စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄၃ ဦးရှိသည့်အနက်
အစည်းအဝေးကို ၁၂၀ ဦး တက်ရောက်ကာ ခွင့်ပန်ကြားသူ ၂၃ ဦး ရှိပြီး ရာခိုင်နှုန်းအားဖြင့်
၈၃ ဒသမ ၉၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
.
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့ကို တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အအုံတွင်
ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး
ဒုတိယနေ့၌ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၂ ခုနှင့် အဆို
၁ ခုအား မေးမြန်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အစည်းအဝေး ပထမနေ့က တင်သွင်းခဲ့သော " တိုင်းရင်းသားလူမျိုးစုများ၏
ဓလေ့ထုံးတမ်း အစဉ်အလာ ရိုးရာယဉ်ကျေးမှုဆိုင်ရာများကို ပိုမိုထိရောက်သော အကာအကွယ်ပေးရေးနှင့်
တိုင်းရင်းသားများ၏ အခြေချရာနေရာများသို့ တာဝန်ရှိသူ အသီးသီးက စဉ်ဆက်မပြတ် ထိတွေ့ကွင်းဆင်း
ဆောင်ရွက်ပေးနိုင်ရေး ရှမ်းပြည်နယ်အစိုးရအား တိုက်တွန်းကြောင်း" အဆိုကို ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်များမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan