ကျောက်မဲမြို့နယ်၊ မိုင်းငေါ့ရှိ လက်ဖက်ခြံအတွင်း ထောင်မိုင်းပေါက်ကွဲမှုကြောင့် မိသားစု ၃ ဦး မိုင်းထိဒဏ်ရာများရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲမြို့နယ်၊ မိုင်းငေါ့ရှိ လက်ဖက်ခြံအတွင်း ထောင်မိုင်းပေါက်ကွဲမှုကြောင့် မိသားစု ၃ ဦး မိုင်းထိဒဏ်ရာများရရှိ


မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးကျေးရွာအုပ်စု၊ ချုံးဟောင်းရွာနေ မိသားစု ၁ စုသည် စက်တင်ဘာလ ၁၆ ရက်က ၎င်းတို့အပိုင် လက်ဖက်ခြံအတွင်း လက်ဘက်ခူးစဉ် ထောင်မိုင်းပေါက်ကွဲမှုကြောင့် မိသားစုဝင် ၅ ဦး အနက် ၃ ဦး မိုင်းထိဒဏ်ရာများ ရရှိခဲ့ကြောင်း ကျောက်မဲမြို့နယ်၊ ဇီဝိတလူမှုကူညီရေးအသင်းတာဝန်ခံ ဦးတင်မောင်သိန်းထံက  သိရသည်။
.
.
"ည ၁၁ နာရီခွဲလောက်မှာ လူနာတွေရောက်လာလို့ သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ကျောက်မဲဆေးရုံမှာပါ။ ကလေးမိခင်က စိုးရိမ်ရပါတယ်။ ပလောင်လူမျိုးမိသားစုပါ။ ပေါက်ကွဲတာကတော့ ထောင်မိုင်းအမျိုးအစား လို့သိရတယ်"ဟု ဦးတင်မောင်သိန်းက ပြော သည်။
.
ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးကျေးရွာအုပ်စု၊ ချုံးဟောင်းရွာနေ ဒေါ်အေးစံ၊ ဦးမောင်အေး၊ ဦးဘိုးဉာဏ်နှင့် မအေးယုံ၊ မအေးယုံ၏သား စိုင်းယွန်းလိုင်းတို့သည်  စက်တင်ဘာလ ၁၆ ရက်က ၎င်းတို့ပိုင်ဆိုင်သော ချုံးရွာဟောင်းနှင့် အင်းအိုးရွာ အကြားရှိ လက်ဖက်ခြံအတွင်း လက်ဖက်ခူးနေစဉ် ညနေ ၃နာရီခွဲအချိန်ခန့်၌ လက်ဘက်ခြံအတွင်း ထောင်ထားသည့် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကာ ဒေါ်အေးစံ(၅၇)နှစ်၊ ဦးမောင်အေး(၃၀)နှစ်တို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး မအေးယုံ(၁၉)နှစ်တွင် စိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
.
အင်းအိုးကျေးရွာသည် ကျောက်မဲမြို့အရှေ့မြောက်ဘက် မိုင်းငေါ့မြို့အနီးတွင် တည်ရှိပြီး အဆိုပါကျေးရွာ အနီးဝန်းကျင်တွင် TNLA နှင့် RCSS လက်နက်ကိုင်တပ်ဖွဲ့တို့ လှုပ်ရှားလျက်ရှိကာ မကြာခဏ စစ်ရေးပဋိပက္ခများ ဖြစ်ပွားလျက်ရှိပြီး မေလ ၂၀ ရက်ကလည်း အင်းအိုးကျေးရွာနေ ဦးစိုင်းရင် (၄၀) နှစ်မှာ မှာ ကျေးရွာဘုန်းကြီးကျောင်းအနီး လူသွားလမ်းအနီးတွင် မိုင်းထိ ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်နေရာမှ ၁၅ ပေခန့်အကွာတွင် နောက်ထပ်မိုင်း ၁ လုံး ထပ်မံပေါက်ကွဲခဲ့သဖြင့် ဦးစိုင်းရင်တွင် ခြေ ၂ ဘက်၊ လက် ၂ ဘက်နှင့် ကျောဝဲဘက်၊ ဝမ်းဗိုက်တို့တွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ဖူးကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats