှန်ကြားရေးမှူး ဦးလုကာမှ သြဂုတ် လ ၂၅ ရက်တွင် လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ရေးသားမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ် စည်ပင်သာ ယာရေး ကော်မတီဝင် ဦးစိုင်းလုံခမ်းမှ သမ္မတထံသို့ တင်ပြတိုင်ကြားခဲ့ခြင်း ဖြစ်ပြီး တိုင်ကြားစာတွင် မြို့သာယာ သန့်ရှင်းတိုးတက်ရေး၊ ပြည်သူ့ဘဏ္ဍာ ငွေ အလေအလွင့် မဖြစ်စေရန် ထိန်း ကြောင်းရေးအတွက် ရည်ရွယ်ကာ မြို့နယ်စည်ပင်သာယာကော်မတီ ရွေး ကောက်ပွဲအား ပြည်သူ့ဆန္ဒဖြင့် ရွေး ကောက်တင်မြှောက်ခံထားရသော ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပြီး၊ လစာ ထောက်ပံ့စရိတ်အား မျှော်လင့်ထား ခြင်းမရှိသော စည်ပင်ကော်မတီဝင် အ ရပ်သားများ အားလုံးသည် ငွေကြေး ပြည့်စုံနေသူများ ဖြစ်ကြသည်ဟု ဖော် ပြပါရှိသည်။
.
ထို့အပြင် စည်ပင်သာယာကော် မတီဝင်များ အလုပ်မလုပ်ကြောင်း၊ ထောက်ပံ့ပေးငွေကိုသာ အလကား ထိုင်စားနေသည်ဟု သဘောသက်ရောက်နေပြီး စည်ပင်သာယာရေးကော် မတီ၏ သက်တမ်း ၂ နှစ်ကျော်လာ သည်ဆိုသော်လည်း ယနေ့အချိန်ထိ ဌာန၏ လုပ်ဆောင်ချက်တိုင်းကို အပြည့်အဝ သိရှိပိုင်ခွင့် မရှိဘဲ စည်ပင် နှင့် ပတ်သက်၍ စည်ပင်သာယာရေး ကော်မတီဥက္ကဌ၏ ညွှန်ကြားချက်များ အား လုပ်ချင်မှ လုပ်၍ မလုပ်ချင်ပါက မလုပ်သည့် အလုပ်များ ရှိနေသည်ဟု ဦးစိုင်းလုံခမ်း၏ တိုင်ကြားစာတွင် ရေး သားဖော်ပြထားသည်။
.
၂ဝ၁၇ ခုနှစ် စက်တင်ဘာလ၊ ၂၂ ရက်၌ စစ်ဆေးပေါ်ပေါက်ခဲ့သည့် သားသတ်ရုံမှူး စည်ပင်ဝန်ထမ်းတစ် ဦး၏ ဝက်သား လိုင်စင်ငွေ ကျပ်သိန်း ၁ဝဝဝ ခန့် ကွာဟခဲ့မှုအား ဌာနမှ အ ရေးမယူဘဲ လက်ရှိ ရှမ်းပြည်နယ်စည် ပင်သာယာရေး ဝန်ကြီး၏ ယာဉ်မောင်း အဖြစ်ရာထူးတိုးသကဲ့သို့ နေရာပြောင်း ရွှေ့သွားစေရန် စီမံပေးခြင်း၊ မြို့နယ် ရေပေးဝေရေး စီမံကိန်းအတွက် ရှမ်း ပြည်နယ် အစိုးရ၏ ရန်ပုံငွေကျပ်သိန်း ၂၅ဝဝ နှင့် ပတ်သက်၍ မြို့နယ်စည် ပင်သာယာရေး ကော်မတီနှင့် လွှတ် တော်ကိုယ်စားလှယ်များအား တိုင်ပင် ဆွေးနွေးခြင်းမရှိဘဲ ရေသွယ်ပိုက်များ အား ဌာန၏ ဆန္ဒသဘောထားဖြင့် ဝယ်ယူခဲ့ခြင်း၊ မြို့ရေစီးရေလာ ကောင်း မွန်စေရေးအတွက် မီနီဘတ်ဂျက် ၆ လစာတွင် ပါဝင်သော ငွေကျပ်သိန်း ၃ဝဝဝ အား တောင်ကြီးမြို့၌ တင်ဒါ မအောင်ဟု ဆိုကာ စည်ပင်ဌာနလုပ် ငန်းအဖြစ် စီစဉ်ပြီး အလျင်အမြန် ဆောင်ရွက်ချက်များသည် နိုင်ငံတော် သမ္မတ၏ (၁/၂ဝ၁၇)ညွှန်ကြားချက်နှင့် ကိုက်ခြင်း ရှိ/မရှိ နှင့် ယင်းကဲ့သို့ ဆောင်ရွက်ခွင့် ရစေရန်အတွက် မည် သူက ညွှန်ကြားချက်ပေးသည်ကို မသိ ရှိရကြောင်းကိုလည်း တိုင်ကြားစာတွင် ရေးသားထားသည်။
.
''သူ့တိုင်စာထဲမှာ ရေးသားဖော် ပြထားတာတွေက မှန်ပါတယ်။ ဌာနရဲ့ တာဝန်ရှိသူ လူကြီးတစ်ယောက်အနေ နဲ့ Facebook စာမျက်နှာပေါ်မှာ ခုလိုမျိုး ရေးမတင်သင့်ပါဘူး''ဟု အဆို ပါ တိုင်ကြားစာနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဌ ဦးခင်မောင်ထွန်းက ပြောသည်။
.
အဆိုပါ တိုင်ကြားစာကို နိုင်ငံ တော်သမ္မတထံသို့ လိပ်မူပေးပို့ထား ခြင်းဖြစ်ပြီး ကျိုင်းတုံခရိုပ် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးနှင့် ရှမ်းပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် တို့ထံသို့ မိတ္တူပေးပို့ထားကြောင်း သိရ သည်။
.
လက်ထောက်ညွှန်ကြားရေးမှူး ဦးလုကာမှ ''မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေနဲ့ တစ်လမှာ ၂ ကြိမ် အစည်းအဝေး လုပ်ပါတယ်။ ကော်မတီ စတင်ဖွဲ့စည်းပြီးချိန်မှာပဲ စည်ပင် ကော်မတီရဲ့ လုပ်ငန်းတာဝန်များကို လေ့လာသိရှိနိုင်အောင် စာအုပ်တွေ ဖြန့်ဝေပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဌာနကို ဆရာလုပ်ပေးရမယ့် ကော်မတီဝင်  လူကြီးတွေအနေနဲ့ ဌာနက ဘာအခွန် ကောက်နေတယ်။ ဘယ်လိုကောက်နေတယ်ဆိုတာမှ မသိဘူးဆိုတာမျိုး တော့ မဖြစ်သင့်ပါဘူး။ ၂ဝ၁၈-၁၉ ဘတ်ဂျက် လုပ်ငန်းတွေ အတည်ပြုပေးတာကို စည်ပင်ကော်မတီကပဲ ဆုံးဖြတ်ပါတယ်။ စည်ပင်ကော်မတီဝင် အနေနဲ့ စည်ပင်ဌာနရဲ့ အလုပ်သဘောတရားကို သိရှိနားလည် နောကြေထားစေချင်တဲ့ စေတနာသက်သက်နဲ့ပဲ ကျွန်တော့် Facebook စာမျက်နှာပေါ်မှာ ရေးတင်လိုက်တာ ဖြစ်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
လက်ရှိ ကျိုင်းတုံမြို့နယ် စည်ပင် သာယာရေးကော်မတီ ရွေးချယ်ပွဲကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းရွေးချယ်ပွဲမှ ဥက္ကဌအဖြစ် ဦးခင်မောင်ထွန်း၊ မြို့မိ မြို့ဖကိုယ်စားလှယ်အဖြစ် ဦးသိန်းတန်၊ စီးပွားရေးနှင့် လူမှုရေး ကိုယ်စားလှယ် အဖြစ် ဦးစိုင်းဆမ်ရွက်၊ လုပ်ငန်းကျွမ်း ကျင်ပညာရှင် ကိုယ်စားလှယ်အဖြစ် ဦးစိုင်းလုံခမ်းတို့က ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats