ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ တွဲဘက်ပြည်နယ် စစ်အင်
ဂျင်နီယာမှူးရုံးရှေ့မှ လွိုင်မွေသွား ကားလမ်း၏ လမ်းယာဘက်ခြမ်းရှိ ရေနုတ်မြောင်းအား
ကျောက်စီရေ ထုတ်မြောင်း တည်ဆောက်ရန် အ တွက် လိုအပ်သည့် တည်ဆောက် ရေးပစ္စည်းများကို ပေးသွင်းနိုင်သော
ပမာဏနှင့် ဈေးနှုန်းအဆိုပြုလွှာများ နှင့်အတူ စက်တင်ဘာလ အတွင်း ပေးပို့လျှောက်ထားကြရန်
နှိုးဆော်ထားကြောင်း ကျိုင်းတုံမြို့နယ် စည် ပင်သာယာရေးဌာနမှ သိရသည်။
.
.
ကျောက်စီနံရံပုံစံဖြင့် အကျယ် ၆ ပေနှင့် အရှည် ၄၃ဝဝ ပေရှိ အ ဆိုပါ
ရေနုတ်မြောင်း တည်ဆောက် ရန်အတွက် ရှမ်းပြည်နယ် စည်ပင် သာယာရေးဌာနမှ တင်ဒါခေါ်ယူခဲ့ သော်လည်း
သတ်မှတ်စံချိန်စံညွှန်း များနှင့် မကိုက်ညီသဖြင့် ကျိုင်းတုံ မြို့နယ် စည်ပင်သာယာရေးကော်မတီ
မှ တည်ဆောက်မှု ကြီးကြပ်စိစစ်ရေး ကော်မတီကို ဖွဲ့စည်း၍ မီနီဘတ်ဂျက် ကာလအတွင်း ရှမ်းပြည်နယ်အစိုးရ
အဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၉ဝ၆ သိန်းဖြင့် တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ရေနုတ်မြောင်း တည် ဆောက်ရေးအတွက် ကျိုင်းတုံမြို့ နယ် စည်ပင်သာယာရေးဌာန၊
အစည်းအဝေး ခန်းမတွင် စက်တင်ဘာ လ ၂ဝ ရက်က ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ
နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ ဆုံ၍
တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းများ ပေးသွင်းနိုင်မည့် ပမာဏနှင့် ဈေးနှုန်းအဆိုပြု
လျှောက်ထားကြရန် တိုက်တွန်း နှိုး ဆော်ခဲ့ကြောင်း သိရသည်။
.
ရေနုတ်မြောင်း တည်ဆောက် ရေးအတွက် လိုအပ်သည့် ပစ္စည်းများ မှာ ဘိလပ်မြေ
၆၆၉ဝ အိတ်၊ သဲ ကြမ်း ၄၁၃ ကျင်း၊ သဲချော ၅၁ စီး ၊ ၆ဓ ထ ၉ဓ အရွယ် ၇၄၉ ကျင်း၊ ၄ဓ ထ ၂ဓ
နှင့် ၄ဓ ထ ၃ဓ ဆိုဒ် ကျောက် ၁၇၈ ကျင်းတို့ လိုအပ်မည် ဖြစ်ပြီး လုပ်ငန်းရှင်များအား
တစ်ဦး ချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အ ရောက်ပို့၊ ငွေချေစနစ်ဖြင့် မိမိပေး သွင်းနိုင်သည့်
ဈေးနှုန်းနှင့် ပမာဏ အသေးစိတ်အား စက်တင်ဘာလအ တွင်း အဆိုပြု လျှောက်ထားရမည် ဖြစ်ကြောင်း
သိရသည်။
.
''မိုးရာသီကာလအတွင်း ဖြစ်နေ ပေမယ့်လည်း သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကာလမှာ
လုပ်ငန်းတွေကို စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မိုး အကုန်ပွင့်လင်းချိန်မှာ အင်တိုက်အား
တိုက် အကောင်အထည်ဖော် ဆောင် ရွက်ရမှာဖြစ်လို့ ပစ္စည်းပေးသွင်းသူ တွေ အနေနဲ့လည်း လုပ်ငန်းချိန်မှာ
အချိန်မီအောင် ပေးသွင်းနိုင်ဖို့ လို အပ်မှာ ဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့ နယ် စည်ပင်သာယာရေးဌာနမှ
အမှု ဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရေနုတ်မြောင်း တည်ဆောက်ရေးတွင် လိုအပ်သည့် ပစ္စည်းများ အား အချိန်မီပေးသွင်းနိုင်ရေးနှင့်
ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် ဒေါ်သီတာက ''မိုးရာသီကာလမှာ မြေပြိုလမ်းပျက်တာနဲ့ လုပ်ငန်းက ခရီးမတွင်ပါဘူး။ ပြီးတော့ ပြင်ပ ပေါက်ဈေးနဲ့
တအား ကွာနေရင်လည်း ပေးသွင်းဖို့ ခက်ခဲနိုင်ပါတယ်။ မြို့ အတွက် ထိုက်သင့်သလောက် ကူ ညီပေးဖို့အတွက်
စဉ်းစားနေပါတယ်''ဟု ပြောသည်။
.
.
.
#KBZTai #Shan