အောင်ဆန်းဝင်း
.
.
တဖြောက်ဖြောက်ရွာလိုက်၊ တဒေါက်ဒေါက်သည်းလိုက်၊ တအုန်းအုန်းကျ၊ တဝုန်းဝုန်းထိုး။
ရွာစေချင်တာ ပုလဲပန်း၊ ကဆုန်ဆင်းတာ မိုးပုဆိန်။ မထော်မနမ်းဇွတ်သရမ်းတော့ ခေါင်ရိုးတွေ
ကျိုးမတတ်။ ချီလေတဲ့ချီလေ ရွာလိုက်လေ ပြည်တစ်ဝှမ်း ရေဖုံးလွှမ်းအောင်လေဆိုရမလား။ တစ်ခါတစ်ခါက
လူ၏သို့မြှူ၏သို့။ ဆင်ကျီစားရာ ဆိတ်မခံ သာဖြစ်တဲ့အခါဖြစ်။ လုံးလုံးမခံသာတော့ ဖြစ်ပျက်သမျှ
သင်္ခါရ။ နှလုံးသွင်းလို့ရတာ၊ မရတာ တစ်ကဏ္ဍ။ မွန်းလွဲချိန်နေဝင်သလို ငိုသံတွေမိုးသည်း ထဲစီးဝင်။
အုံးအုံးဖြောက်ဖြောက် ဒိုးဒိုးဒေါက်ဒေါက်ကြားမှာ ပလိန်းအလွတ်လွမ်းနာကျတာက လမြတ်ဝါဆိုရယ်။
မှိုင်းညှို့ရီမှောင်အနောက်တောင် ဆီမှာ မိုးများခြိမ်းတဲ့အသံ၊ ရင်ခုန်စည်းချက်မိုးသံ
စဉ်တေးထင်၊ လမြတ်ဝါဆိုပန်းတွေ စုံညီမိုးထဲဖူး ပွင့်ချိန်။ ပြန်လာခဲ့မယ်ပြောတဲ့သူကြီးရေ၊
မိုး လောက်မင်းက သစ္စာမရှိဘူးလေတဲ့။
လူ့ဘုံခန်းဝါ လူ့ရပ်ရွာနဲ့ ဒေါင်းဖန်လ်ဝါနေမင်းက သိကြားနဲ့ သူ့ယောက္ခမလို
လမိုင်းမကပ်တာ ကြာပါပေါ့။ မြန်ပြည် တစ်ဝှမ်း၊ ရှမ်းပြည်တစ်ခွင်နေ ရာကွက်ကြား မိုးသည်းထန်စွာ
ရွာမည်။ နေရာ စိတ်စိတ် ခပ်ဆတ်ဆတ်သည်းမည်။ ဇော်ဝင်းထွဋ် နဲ့ မျိုးကျော့မြိုင်ဆုံလျှင်
ထစ်ချုန်းမိုးသေချာသည်။ နောက်ဆုံးရဂြိုလ်တုတိမ်ပုံအရ မြန်မာနိုင်ငံ အရှေ့ အနောက်တောင်မြောက်နှင့်
အလယ်ပိုင်းဒေသ တွင် ရွာရန် ရွာနှုန်းခပ်မောက်မောက်ဖြစ်နိုင် သည်။ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ
မိဘကို ဒုက္ခပေးတဲ့အနေနဲ့ မိုးတွေသည်းရင် မိုး သည်းထဲပြေးလွှား ဆော့ကစား ကြတယ်။ မိုးရွာရင်
မိုးရေချိုးမယ်ဆိုလား၊ မိုးရယ်၊ြေ>ွမရယ်၊ ဖားရယ် ဂျာအေးသူ့အမေရိုက်တဲ့သံပေါက်ကို
အော်ကြ သေး၊ မိုးဘာလို့ ရွာ ဖားအော်လို့ရွာ၊ ဖားဘာလို့ အော်ြေ>ွမကိုက်လို့အော်၊
ြေ>ွမဘာလို့ကိုက် ဗိုက် ဆာလို့ကိုက်တဲ့၊ ပြတ်ကရော။
.
မိုးတွေများသည်းလို့ အမျိုးတွေကြား လောင်မီးဒုက္ခငြိမ်းမလားမှတ်တယ်။
ကံဆိုးသူတို့ရွာ၊ မိုးလှိုင်းလုံး လာတယ်ဆိုသလိုပါ။ တစ်ချက်မွှေလိုက်တာနဲ့ ရတက်ကပွေပြီးသား။
မိုးရွာရင် ရေစီးတယ်။ ရေစီးရင်ရေလျှံတယ်။ ရေလျှံတာနဲ့ ဆည်မြောင်းချောင်းကန်တို့က ဂျွတ်ခနဲဆတ်ခနဲ။
လာမ ထိနဲ့ ကျိုးမယ်ဆိုတာချည်း။ စေတနာ သဒ္ဓါတရား ကိုယ့်အိမ်ဦးခန်းထားဆောက်ကြလား မပြောတတ်
ပါဘူး။ နည်းနည်းလောက် မကျိုးမကန်းရင် အ နိမ့်ဆုံးအဆင့်ရေလေးတော့ မြုပ်လိုက်ရမှ။ တစ်
လောကအတည်ပေါက်နဲ့ သတင်းစာပေါ်တက် နောက်တာကို ကြည့်။ ခိုင်တယ်၊ ခန့်တယ်၊ အန္တ ရာယ်ကင်း
ဘေးရှင်းတယ်၊ တာဝမှာ စိတ်ချသာ အိပ်လိုက်ပါလို့ဆိုကြတယ်။ ကတိတွေ လှိုင်လှိုင် ကြား ဘာများကြာလိုက်လို့တုန်း။
တိုးလိုက်တဲ့ရေ။ မြုပ်လိုက်တဲ့လယ်၊ ပြေးလိုက်ရတဲ့ ပြည်သူဆိုတာ နောက်ကျခြေထောက်သစ္စာဖောက်ဆိုတဲ့ဘဝ။
.
ရှေးတစ်ခေတ်ဝန်မင်းကြီးလို လှူတာတန်း တာလေး စောင့်စားမနေနဲ့ အပြောမခံရတာကံ
ကောင်းပေါ့။ မသိရင် ပြည်သူက လုပ်ဇာတ်ခင်း ဇာတ်နာအောင် လွမ်းပြနေသလိုနဲ့။ ဒလဟောတိုး
နေတဲ့ လက်ပိုင်တွေ၊ အဆီအသားမဲ့လို့ အရိုးအ ရင်းကိုက်မယ့် လက်ပိုင်ရှင်တွေ စိတ်ထဲဘယ်လို
ခံစားချက်နဲ့ ထမင်းစားနေကြတယ်တော့မသိ။ မိုး စက်တွေ မြင်တိုင်း လေတင်လေညာအရပ်က ပြည်သူရဲ့
ဘဝက တသသနဲ့လွမ်းစရာ၊ မောစ ရာ။ စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ စိုက်စရာပျိုးစရာ မိုး
စက်ရေကိုမျှော်ကြတယ်။ ရောက်လာတဲ့ မိုးရေက စိုက်မြေတစ်ခွင်ပြဲပြဲစင်အောင်
အခြေအနှောက်ဗွေ လို ဖောက်တွေ။ နှစ်သီးစား၊ သုံးသီးစားအသာ ထားရှိတဲ့ တစ်သီးတောင် စားရဖို့
အနိုင်နိုင်ပါ။
.
နေ့စဉ်ရက်ဆက်ဆိုသလို မိုးတွေရွာ၊ မိုးတွေသည်း၊ မိုးတွေဖွဲတော့ ဘယ်ဆီဘယ်နေရာမှ
မသွားဖြစ်။ ဆိုင်ခန်းကျဉ်းလေးထဲ ငုတ်တုတ်ထိုင်ပြီး လာသမျှ သတင်းစာဖတ်၊ စိတ်လေးကစား
လက် လေးအားရင် လေလှိုင်းပေါ်တက်၊ ပုံနှိပ်သတင်း စာ၊ ဂျာနယ်တွေတဖြုတ်ဖြုတ်ကြွေ တစ်ခုတ်တစ်
ရသေတဲ့အချိန် လေလှိုင်းကမ္ဘာက အသစ်အသစ် တွေ ထပ်တိုးလာတယ်။ ရှိတဲ့တစ်ခုတောင် မွစာ ကျဲနေတာ
နောက်တိုးတွေနဲ့ ဘယ်လိုစခန်းသွား မယ်ဆိုတာ စိတ်ဝင်စားဖို့တော့ အကောင်းသား။ အသက်ရှည်ရှည်
ခင်ခင်မင်မင် လက်ရည်တစ်ပြင် တည်း ရှေးကထက်ပိုချစ်ကြတယ်။ ဘယ်လောက် များ နားထောင်ကောင်းလိုက်လဲ၊
တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခေါင်းစဉ်အောက်မှ တစ်ဖက် နဲ့တစ်ဖက် မိုးမွှန်အောင် ဆဲခဲ့ဖူးတာလေး
သတိ ရတော့နှစ်ခု၊ သုံးခုများ ကိုင်ဆဲကြရင် ရစရာ တောင်ကျန်ပါ့မလားဘဲ။
.
လူဦးရေက သန်းငါးဆယ်၊ လေလှိုင်းစာမျက် နှာ ဆယ့်ရှစ်သန်းလောက် ဗွက်ပေါက်တဲ့
နိုင်ငံမှာ သောင်းပြောင်းထွေလာဖြစ်တာ သိပ်တော့မဆန်း ပါဘူး။ ထားလိုက်ပါတော့။ ဝါဆိုမိုးဘက်
ခရီးပြန် ဆက်တာပဲကောင်းပါတယ်။ တောင်ကြီးမြို့ပေါ် မိုးတွေကောင်းလွန်းတော့ မဖြစ်မနေ ကျောင်းပို့
ကျောင်းကြိုကိစ္စကလွဲလို့ လက်ယားလက်ယားအ ပြင်သိပ်မသွားဖြစ်ဘူး။ (ညပိုင်းညဈေးတန်းရောက်
တာက ချွင်းချက်ပေါ့။)အလုပ်လေးရှိလို့ အပြင် ထွက်မယ်ကြံလိုက်၊ မိုးကသည်းလိုက်၊ ဧည့်သည်
လေးချိန်းထားလို့ အပြင်သွားမယ်လုပ်လိုက် မိုးက ဖွဲလိုက်နဲ့ပါ။ ဆက်ရက်မင်းစည်းစိမ်နဲ့ဆိုင်တွင်း
အောင်းနေတဲ့ တစ်ညနေမိတ်ဆွေတစ်ယောက် လှမ်းခေါ်တယ်။ အကြောင်းအရာထွေထွေထူးထူး ခေါင်းစဉ်တော့မဟုတ်ဘူး။
သူ့ဟာသူကောင်းနေ တဲ့ ရာသီဥတုကို မဖြစ်မနေကိုယ့်ဘက်ထပ်ပါ အောင် ဆွဲခေါ်ဖို့ပါ။
.
အောင်ဆန်းဝင်းဆိုတဲ့ ငတိက ပရိသတ်ကြီး သိတဲ့အတိုင်း။ ကျန်တဲ့နေရာသာ
အသည်းက သံမဏိလို မာချင်မာလိမ့်မယ်။ ဒီကိစ္စမျိုးကြတော့ စိတ်ကအလွန်ကိုနုတာပါ။ ကိုယ်တိုင်က
စိတ်နုတာ ရယ်၊ တစ်ကူးတစ်က လှမ်းခေါ်တဲ့လူကို အားနာတာရယ်ကြောင့် ခပ်ချာချာစီးတော်ယာဉ်နဲ့
အ နောက်မြို့ပတ်လမ်းအတိုင်း မြို့ထဲဆင်းပါတယ်။ အချိန်က မှောင်ရီဝိုးတဝါး။ မိုးကဖွဲသလိုသည်းသ
လို။ အထိအခိုက်ဖြစ်မှာကြောက်လို့ ဖြည်းဖြည်း မှန်မှန်မောင်းလာခဲ့ပါတယ်။ စီးတော်ယာဉ်ရဲ့
ရှေ့ မီးသီးကလည်း တစ်ဖက်ကျွမ်းငရမန်ကန်းဆိုတော့ ဘတ်သီးမကောင်းတဲ့လူနဲ့ သဟဇာတကိုဖြစ်လို့
ပါ။ ကံကြမ္မာဆိုတာ ကြိုမြင်လို့မရတဲ့။ (ရှေ့ဖြစ် နောက်ဖြစ် ဟောဆရာတွေ ဘယ့်နှယ့်မြင်တယ်
တော့မပြောတတ်ဘူး)။ ခပ်ချာချာလေးမို့ အထူး ဂရုစိုက်မောင်းရင်းကို ရှေ့ဘီးတစ်ဖက်ချိုင့်ခွက်ထဲ
ခပ်ကြမ်းကြမ်းဆောင့်ကျပါတယ်။
.
ကျတဲ့နေရာက ကွမ်ရင်တရုတ်ဘုံကျောင်း မြောက်ဘက်ဟိန်းထက်နိုင် ကိုယ်ပိုင်စာသင်ကျောင်းနဲ့
ကူညီကုန်းလမ်းဆုံမရောက်ခင်ကြားက လမ်းကွေ့တစ်နေရာပါ။ အဲဒီမှာစတွေ့တာပါပဲ။ ချိုင့်ခွက်ထဲကျတဲ့
ဘီးက လကမ္ဘာလိုဖြစ်နေတဲ့ လမ်းမပေါ်ပြန်ရောက်တော့ ထွန့်ထွန့်လူးပါလေ ရော။ လမ်းဘေးထိုးရပ်ပြီး
ဆံပင်ညှပ်ဆိုင်ရှေ့ ဖြတ်မမောင်းဝံ့တဲ့ ဘီးကိုကြည့်လိုက်ပါတယ်။ ဘာ ပြောကောင်းမလဲ တစ်ချက်ဆောင့်တစ်ချက်ကွဲ။
မာလှပါတယ်ဆိုတဲ့ ဒစ်ဝီးလ်တောင်သုံးလက်မ လောက်ချိုင့်လို့။ အလိုက်ကမ်းဆိုးမသိတဲ့ အက်ဖ်
အမ်က ခါတော်မီသီချင်းလေးနဲ့ အားပေးလိုက်ပါ သေးတယ်။ ငိုနေမယ် မိုးသည်းထဲမှာကွယ်တဲ့။
ဘီးဖြုတ်ခြင်း အနုပညာကို နှစ်ပြားသားမှ နားမ လည်တော့ ရှိရှိသမျှ ရပ်ဆွေရပ်မျိုးအပေါင်းကို
တယ်လီဖုန်းအားကိုးနဲ့ မိုက်လိုက်တာ အဆင်ပြေ ပြီး နည်းနည်းတော့ အဆဲခံလိုက်ရတာပေါ့။
.
ရှမ်းပြည်နယ်အပါအဝင် မြန်ပြည်တစ်ဝှမ်းက လမ်းတွေ ဘယ်သို့ဘယ်ပုံခင်းကြတယ်
မပြော တတ်ဘူး။ ရေစက်လေး ထိတာနဲ့ ပျက်မယ်ဆိုတာ ချည်းပဲ။ အငိုသန်တဲ့ကလေး၊ မျက်ရည်လွယ်တဲ့
မမများ လမ်းမပေါ်မထွက်အောင် ဆုတောင်းရမယ့် အတိုင်း။ သွားရင်းလာရင်း စိတ်မခိုင်လို့ ထများငို
ရင် ခံနိုင်ရည်နည်းတဲ့ကတ္တရာ (အမှန်ကကျောက် တစ်ရာ) လမ်းကမျက်ရည်ပေါက် ဒဏ်ကြောင့် တွင်းနက်ကြီးတွေဖြစ်မှာတောင်
စိုးရိမ်ရပါတယ်။ ဒီလောက်ဆိုးတဲ့ နေရာ တစ်နေရာတည်းလားဆို တော့ မဟုတ်ပြန်ဘူး။ အရှေ့နောက်မြို့ပတ်လမ်း
တစ်ခွင်ကြည့်လိုက်တော့ ပုံစံတူချိုင့်ခွက်လေးတွေ က ဟိုနားတစ်ခွက်၊ ဒီနားတစ်ချိုင့်။
မြို့လုံးပတ် လည်(ကိုယ်ထူကိုယ်ထ သူဌေးခင်းတဲ့ လမ်းကလွဲ လို့)လမ်းမလမ်းသွယ်တွေလည်း ထူးမခြားနား။
ဖိတ်ဖိတ်လက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ကြီးကို အားနာဖို့ကောင်းနေသလိုပါ။
.
အဲဒီလိုချိုင့်တစ်ခွက်၊ကျင်းတစ်ဝက်ဖြစ်နေတဲ့ လမ်းတွေထဲမှာ ထူးထူးဆန်းဆန်း
နှစ်ထပ်လမ်း လေးကလည်း မြို့ရွှေတောင်ကြီးအတွက် ဂုဏ်ယူ စရာတစ်ခုလို့ ပြောရမလားပါပဲ။ နှစ်ထပ်လမ်းတစ်
ခုဖြစ်ဖို့ တော်ရုံစကေး၊ တော်ရုံဦးနှောက်နဲ့ မလုပ် နိုင်ပါဘူး။ မြို့လယ်ကောင် ရှမ်းပြည်နယ်ဘောလုံး
ကွင်း(ရှမ်းယူနိုက်တက်ကွင်း) အနောက်တည့်တည့် ကလမ်းပါ။ ဘောလုံကွင်းရှိတဲ့ အရှေ့ဘက်ခြမ်း
က လမ်းသားတစ်ထပ်မြင့်ပြီး အနောက်ဘက်က နဂိုမူလလက်ဟောင်းအတိုင်း နိမ့်နေပါတယ်။ အခုလို
ကျပ်မပြည့်တဲ့ နှစ်ထပ်လမ်းကို မောင်မင်း ကြီးသားများ ဘယ်လိုစိတ်ကူးနဲ့ ခင်းတယ်ဆိုတာတော့
တာဝန်ရှိသူများမှသာ သိလိမ့်မယ်ထင်ပါတယ်။ ကျင်းချိုင့်ခွက်တွေနဲ့ လမ်းလေးက တစ် မျိုးလှ။
ကျပ်မပြည့်တဲ့ နှစ်ထပ်လမ်းက မြို့လယ် ကောင်။ ဂုဏ်ယူစရာ ကောင်းလွန်းနေတော့ ဆက်သာဂုဏ်ယူလိုက်ကြပါတော့လို့
အကြံပြုတင် ပြလိုက်ရကြောင်းပါ။
.
.
.
#KBZTai #Shan