မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ သီခေါင်အုပ်စု၊ အင်းခေါင်ကျေးရွာ၊ OK ဆီပန့်ဆိုင်အနီးတွင်
စက်တင်ဘာလ ၂၄ ရက်၊ ညနေပိုင်းက ဟဲဟိုးရဲစခန်းမှ ဒုရဲအုပ်တစ်ဦမောင်းလာသည့် ကားနှင့်
ဆိုင်ကယ်တစ်စီးတိုက်မိကာ ဆိုင်ကယ်မောင်းသူ ဆေသုံးမှုဖြစ်ပွားခဲ့ကြောင်း ကလောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
သိရှိရသည်။
.
.
အဆိုပါ ယာဉ်တိုက်မှုနှင့်
ပတ်သက်၍ ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းထွေးက "ရဲစည်းကမ်းအရ စစ်ဆေးအရေးယူ
ဆောင်ရွက်နေပါတယ်"ဟု ကမ္ဘောဇတိုင်းသို့ ပြောကြားသည်။
ဟဲဟိုးရဲစခန်းမှ
ဒုရဲအုပ် သန်းမင်းစိုးသည် စက်တင်ဘာလ ၂၄ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ဟဲဟိုး တရားခံ
တစ်ဦးကို သွားရောက်စုံစမ်းဖမ်းဆီးရန်နှင့် သက်သေများကို စစ်ဆေးရန် ဘော်နင်းအုပ်စု၊
ရွာတော်ကျေးရွာသို့ Caldina ခဲရောင်မော်တော်ယာဉ် (လိုင်စင်စိစစ်ဆဲ)ဖြင့်မောင်းနှင်သွားစဉ်
ဟဲဟိုးမြို့၊ သီခေါင်အုပ်စု၊ အင်းခေါင်ကျေးရွာ၊ OK ဆီပန့်ဆီုင်အနီး ပြည်ထောင်စုလမ်းမကြီး၊
မိုင်တိုင်အမှတ် ၉၁/၆ နှင့် ၇ အကြား အရောက်တွင် မျက်နှာချင်းဆိုင် အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့
ဥဿကံရွာ၊ ဟဲဟိုးမြို့နေသူ အောင်လင်း(၁၈) နှစ် မောင်းနှင်လာပြီး ပဲရင်းတောင်ရွာ၊ ဟဲဟိုးမြို့နေ
စံကီး (၁၉)နှစ် လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်သည် တစ်ဖက်ယဉ်ကြောမှ အတွင်းအရှိန်မထိန်းနိုင်ဘဲ
ဝင်ရောက်၍ ဒုရဲအုပ်သန်းမင်းစိုးမောင်းနှင်လာသည့် ကား၏ အရှေ့ဘက်ဘန်ပါသို့ ၀င်ရောက် တိုက်မိသဖြင့်
ဆိုင်ကယ်မောင်းနှင်သူ အောင်လင်းမှာ ရရှိဒဏ်ရာများဖြင့် ဟဲဟိုးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ်
သေဆုံး သွားခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ စံကီးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း
သိရသည်။
.
သို့ဖြစ်၍
အရက်သေစာသောက်စားကာ ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းကြောင့် တစ်ဖက်ယာဉ်ကြောအတွင်း ၀င်ရောက်တိုက်မိ၍
အခြားသူအား ဒဏ်ရာများရရှိစေခဲ့ပြီး မိမိအသက်ကိုပါ သေဆုံးစေခဲ့သူ အောင်လင်းအား ဥပဒေအရ
အရေးယူနိုင်ရန် ဟဲဟိုးနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄-က
ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai
#Shan