လားရှိုးမြို့ရှိ အမှတ် (၁၅) မူလွန်ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခွင့် မပြုခြင်းမှာ မဟုတ်မှန်ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ အမှတ် (၁၅) မူလွန်ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ခွင့် မပြုခြင်းမှာ မဟုတ်မှန်ဟုဆို


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ် (၁၅) မူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးက ယဉ်ကျေးလိ မ္မာသင်တန်းဖွင့်ခွင့်မပြုကြောင်း Facebook Account တစ်ခုကရေးသားလာခြင်းအပေါ် ကျောင်းအုပ်ဆရာမကြီး က စက်တင်ဘာ ၁၈ ရက်တွင် ကျောင်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မဟုတ်မှန်ကြောင်း ပြောဆိုလိုက်သည်။
.
.
လးရှိုးမြို့၊ ရပ်ကွက် (၉) ၊ နယ်မြေ (၂) အတွင်းရှိ အမှတ် (၁၅) အခြေခံပညာမူလွန်ကျောင်း၌ ယဉ်ကျေးလိမ္မာ သင်တန်း သင် ကြားနေခြင်းအား ကျောင်းအုပ်ဆရာမကြီးက ခွင့်မပြုသဖြင့် သင်တန်းမဖွင့်ရဟုဆိုကာ Facebook တွင် စက်တင်ဘာ ၁၇ ရက်က ရေးသားထားခြင်းအပေါ် ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။
.
"လိုင်းပေါ်မှာ ဆရာမတွေသိလို့ သိရတာပါ။ ဓမ္မစကူးလ်ပိတ်တယ်ဆိုတာလည်း အခုမှ သိရတာပါ။ ကျွန်မ မရောက်ခင်တည်းက သင်လာတာပါ။ ကျွန်မရောက်ပြီးတော့လည်း သင်နေပါတယ်။ လိုင်းထဲမှာတွေ့မှ မသင်ရ ဘူးဆိုပြီးသိရလို့ ဓမ္မစကူးလ်သင်တဲ့ဆရာမကို ဖုန်းဆက်မေးကြည့်လိုက်တယ်။ ဘာလို့ပိတ်တာလည်းလို့၊ သူက မပိတ်ပါဘူးတဲ့၊ နေရာရွှေ့သင်တာပါလို့ပြောပါတယ်။ ဒါနဲ့ ဘယ်သူမသင်ခိုင်းတာလည်းဆိုတော့၊ ဓမ္မစကူးလ် ဆရာမက ဆရာမကြီးရဲ့ထောက်ခံစာမပါရင် မသင်ရဘူး၊ ပိတ်လို့ပြောလို့ နေရာရွှေ့သင်တာပါလို့ပြန်ပြောပါတယ်။ အမှန်က မြို့နယ်ပညာရေးရုံးကနေ လားရှိုးမြို့နယ်မှာရှိတဲ့ ဓမ္မစကူးလ်သင်တဲ့ကျောင်းတွေအကုန်လုံး သတင်းပို့ ရမယ်ဆိုပြီးပြောလာတာကို ဓမ္မစကူးလ်သင်တဲ့ဆရာမကို ပြန်ပြောတာပဲရှိတာပါ"ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ခူက ပြောသည်။
.
ဇွန် ၂၉ ရက်က လားရှိုးမြို့နယ်ပညာရေးမှူးရုံးတွင်ကျင်းပသော အစည်းအဝေးတွင် မြို့နယ်ပညာရေးမှူးရုံးက မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်သင်သောကျောင်းများ သတင်းပို့ချရမည်ဖြစ်ကြောင်း ညွှန်ကြားလာသဖြင့် အမှတ် ၁၅ မူလွန်ကျောင်းမှလည်းသတင်းပို့ရန် ဓမ္မစကူးလ်ဆရာမကို ထပ်ဆင့်ညွှန်ကြားလိုက်ခြင်းသာဖြစ်ပြီး မသင်ကြားရန် လုံးဝပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။
.
အဆိုပါကျောင်းအုပ်ဆရာမကြီးသည် ၂၀၁၇ ခုနှစ် သြဂုတ် ၈ ရက်တွင် ပြောင်းရွှေ့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး Facebook Account တစ်ခုက လားရှိုးသတင်းပုံရိပ်များ Facebook Group တွင် စက်တင်ဘာ ၁၇ ရက်က “အသစ်ရောက်ရှိ လာသော ဘာသာခြားကျောင်းအုပ်ဆရာမက ယဉ်ကျေးလိမ္မာသင်တန်းကို ခွင့်မပြုနိုင်ဘူးတဲ့ဟု ဆိုသည့် ခေါင်းစဉ်ဖြင့်ရေးသားကာ ဘာသာရေးကို အကြောင်းပြု၍ အထင်အမြင်လွဲမှားအောင် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
.
"ကျွန်တော်တို့သတင်းထောက်တွေအနေနဲ့ကတော့ သတင်းစာရှင်းလင်းပွဲလုပ်တာကို လာပြီးတော့မေးရပါ တယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့တွေ့တယ်။ ဓမ္မစကူးလ်သင်ပေးတဲ့ဆရာမကိုလည်း တွေ့ခွင့်တောင်းတယ်။ တွေ့ခွင့်မရခဲ့ပါဘူး။ သက်ဆိုင်ရာဌာနတွေကိုလည်းတွေ့ပြီးတော့ မေးမြန်းပြီးတော့မှ သတင်းရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ တင်ခွင့်ပြုတဲ့လူတွေကိုလည်း ပြောချင်ပါတယ်။ ဘာသာရေးအသွင်ဆောင်တဲ့ပို့စ် တွေကို ခွင့်မပြုပေးဖို့၊ သေချာစိစစ်ပြီးမှခွင့်ပြုပေးဖို့။ဟု လားရှိုးသတင်းထောက်များအဖွဲ့မှ ကိုပေါက်စက ပြောသည်။

Facebook တွင် မဟုတ်မမှန်ရေးသားသူကို တရားစွဲဆိုရန်မရှိဘဲ ရေးသားခဲ့သည့်အပေါ် ပြန်လည်တောင်းပန် စေလိုကြောင်းနှင့် ယခုဖြစ်ပေါ်နေသော အကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ဓမ္မစကူးလ်ဆရာမတို့ကို မြို့နယ်ပညာရေးမှူးရုံးတွင် စစ်ဆေးဖြေရှင်းသွားရန်လည်းရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats