မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရေ့ပိုင်း၊
မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံအုပ်စု၊ ပါခတ်ကျေးရွာတွင် သြဂုတ်လ ၃၁ ရက်၊ ညပိုင်းက
ခင်ပွန်းဖြစ်သူမှ ဇနီးနှင့်သားကို ဓါးဖြင့် ခုတ်သတ်ကာ မိမိကိုယ်ကိုလည်း လည်ပင်းနှင့်ဝမ်းဗိုက်သို့
ဓါးဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရှိရသည်။
.
.
"မိသားစုကို
ဓားနဲ့ခုတ်သတ်ထားတယ်လို့ လာတိုင်တဲ့အတွက် သွားစစ်ဆေးပါတယ်။ သတ်တဲ့သူက နေအိမ်စောင်ခြုံထဲမှာ
လှုပ်နေလို့ ဖွင့်ကြည့်တဲ့အခါ ဆေးကြောင်လို့သတ်တာ မဟုတ်ဘူး။ ဒေါသဖြစ်လို့ သတ်တာလို့ ပြောပါတယ်။
မိုင်းတုံဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ပြီး ရဲလုပ်ထုံးလုပ်နည်းများနဲ့ အညီ ဆောင်ရွက်ထားပါတယ်"ဟု
မိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ် ကျော်မင်းခိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
မိုင်းတုံမှ
မိုင်းဆတ်သို့သွားရာကားလမ်း ၁၁ မိုင်ခန်အကွာရှိ လွယ်ခမ်းလုံအုပ်စု၊ ပါခတ်ကျေးရွာတွင်
သြဂုတ်လ ၃၁ ရက်၊ ည ၇ နာရီခွဲခန့်က ဇနီးနှင့်သားကို ခုတ်သတ်ထားပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှု
ဖြစ်ပွားနေကြောင်း လာရောက် တိုင်တန်းချက်အရ စခန်းမှ သွားရောက်စစ်ဆေးရာ ကျသိန်းဆိုသူမှ
၎င်း၏ဇနီးဖြစ်သူ မနာအောတိနှင့် သားဖြင့်သူ မောင်သိန်းလှမြင့်တို့ ၂ ဦးကို ဓါးဖြင့် ခုတ်သတ်ထားသည်ကိုတွေ့ရပြီး
၎င်းကျသိန်း ကိုယ်တိုင်လည်း လည်ပင်းနှင့် ဝမ်းဗိုက်သို့ ကိုယ်တိုင်ထိုးသွင်းခဲ့သည့်ဒဏ်ရာများဖြင့်
တွေ့ရှိခဲ့ရကြောင်း သိရသည်။
.
သို့ဖြစ်၍
ဇနီးနှင့်သားအား ဓါးဖြင့်ခုတ်သတ်ပြီး မိမိကိုယ်တိုင်လည်း ဒဏ်ရာများရရှိအောင်ပြုလုပ်ခဲ့သူ
ကျသိန်း(၂၀)နှစ်အား မိုင်းတုံမြို့မရဲစခန်းမှ (ပ)၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၉
တို့ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan