စိုင်းကွမ်းမိုင်း
.
.
လက်ရှိအချိန်တွင် ကနေဒါနိုင်ငံနှင့် ဆော်ဒီ အာရေဗျတို့သည် ဆက်ဆံရေးအခြေအနေတင်းမာ
လာသည်ကို တွေ့ရှိရသည်။ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး ခရစ်တီးယားဖရီးလန်းသည် မကြာမီကပင်
ဆော်ဒီအာရေဗျ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မစ်ဆာမာဘာဒါစီအားဆော်ဒီအစိုးရ
အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့မှုနှင့် ပတ်သက်၍ ရှုတ်ချကန့်ကွက်ခဲ့သည်။ ထိုသို့
ရှုတ်ချကန့်ကွက်နေမှုကြောင့် နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေးသည် ပြတ်တောက်လုနီးပါးတင်းမာ
လာတော့သည်။
.
ဆော်ဒီအာဏာပိုင်များက ကနေဒါအစိုးရသည် ဆော်ဒီအာရေဗျ ပြည်တွင်းရေးအတွင်းသို့
ဗျောင်ကျကျပင် ဝင်ရောက်စွက်ဖက်လျက်ရှိ ကြောင်း တုံ့ပြန်ကန့်ကွက်၍ ကနေဒါသံအမတ်အား မောင်းနှင်ထုတ်ခဲ့ပြီး
ကနေဒါ နိုင်ငံတွင် ပညာသင်ကြားနေကြသည့် ဆော်ဒီကျောင်းသား ကျောင်းသူ ၁၅ဝဝဝ ကို ပြန်လည်ခေါ်ယူကာ
ကနေဒါဂျုံများကို ဝယ်ယူတင်သွင်းမှုကိုလည်း ချက်ချင်းပိတ်ပင်လိုက်တော့သည်။
.
ထို့ပြင် ကနေဒါနိုင်ငံမှ ထုတ်လုပ်သည့် စစ်သုံးသံချပ်ကာ ယာဉ်များဝယ်ယူရန်
နှစ်နှစ်ငံကြားတွင် ဒေါ်လာ ၁၅ ဘီလီယံတန်ဖိုးရှိ စာချုပ်ကို ချုပ်ဆိုထားခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး
တင်းမာလာမှုကြောင့် ထိုစာချုပ်သည် မရေမရာ မသေချာ သည့် အဆင့်သို့ ရောက်ရှိလာသည်။
ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်
.
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ် မန်သည် ဆော်ဒီနိုင်ငံအား
ပိုမို၍ ခေတ်မီတိုးတက် ပြီး စည်ပင်သန့်ပြန့်မှု၊ ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ် ပေါ်လာစေရန်
ကြိုးပမ်းအားထုတ်လျက်ရှိရာ ကနေဒါနိုင်ငံ၏ စွက်ဖက်မှုများကြောင့် အနောက် ကမ္ဘာ၏ ဒီမိုကရေစီစံနှုန်းတန်ဖိုးများနှင့်
ကိုယ့်ကျင့် သိက္ခာများကို စိတ်ကုန်လျက်ရှိသည်ဟု နိုင်ငံရေး ပညာရှင်များက ဝေဖန်လျက်ရှိသည်။
.
၂ဝ၁၈၊ ဇွန်လ ၁၅ ရက်နေ့တွင် ပုပ်ရဟန်း မင်းကြီးဖရန့်စစ်က သေဒဏ်ပေးစီရင်ချက်
ချမှတ်မှုကို ခွင့်မပြုနိုင်ကြောင်း ပြောဆိုကာ ရှုတ်ချနေသော်လည်း မက္ကာမြို့တွင် ဆော်ဒီအာဏာပိုင်များက
လူသတ်မှုကျူးလွန်သူများကို သေဒဏ်ပေးကာ သတ်ဖြတ်ခဲ့သည်။
.
ဝါရှင်တန်ပို့စ်သတင်းစာအယ်ဒီတာ့အာဘော်
.
သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနသည် ဆော်ဒီလူ့အခွင့်အရေး
ချိုးဖောက်မှုနှင့် ပတ်သက်၍ ကနေဒါနိုင်ငံခြားရေး ဝန်ကြီး ခရစ်တီးယားဖရီးလန်း၏ ဝေဖန်မှုကို
မှတ် ချက်ပြု ပြောဆိုဝေဖန်ခြင်း မပြုပေ။ သို့သော် ဝါရှင် တန်ပို့စ်သတင်းစာ အယ်ဒီတာ့အာဘော်တွင်
လူ့အခွင့်အရေးသည် လူသားအားလုံး၏ အရေးကိစ္စ ဖြစ်ကြောင်း စကြာဝဠာဆိုင်ရာ စံတန်ဖိုး (Universal
Values)များဖြစ်သည့် လူ့အခွင့်အရေးသည် အုပ်စိုးသူဘုရင်များနှင့် အာဏာပိုင်များ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်ကြောင်း
ဘုရင်များနှင့် အာဏာ ရှင်များသည် ¤င်းတို့စိတ်ကူးပေါက်တိုင်း မျက်နှာ လိုက်ကာ လူ့အခွင့်အရေးစံများကို
လွန်စွာတန်ဖိုး ထားသည့် နိုင်ငံတစ်ခု ဖြစ်ကြောင်း ရေးသားတင် ပြခဲ့သည်။
.
ဆော်ဒီတော်ဝင်ဘုရင်များသည် နိုင်ငံသား များ၏ အခြေခံလူ့အခွင့်အရေးများ၊
အထူးသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အမြဲတစေ ငြင်းပယ်လျက်ရှိသည်ကား ယခုထက်တိုင်ပင်ဖြစ်
သည်။ ထို့ပြင် အတိုက်အခံ ဟူသရွေ့အား အများ ပြည်သူလူထုရှေ့မှောက်တွင် သနားကြင်နာညှာ
တာစိတ်များ ကင်းမဲ့မှုဖြင့် ကျာပွတ်ဖြင့် ရိုက်နှက်၍ ပြင်းထန်စွာ အပြစ်ပေးဒဏ်ခတ်လေ့ရှိကြောင်း
အ ထက်ပါ ဆော်ဒီအစိုးရ၏ လုပ်ရပ်များသည် ဒီမို ကရေစီနှင့် လွတ်လပ်သော နိုင်ငံများအတွက်
စိုး ရိမ်ဖွယ်ရာ အခြေအနေများဖြစ်ကြောင်း အယ်ဒီ တာ့အာဘော်တွင် ဝေဖန်သုံးသပ်ထားသည်။
.
ဆော်ဒီအာရေဗျနိုင်ငံသည် ဘုရင်ဧကရာဇ် စနစ်ကို အပြည့်အဝကျင့်သုံးသည့်
နိုင်ငံတစ်ခုဖြစ်သည်။ အမျိုးသမီး များကို မော်တော်ယာဉ်မောင်း နှင်ခွင့်၊ ဆိုင်ကယ်မောင်းနှင်ခွင့်ပေးခဲ့ခြင်းမရှိဘဲ
အ များပြည်သူရှေ့မှောက်တွင် ရာဇဝတ်သားများကို ကျာပွတ်ဖြင့် ရက်စက်စွာ ရိုက်နှက်လေ့ရှိပြီး
သေ ဒဏ်ကိုလည်း ဗြောင်ကျရဲတင်းစွာ ချမှတ်ကာ သတ်ဖြတ်လေ့ရှိသည်။
.
အမေရိကန်ပြည်ထောင်စုသည် မည်သည့် နိုင်ငံတွင်မဆို အမျိုးသမီးများအား
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များ မောင်းနှင်ခွင့်ရရှိ ရမည်ဟူသော အခွင့်အရေးကို
အစဉ်တစိုက်ပင် ကာကွယ်မှုပေးလာသော နိုင်ငံတစ်ခု ဖြစ်သည်။ ပထမကမ္ဘာစစ်ပြီးသည်အထိ အမေရိကန်နိုင်ငံတွင်
အမျိုးသမီးများ မဲပေးပိုင်ခွင့်ကို ပိတ်ပင်ထားခဲ့သည် ကို တွေ့ရှိရသည်။ ၁၉၅ဝ ပြည့်လွန်နှစ်များတွင်
အမေရိကန်၌ လိင်တူဆက်ဆံမှုနှင့် ကိုယ်ဝန်ဖျက် ချမှုသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရာဇဝတ်မှုများဟူ၍
သတ်မှတ်ခဲ့ကြသော်လည်း ယနေ့ အချိန်တွင် လိင်တူ ဆက်ဆံမှုနှင့် ကိုယ်ဝန်ဖျက်ချမှု သည် အခြေခံဥပဒေနှင့်
ညီသည့် လူ့အခွင့်အရေး များအဖြစ် ပေါ်ပေါက်လာရသည်။
.
ထိုသို့ လူ့အခွင့်အရေးမျိုးကို ချိုးဖောက်နေသည့် ဆော်ဒီအာရေဗျသည်
ယနေ့အချိန်တွင် အမေရိကန်၏ ဗျူဟာမြောက်မဟာမိတ်နိုင်ငံတစ်ခုဖြစ်ကာ ဆော်ဒီက အီရန်အား ဆန့်ကျင်တိုက်
ခိုက်လျက်ရှိရာ၌ အမေရိကန်က ကူညီပေးလျက် ရှိသည်။
.
အမှန်ဆိုရသော် အီရန်နိုင်ငံတွင် အမျိုးသမီး အခွင့်အရေးများကို တင်းကျပ်မှုနည်းပါးပြီး
အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည်လည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် အီရန်နိုင်ငံတွင်
အထွေထွေရွေးကောက်ပွဲ များကိုလည်း ကျင်းပပေး သည်။ အမေရိကန်အစိုးရသည် အီရန်အား အဓိ က
ပစ်မှတ်ထားကာ ဆန့်ကျင်နေ သော်လည်း ၎င်း၏ မဟာမိတ်ဆော်ဒီအာရေဗျနိုင်ငံနီးပါး လူ့ အခွင့်အရေးများကို
ချိုးဖောက်ခြင်းမပြုပေ။
.
၁၈၆၅ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ နှစ်တစ်ရာ တိုင် အမေရိကန်နိုင်ငံတောင်ပိုင်းတွင်
လူမျိုးရေးခွဲ ခြားမှုသည် ဥပဒေပင် ဖြစ်ပြီး ထိုသို့ နိုင်ငံသားလူ့ အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ
အခွင့်အရေးများ ကို ချိုးဖောက်မှုကြောင့် ထိုစဉ်က ဗြိတိသျှနှင့် ပြင် သစ်ကိုလိုနီများသည်
လူမျိုးရေး ခွဲခြားမှုများကို ရပ်စဲရန် အမေရိကန်အစိုးရကို တောင်းဆိုခဲ့ခြင်းဖြင့် အမေရိကန်ပြည်တွင်းရေးသို့
ဝင်ရောက်ကာ စွက် ဖက်ခဲ့ကြသည်။
.
၉/၁၁ ပုံစံမျိုးဖြင့် ကနေဒါအား
တိုက်ခိုက်မည်
.
ကနေဒါနိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအား ဆော်ဒီအာဏာပိုင်တို့က
၁၃-၈-၂ဝ၁၈ ရက်နေ့တွင် ဖမ်းဆီးမှုဖြင့် ပတ်သက်၍ ကနေဒါနှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြားတွင်
တင်းမာမှုမြင့်တက်လာသည်။ ယင်းလူ့အခွင့်အရေး လှုပ်ရှားမှုတက်ကြွသူအား အမြန်ဆုံး လွှတ်ပေး
ရန် ကနေဒါအစိုးရမှ တောင်းဆိုခဲ့သည်။ ယင်း တောင်းဆိုမှုနှင့် ပတ်သက်၍ ကနေဒါနိုင်ငံအနေ
ဖြင့် ဆော်ဒီအာရေဗျနိုင်ငံ ပြည်တွင်းရေးအား ဗြောင်ကျကျဝင်ရောက်စွက်ဖက်သည်ဟု ဆိုကာ ဆော်ဒီအာဏာပိုင်များက
ကနေဒါသံအမတ်အား ၂၄ နာရီအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာ သွားရန် ၁၆-၈-၂ဝ၁၈ ရက်နေ့တွင် အမိန့်ထုတ် ပြန်ခဲ့သည်။
ကနေဒါနိုင်ငံသို့ ပျံသန်းနေသည့် ဆော်ဒီအာရေဗျလေကြောင်း ခရီးစဉ်များကိုလည်း ချက်ချင်းရပ်ဆိုင်းလိုက်သည်။
.
ဆော်ဒီအာရေဗျနှင့် ကနေဒါနှစ်နိုင်ငံ ပဋိပက္ခများ တင်းမာမှုမြင့်တက်နေစဉ်
ကနေဒါ အား ၉/၁၁ ပုံစံမျိုး တိုက်ခိုက် မည်ဟု ခြိမ်းခြောက် ပုံရသော ဆော်ဒီအာရေဗျ အခြေစိုက်အုပ်စု၏
ပုံ ရိပ်တစ်ခု ဖော်ပြမှုအတွက် လူမှုမီဒီယာ အသုံးပြုသူများက ပြစ်တင်ဝေဖန်လိုက်ကြသည်။ ဆော်ဒီအာ
ရေဗျ၏ လူ့အခွင့်အရေးမှတ်တမ်းနှင့် ပတ်သက်ပြီး ကနေဒါနှင့် ဆော်ဒီအာရေဗျတို့ နှစ်နိုင်ငံအကြား
သံတမန်ရေ အငြင်းပွားချိန်(Infographic KSA) ဟု ခေါ်တွင်သည့် အုပ်စုက ၄င်းတို့၏ တွစ်တာ၊
အင်စတာဂရမ်နှင့် တယ်လီဂရမ်အကောင့်တို့တွင် ယင်းဓာတ်ပုံကို ဖော်ပြထားသည်။
.
ဓာတ်ပုံပုံရိပ်တွင် ကနေဒါ၏ နာမည်ကျော်ကြား ရေပန်းစားရာ မြို့ကြီးတစ်မြို့ဖြစ်သည့်
Toyanto ရှိ ကမ္ဘာ့အထင်ရှားဆုံး CN Tower ဆီ သို့ ဗငမ ဃညေေိေ လေယာဉ်က ပျံသန်းကာ ဝင်ရောက်တိုက်ခိုက်သည့်
ပုံရိပ်ကို ဖော်ပြထားသည်။ လူမှုကွန်ရက်အသုံးပြုသူ ဂျိမ်းဘရောင်ဝါက ယင်း ပုံရိပ်သည် ၂ဝဝ၁
ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်က အမေရိကန် နယူးယောက်ရှိ ကမ္ဘာ့ကုန် သွယ်ရေး အဆောက်အအုံ (W.T.C)
အကြမ်းဖက် တိုက်ခိုက်ခံရသည့်ပုံကို သရုပ်ဖော်ထားကြောင်း၊ ဤကဲ့သို့ အဖြစ်မျိုးဖြင့်
ကနေဒါခရီးသည်တင်လေ ယာဉ်အား ပြန်ပေးဆွဲကာ CN Tower အား ဝင် ရောက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်
ကြောင်း ဂျိမ်းဘရောင်ဝါက ပြောဆိုထားသည်။
.
အကယ်၍သာ ဂျိမ်းဘရောင်ဝါ၏ ပြောဆို ချက်သည် အောင်မြင်သွားမည်ဆိုပါလျှင်
၂၁ ရာ စု ကမ္ဘာစစ်သည်လည်း။
.
.
.
#KBZTai #Shan