ထိုင်းရေသန့်များ ဝင်ရောက်နေခြင်းကြောင့် တာချီလိတ်ရှိ ရေသန့်လုပ်ငန်းအချို့ အခက်အခဲများ ဖြစ်ပေါ်နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းရေသန့်များ ဝင်ရောက်နေခြင်းကြောင့် တာချီလိတ်ရှိ ရေသန့်လုပ်ငန်းအချို့ အခက်အခဲများ ဖြစ်ပေါ်နေရ



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံမှ ရေသန့်များဝင်ရောက် ဖြန့်ချိနေခြင်းကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ ရေသန့်လုပ်ငန်း အချို့ အခက်အခဲများ ဖြစ်ပေါ်နေပြီး လုပ်ငန်းဆက်လက် လုပ်ကိုင်ခွင့်အတွက် သက်တမ်းတိုး လျှောက်ထားရန် ပျက်ကွက်မှုများ ရှိ နေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
.
.
ထိုင်းနိုင်ငံမှ ထုတ်လုပ်ဖြန့်ချိ ရောင်းချလျက်ရှိသော ရေသန့်များကို တာချီလိတ်-ကျိုင်းတုံ အထွက်လမ်းရှိ မယ်ယန်းစစ်ဆေးရေးဂိတ်အား ကျော် လွန်ခြင်းမရှိစေဘဲ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် အခွန် ၃ ရာခိုင် နှုန်း ပေးဆောင်စေ၍ တင်သွင်းဖြန့်ချိ ရောင်းချနေမှုများလည်း ရှိနေသော ကြောင့် ဒေသခံရေသန့်လုပ်ငန်းရှင်များ အတွက် ဈေးကွက်ဝေစု ပြိုင်ဆိုင်နေ ရသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရ ကြောင်း သိရသည်။
.
''ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ မှာဆိုရင် ကိုယ့်ပြည်တွင်းက စီးပွား ရေးလုပ်ငန်း မှန်သမျှအတွက် အကျိုး စီးပွား ကာကွယ်ပေးရေး မူဝါဒတွေကို ချမှတ်ကူညီပေးနေတာ ရှိပါတယ်။ ခု တာချီလိတ်မှာ ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်တွေဆီကနေ သတ်မှတ် ထားတဲ့ လုပ်ငန်းလိုင်စင်နဲ့ အခွန်ငွေ ကို ရချင်ပေမယ့် ပြည်ပက ဝင်နေတဲ့ သောက်ရေသန့်ကို ရောင်းချခွင့်ပေး ထားတော့ ကိုယ့်ပြည်တွင်းထုတ် လျှပ် စစ်ဓါတ်အားနဲ့ မဟုတ်ဘဲ ဝယ်သုံး နေရတဲ့ ယူနစ်ခတွေလို ကုန်ကျ စရိတ် နဲ့ တာချီလိတ် ဈေးကွက်မှာ ဈေးတူ ယှဉ်ရောင်းလာတဲ့ ထိုင်းသောက်ရေ သန့်တွေ မရှိခဲ့ရင် တရားဝင်လုပ်ဖို့ လုပ်ငန်းရှင်တွေ စိတ်ပါအောင် သက် ဆိုင်ရာ လူကြီးတွေက လုပ်ပေးသင့်ပါ တယ်''ဟု သောက်ရေသန့်လုပ်ငန်း ရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
တာချီလိတ်ခရိုင် အတွင်း၌ သောက်ရေသန့်လုပ်ငန်း စုစုပေါင်း ၄၂ ခု တည်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားခြင်းမရှိသော လုပ်ငန်း ၃ ခုနှင့် လျှောက်ထားဆဲလုပ်ငန်း ၁၁ ရှိကာ ထောက်ခံချက်ရှိသော လုပ်ငန်း ၂၂ ခု၊ ထုတ်လုပ်ခွင့် သက်တမ်းရှိ သော လုပ်ငန်း ၃ ခု၊ သက်တမ်းတိုး လျှောက်ထားသည့် လုပ်ငန်း ၁ ခု၊ ပစ္စည်းတပ်ဆင်ဆဲ လုပ်ငန်း ၃ ခု ရှိ ကြောင်း သိရသည်။
.
''၂ဝ၁၈ ခုနှစ်ထဲမှာ သက်တမ်းတိုး လာမလျှောက်တော့တာ ရှိနေပါတယ်။ တချို့ စက်ရုံတွေဆိုရင် လုပ်ကိုင်ခွင့်ကို မလျှောက်ကြတာ ရှိနေပါတယ်။ တာ ချီလိတ်မြို့နယ်အတွင်းမှာ မယ်ယန်း စုပေါင်းစစ်ဆေးရေးဂိတ်ကို မကျော် ဘူးဆိုရင် ထိုင်းနိုင်ငံဘက်ကထုတ် တဲ့ သောက်ရေသန့်တွေက ချစ်ကြည် ရေးတံတားမှာ အခွန် ၃ ရာခိုင်နှုန်း ဆောင်ပြီးရင် တရားဝင်ဖြန့်ချိခွင့်ကို ရနေတော့ ဒေသခံလုပ်ငန်းရှင်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်''ဟု ကျိုင်းတုံမြို့ရှိ စားသုံးသူရေးရာဦး စီးဌာန၊ ပြည်နယ်ဒုဦးစီးမှူး ဦးလှစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats