တာချီလိတ်တွင် လမ်း၊ တံတား၊ နှစ်တို နှစ်ရှည် ၁၃ နှစ် စီမံကိန်း သုံးသပ်အတည်ပြုနိုင်ရန်ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် လမ်း၊ တံတား၊ နှစ်တို နှစ်ရှည် ၁၃ နှစ် စီမံကိန်း သုံးသပ်အတည်ပြုနိုင်ရန်ဆွေးနွေး



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ကျေးလက်ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လမ်း၊ တံတား၊ နှစ်တို နှစ်ရှည် (၁၃)နှစ် စီမံကိန်း သုံးသပ်အတည်ပြုနိုင်ရန် စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
.
.
ဆွေးနွေးပွဲတွင် (၁၃)နှစ် စီမံကိန်း ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၁ ခုနှစ်၊ ၃ နှစ်စီမံကိန်းအထိ အဆင့်သတ်မှတ်ထားသောလမ်းများ၏ မြေသားလမ်း၊ အမာခံလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများ ကွင်းဆင်းစစ် ဆေးမှု၊ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ ၅ နှစ်စီမံကိန်းနှင့် ၂ဝ၂၆ ခုနှစ်မှ ၂ဝ၃၁ ခုနှစ် ၅ နှစ်စီမံကိန်းတို့၏ နှစ်ရှည်စီမံကိန်းအပါအဝင် နှစ် အလိုက်ဘဏ္ဍာရန်ပုံငွေများ၊ နှစ်အလိုက်ဆောင်ရွက်မည့်လမ်းများပေါ်၌ လိုအပ်သည့် လမ်း၊ တံတားများ ဆောင် ရွက်မည့် အခြေအနေ၊ မြို့နယ်အလိုက် လူဦးရေ၊ ဆင်းရဲမှုရာခိုင်နှုန်း၊ လမ်း၊ တံတား ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ရေးဆွဲရာ၌ အခြေခံသည့် လက်ရှိမြေပြင်၌ သွားလာရန်ခက်ခဲမှု၊ ထုတ်ကုန်သီးနှံသယ်ပို့မှု၊ လူမှုစီးပွားရေးအကျိုးပြုမှု၊ ယာဉ်အသုံးပြုမှု၊ အချိန်ကုန် သက်သာမှုနှင့် ကွင်းဆင်းရာ၌ ဒေသမှ တင်ပြချက်များ၊ သဘာဝဘေး အန္တရာယ် ကြောင့် ပြန်လည်ပြုပြင်ရမည့် လုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများကိုလည်းကောင်း၊ ဘတ်ဂျက် လျာထားရန် တင်ပြရာ၌ မြို့နယ်အလိုက်၊ လုပ်ငန်းများအလိုက် စီမံကိန်းရေးဆွဲရာ၌ လမ်းမဟာ ဗျူဟာမူဘောင်နှင့် အညီ ရေးဆွဲရန် စသည့်အခြေအနေများကို လည်းကောင်း သုံးသပ်အတည်ပြုနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးထွန်းဝင်းအောင်၊ ကျေးလက်လမ်းဦးစီးဌာန တာဝန်ရှိသူများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats