ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်းရှိ တောင်သူ လယ်သမားများ အများဆုံးအသုံးပြု လျက်ရှိသည့်
ဓါတ်မြေသြဇာများသည် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပုဒ်မနှင့် ငြိစွန်းလျက် ရှိနေသ ဖြင့်
ရောင်းချရာတွင် အခက်အခဲများ ရှိနေသည်ဟု ရှမ်းပြည်နယ်ရှိ ဓါတ်မြေ သြဇာအရောင်းဆိုင်ရှင်များက
ပြော ဆိုလျက် ရှိသည်။
.
.
''ဓါတ်မြေသြဇာတွေကို စားသုံး သူကာကွယ်ရေးဥပဒေ ပုဒ်မနဲ့အညီ ရောင်းချဖို့အတွက်
ညွှန်ကြားထားတာ တွေရှိပါတယ်။ ကျွန်တော်တို့အောက် မှာ ဖြစ်ပျက်နေတဲ့ မြေပြင်အခက်အခဲ တွေကို
စားသုံးသူရေးရာဦးစီးဌာနနဲ့ ညှိ နှိုင်းဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ ရောင်းချနေတဲ့
ဓါတ်မြေသြဇာတွေ က တောင်သူတွေအတွက် အမှန်တ ကယ်လိုအပ်လို့၊ သူတို့အသုံးပြုနေကြ လို့၊
သူတို့က မှာပေးပါဆိုလို့ ကျွန် တော်တို့က ကုမ္ပဏီတွေကနေမှာပြီး ရောင်းချပေးတာလောက်ပဲရှိပါတယ်။
ရှမ်းတောင်အနေနဲ့ကတော့ ဓါတ်မြေ သြဇာထုတ်လုပ်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။ အဲဒီမှာ ကျွန်တော်တို့
ဘာ အခက်အခဲကြုံလဲဆိုတော့ သူတို့သတ် မှတ်ထားတဲ့ ဥပဒေနဲ့ကုမ္ပဏီကသွင်း လာတဲ့ မြေသြဇာတွေမှာ
သတ်မှတ် ချက်နဲ့ မကိုက်ညီလို့ဆိုတာတွေ ရှိနေ ပါတယ်''ဟု ညောင်ရွှေမြို့ရှိ စည်သူ ဓါတ်မြေသြဇာ
ရောင်းဝယ်ရေးလုပ်ငန်း ပိုင်ရှင် ဦးစည်သူက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
တောင်သူများ အများဆုံး အသုံး ပြုနေကြသည့် ဓါတ်မြေသြဇာများတွင် စားသုံးသူအကာအကွယ်ပေးရေး
ဥပဒေ ပုဒ်မနှင့် ငြိစွန်းနေသည့် အချက်များ မှာ ထုတ်လုပ်သည့် ရက်စွဲများ၊ ကုန်ဆုံး သည့်ရက်စွဲများ
ကွဲလွဲနေခြင်း၊ အညွှန်း စာများကို မြန်မာဘာသာဖြင့် ဖော်ပြ ထားမှု မရှိခြင်းတို့ဖြစ်ပြီး
ဓါတ်မြေသြ ဇာအရည်အသွေးမှာမူ စားသုံးသူအ ကာအကွယ်ပေးရေး ဥပဒေပုဒ်မနှင့် ငြိစွန်းခြင်းမရှိဟု
ဦးစည်သူက ဆက် လက်ပြောကြားခဲ့သည်။
.
''စားသုံးသူ အကာအကွယ်ပေး ရေးဥပဒေမှာ အပိုင်း ၄ မျိုးပါရှိပါတယ်။
ဒါတွေကတော့ သက်တမ်းကုန်ဆုံး ရက်တွေပါရှိရမယ်။ ထုတ်လုပ်တဲ့ရက် စွဲတွေ ပါရှိရမယ်။ ကုမ္ပဏီလိပ်စာတွေ
ပါရှိရမယ်။ျွနျါငျအနမ တွေပါရှိရမယ်။ ဒါပေမဲ့ ဈေးကွက်မှာ ရောင်းချနေတာ တွေက စားသုံးသူ
အကာအကွယ်ပေး ရေးဥပဒေနဲ့များစွာ ငြိစွန်းနေပါတယ်။ တင်သွင်း ဖြန့်ဖြူးရောင်းချနေတာတွေ
က တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေတာကို တွေ့ရှိရတယ်။ ဒါတွေ ကို ဥပဒေနဲ့အညီ
ဖြစ်နိုင်ဖို့ လက်လီ လက်ကား တင်သွင်းရောင်းချနေတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေး တိုင်ပင်ညှိ
နှိုင်းပြီး လုပ်ဆောင်သွားမှာပါ''ဟု ရှမ်း ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးမင်း အောင်က ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
ယင်းကဲ့သို့ ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချနေသည့် မြေသြဇာများသည်
စားသုံးသူအကာ အကွယ်ပေးရေး ဥပဒေပုဒ်မနှင့် ငြိ စွန်းနေသော်လည်း တောင်သူများအ တွက် အမှန်တကယ်လိုအပ်နေသည့်
ဓါတ်မြေသြဇာများ ဖြစ်သည့်အတွက် ဥပဒေအရ စစ်ဆေးအရေးယူမည် ဆိုပါက ဓါတ်မြေသြဇာတင်သွင်းရောင်း
ချသည့် လုပ်ငန်းရှင်များ သာမက တောင်သူများအတွက်ပါ ထိခိုက်လာ နိုင်သည်ဟု မြေသြဇာအရောင်းဆိုင်
ရှင်များက ပြောဆိုလျက်ရှိသည်။
.
အဆိုပါ အခက်အခဲများကို အ ဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်
ဓါတ် မြေသြဇာ ရောင်းဝယ်ရေးလုပ်ငန်းရှင် များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် လ ၂၉ ရက်၊
နေ့လယ်ပိုင်းက တောင် ကြီးမြို့ရှိ ရှမ်းပြည်နယ်စားသုံးသူရေး ရာဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး
ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်စားသုံး သူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်
တောင်ပိုင်းအတွင်းမှ ဓါတ် မြေသြဇာ တင်သွင်းရောင်းချသည့်လုပ် ငန်းရှင်များ တက်ရောက်ဆွေးနွေး
ခဲ့ကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan