ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်မှ ၂၆ ရက် အထိ
.
တနင်္ဂနွေ
.
ကံကြမ္မာသည် အေးစက်စက်ဖြင့် ဖြတ်သန်းနေလိမ့်မည်။ အကြံအစည်များ ငွေရေးကြေးရေးများ
သိပ် မထူးခြား ငြိမ်သက်နေလိမ့်မည်။ မိတ်ဆွေများနှင့် ဆုံတွေ့ချိန် နည်းပါးနေတတ်ပြီး
အလဟဿအချိန်ကုန်အံ့။ ခရီးသွားချင်သော်လည်း အဆင်ပြေမည့် ကိစ္စမျိုး မမြင်သေးသဖြင့် မသွားရဘဲ
ဖြစ်နေမည်။ ငွေမြုပ်နေမည်။ လိုငွေပြမည်။ ကုန်သည်များမှာ အရောင်းအဝယ်သင့်ရုံ သွားနေလိမ့်မည်။
ဝန်ထမ်းများ အလုပ်ပိနေမည်။ ပွဲစား များအကွက်ပျောက်ဆုံးနေမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင်
ချစ်သူနဲ့ ယာယီခွဲခွာရမည်။ ကျန်းမာရေး ကိစ္စ များတွင် နေထိုင်မကောင်း နည်းနည်းကြုံမည်။
ကံကောင်းစေဂဏန်းမှာ (၁/၆/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် သပြေလှူပါ။
တနင်္လာ
.
မီးနဲ့ပတ်သက်ပြီး စိတ်ညစ်ရမည်။ မီးပျက်ခြင်း၊ ပြင်ရခြင်းကြုံမည်။
စီးပွားရေးငွေဝင်သော်လည်း စုဆောင်း မရနိုင်ပါ။ အထွက်များနေမည်။ ငယ်သူများကြောင့် ငွေကုန်မည်။
အဝေးမှ သတင်းကောင်းကြားမည်။ ခရီး ယာယီသွားလာရမည်။ မိတ်ဆွေ အကူအညီရတတ်သည်။ ထီပေါက်ကံလည်း
ရှိပါသည်။ ကုန်သည်များ ငွေ အရှုပ်အရှင်းပေါ်မည်။ ဖြေရှင်းရမည်။ ဝန်ထမ်းများ သင်တန်းတက်ရမည်။
ပညာလေ့လာရမည်။ ပွဲစားများ ချေးငွေမှ ပွဲခနည်းနည်းရမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနဲ့
အတူ လည်ပတ်ရလိမ့်မည်။ ကျန်းမာ ရေးကိစ္စတွင် ခေါင်းမူး၊ ခေါင်းကိုက်ခြင်းများ ကြုံတွေ့မည်။
ကံကောင်းစေသော ဂဏန်းများမှာ (၂/၄/၆) ဖြစ်သည်။
ယတြာ။ စေတီတွင် အလံ ၉
ချောင်းလှူပါ။
.
အင်္ဂါ
.
အခက်အခဲအကြပ်အတည်းထဲမှ ထွက်မြောက်နိုင်လိမ့်မည်။ ကံကောင်းစ ပြုလာပြီဖြစ်ပြီး
စီးပွားရေး ငွေကြေးများ အသင့်သင့် ချောင်လည်လာတော့မည်။ မိမိအလိုရှိသော အသုံးအဆောင်များ
ဝင်လာမည်။ ခရီးကောင်းသွားလာရမည်။ အလှူပွဲ သွားရမည်။ အစားကောင်းစားရမည်။ တစ်ခုတော့ သတိပြုပါ
ငွေအထား မှားတတ်သည်။ ကုန်သည်များမှာ ကုန်ပစ္စည်းဈေးတက်သောကြောင့် အရောင်းခက်၊ အဝယ်ခက်ဖြစ်မည်။
ဝန် ထမ်းများ အတွင်းရေး ရှုပ်ထွေးပြီး ဖြေရှင်းနေရမည်။ ပွဲစားများမှာ အိမ်အပေါင်ကိစ္စတည့်မည်။
ငယ်သူများ အချစ်ရေးတွင် ချစ်သူက မိမိကို စိတ်ချမ်းသာအောင် ထားလိမ့်မည်။ ကျန်းမာရေးကိစ္စတွင်
နားအူလေထွက် ခြင်း၊ နားနာခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/ဝ/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို မုန့်လှူပါ။
.
ဗုဒ္ဓဟူး
.
ကား ရောင်းချရမည်။ ကားအသစ် လဲလှယ်ခြင်းလည်း ကြုံတတ်ပါတယ်။ အဝေးမှ
သတင်းကောင်း ကြားသိရမည်။ ထီတစ်မျိုးမျိုးပေါက်မည်။ စီးပွားရေးအကွက်ကောင်းလည်း တွေ့တော့မည်။
စိတ်ပျော်ရွှင်ကျေ နပ်စရာလာမည်။ အမှုအခင်းရှိသူများ အနိုင်ရမည်။ အမှုပြီးစီးမည်။ မိတ်ဆွေထံမှ
အထောက်အကူလည်းရ မည်။ ကုန်သည်များမှာ ပစ္စည်းကိစ္စကြောင့် ဖြေရှင်းပြောဆိုရမည်။ ဝန်ထမ်းများမှာ
ကြီးသူသဘောမကျသော အလုပ်လုပ်မိတတ်သည်။ ပွဲစားများ ဘာမှ မထူးခြားသော ကာလဖြစ်ပါသည်။ ငယ်ရွယ်သူများမှာ
ချစ်သူ အသစ်ရမည်။ အဟောင်းနဲ့ လမ်းခွဲမည်။ စကားများလိမ့်မည်။ ကျန်းမာရေး ကိစ္စတွင် ရေချိုးမှားလိမ့်မည်။
ကံကောင်းစေသော ဂဏန်းမှာ (၄/၇/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သစ်သီးလှူပါ။
.
ကြာသပတေး
.
သူတစ်ပါးအတွက် ကူညီဖြေရှင်းပေးရလိမ့်မည်။ အလုပ်အကိုင်များ သိပ်မကောင်းလှပါ။
အိမ်တွင်းပစ္စည်း အခိုးခံရလိမ့်မည်။ အတွင်းလူလည်း ဒုက္ခပေးလိမ့်မည်။ စီးပွားရေးကြောင့်
စိတ်မောလူမောဖြစ်နေမည်။ ငွေ အခက်အခဲတွေ့နေဦးမည်။ ဘာသာရေးကိစ္စဆောင်ရွက်ပါ အညံ့သက်သာပါလိမ့်မည်။
လူဝင်မခံသင့်သော ကာလဖြစ်သည်။ ကုန်သည်များမှာ လှောင်ကုန်များ ဈေးကောင်းရမည်။ အထူးအရောင်းအဝယ်
ကောင်းလာ မည်။ြေ<ွကးတော့ကျလိမ့်မည်။ ဝန်ထမ်းများမှ မထူးဘဲ အချိန်ကုန်နေမည်။ ပွဲစားများ
ပွဲခနည်းနည်းရလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးကိစ္စတွင် ချစ်သူထံမှ လက်ဆောင်ကောင်းရမည်။
ကျန်းမာရေးကိစ္စများတွင် ချောင်း ဆိုးမည်။ လည်ပင်းနာမည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၂/၅)ဖြစ်သည်။
ယတြာ။ စေတီမှာ ထီးဖြူ
၁ဝ လက်လှူပါ။
.
သောကြာ
.
ရုံးကိစ္စအဆင်ပြေမည်။ စာရွက်စာတမ်းကိစ္စ ပြီးစီးအောင်မြင်မည်။ ငွေအနည်းငယ်
အဝင်ပါးနေမည်။ မ ထင်မှတ်သော အဝေးမှ ငွေများများဝင်လာကံလည်း ရှိနေပါသည်။ စီးပွားရေးကိစ္စများ
အေးစက်နေသော်လည်း ပြန်ကောင်းလာပါမည်။ အလုပ်ပိနေမည်။ ငယ်သူအတွက် ဆောင်ရွက်လုပ်ကိုင်ပေးရလိမ့်မည်။
အိမ်နီးချင်းကို မိမိကူညီရလိမ့်မည်။ ကုန်သည်များမှာ အြေ<ွကးကိစ္စစကားများမည်။ ဖြေရှင်းရမည်။
ဝန်ထမ်းများမှာ ခရီးသွား ရမည်။ အလုပ်တာဝန်သစ်ပေးခြင်းကြုံမည်။ ပွဲစားများမှာ အတိုက်အခံများတွေ့မည်။
အလုပ်ဖြစ်လုနီးမှ ပျက် သွားမည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူအထင်လွဲခံရမည်။ မိမိကို
စိတ်ကောက်ပြီး မခေါ်ဘဲ ဖြစ်နေမည်။ ကျန်းမာရေးကိစ္စများတွင် လေနာမည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၇/၅)ဖြစ်သည်။
ယတြာ။ စေတီတွင် ရေသန့်တစ်ပုလင်းလှူပါ။
.
စနေ
.
စက်ပစ္စည်းဝင်မည်။ ကားတာယာ၊ ဆိုင်ကယ်တာယာများ လဲလှယ်ရမည်။ အနီးအနားမှာ
မနာလိုသူပေါ် မည်။ ကြီးသူကျန်းမာရေးနည်းနည်းညံ့ပါမည်။ တောင်အရပ်သို့ ခရီးသွားရမည်။ မိတ်ဆွေသစ်တွေ့ပါမည်။
အ ကျိုးပေမည်။ နေအိမ်သို့ အိမ်မွေးတိရိစ္ဆာန် အဝင်မခံသင့်ပါ။ စီးပွားရေး အခွင့်လမ်းကောင်း
ပေါ်လာမည်။ ကုန် သည်များမှာ အတိုက်အခံနည်းနည်းတွေ့ပါမည်။ ဝန်ထမ်းများ အခွင့်အလမ်းကောင်းပေါ်မည်။
သတင်းကောင်း ကြားသိရမည်။ ပွဲစားများမှာ လူလိမ်ခံရမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူနှင့်
ပြန်လည်အဆင်ပြေ မည်။ အချို့သောသူများမှာ အဖြေကောင်းကြားသိရမည်။ ကျန်းမာရေးကိစ္စများတွင်
ဆီးချုပ်ခြင်း၊ ဆီးအောင့် ခြင်းကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၅/၇)ဖြစ်သည်။
ယတြာ။ စေတီမှာ အမွှေးတိုင်ထွန်းညှိပူဇော်ပါ။
.
.
.
#KBZTai #Shan