မောင်မောင်သန်း (တောင်ကြီး)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျော့မောင်ငယ် ဘက်စုံ
အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ တွင် သြဂုတ်လ ၂၉ ရက်က ပြုလုပ်ခဲ့သည့် စိုက်ပျိုးရေးသုံး
သွင်းအားစု ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ၊ စုပေါင်းမြေသြဇာ ကြဲပက်ပွဲနှင့် ကွင်းပြ
ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန် ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ တောင် သူလယ်သမားများ၏
အကျိုးစီးပွား မြှင့်တင်နိုင်ရန်အတွက် အားသွန်ခွန် စိုက် ကြိုးပမ်းဆောင်ရွက်ရန် မှာကြား
ခဲ့ကြောင်း သိရသည်။
.
.
'' ယနေ့ အခမ်းအနားသည် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့်
အတူ စပါးပင် သက်တမ်းအလိုက် သုံးစွဲသင့်သည့် မြေသြဇာနှုန်းထား အ ရည်အသွေး စစ်မှန်သော
မြေသြဇာ ရွေးချယ်မှု နည်းစနစ်မှန်ကန်စွာ ကြဲ ပက်မှု စသည်တို့ကို ဘက်စုံ အဆင့် မြင့်နည်းပညာသုံး
စံပြကျေးရွာမှ တောင်သူများအား နည်းပညာရရှိစေ ရေးအတွက် စုပေါင်းလက်တွေ့ ကြဲ ပက်ခြင်းနှင့်
အခြားကျေးရွာများမှ တောင်သူများအား ဖိတ်ကြားပြီး ကွင်း ပြပွဲ ပြုလုပ်ပြသရခြင်း ဖြစ်ကြောင်း
သက်ဆိုင်ရာဌာနမှ ပညာရှင်များ၊ အ ရာထမ်း၊ အမှုထမ်းများသည် တောင် သူများ၏ အခွင့်အရေးကို
အကာအ ကွယ်ပေးနိုင်ပြီး တောင်သူလယ်သမား များ၏ အကျိုးစီးပွားမြှင့်တင်နိုင်ရန် အ တွက်
တောင်သူလယ်သမားများနှင့် အတူ ပူပေါင်း၍ လယ်ယာကဏ္ဍတွင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်
ကြရန်နှင့် တောင်သူလယ်သမားများမှ လည်း စိုက်ပျိုးရေး ဦးစီးဌာနမှ အဆင့် မြင့် စိုက်ပျိုးရေး
နည်းပညာများကို သိ ရှိနားလည်ကာ အရည်အသွေးကောင်း သီးနှံများကို အထွက်တိုးအောင် ထုတ်
လုပ်နိုင်ခြင်းဖြင့် တောင်သူများ၏ လူ နေမှုဘဝ သာယာဝပြောစေမည် ဖြစ် ကြောင်း''စသည်ဖြင့်
ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်မှ ပြောကြား ခဲ့သည်။
အဆိုပါ အခမ်းအနားကို ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီး
ခရိုင် ဦးစီးမှူးရုံးမှ ကြီးမှူးဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားပြုလုပ်ရခြင်း
နှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး
ဦးတင်ဦးကြိုင်မှ ရှင်း လင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်
တာဝန်ရှိသူ တို့က တောင်သူလယ်သမားများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ၍ စုပေါင်းမြေသြဇာ
ကြဲပက်ပွဲနှင့် ကွင်းပြဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
.
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ
တို့သည် တောင်ကြီးမြို့နယ်၊ ရွှေ ညောင်မြို့မ အုပ်စု၊ ကွမ်းဘုံကျေးရွာ တောင်သူဦးလောလီ၏
မိုးစပါးစံပြ စိုက်ခင်း၌ ကျင်းပသော ဘက်စုံအ ဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တွင်
စိုက်ပျိုးရေးသုံး သွင်းအားစု ဓာတ်မြေသြဇာ ကြဲပက်ပွဲနှင့် ကွင်းပြပွဲ ကို တက်ရောက်ခဲ့ကြကြောင်းလည်း
သိရသည်။
.
.
.
#KBZTai #Shan