ပြည်သူလူထုမနစ်နာစေရေးအတွက် လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်ကြောင်း အဆိုကို ရှမ်းလွှတ်တော်တွင် တင်သွင်းမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူလူထုမနစ်နာစေရေးအတွက် လိုင်စင်မဲ့ယာဉ်များအား မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်ကြောင်း အဆိုကို ရှမ်းလွှတ်တော်တွင် တင်သွင်းမည်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်း ပြည်သူလူထု မနစ်နာစေရေးအတွက် လိုင်စင်မဲ့ မော်တော်ယာဉ်များအား အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုအစိုးရသို့ တင်ပြပေးရန် ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်က ရှမ်းပြည်နယ်လွှတ်တော်သို့  ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ကို ယနေ့ စက်တင်ဘာ ၂၀ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းနောင့်၏ ယင်းအဆို အပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးမှ ကြယ်ပွင့်ပြ မေးခွန်း ၁၁ ခုမေးမြန်းခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဆွေးနွေးမည့် အဆိုမှာ လွှတ်တော်အစည်းအဝေး တတိယနေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများ ပပျောက်ရေးနှင့် တင်းကြပ်တားဆီး ပိတ်ပင်အရေးယူ နိုင်ရန် ရှမ်းအစိုးရအား တိုက်တွန်းကြောင်း အဆိုအား ရှမ်းပြည်နယ်လွှတ်တော်တွင်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့သို့ တက်ရောက်ခွင့် ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက် အစည်းအဝေးကို ၁၂၁ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၂၂ ဦး ရှိပြီး တက်ရောက်သူ ရာခိုင်နှုန်းအားဖြင့် ၈၄ ဒသမ ၆၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats