၂၀၁၈-ခုနှစ် ၊ ဟိုပုံးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂၀၁၈-ခုနှစ် ၊ ဟိုပုံးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ


ထက်ထက် (ဟိုပုံး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းက ကျင်းပရာ ကန်သာယာ ဘောလုံးအသင်း နှင့် တောင်ရပ် (အိုက်ခန့်)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြခဲ့ကြပြီး ကန်သာယာဘောလုံးအသင်းမှ ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
.
.
ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ  ဂိုးအကောင်းဆုံး ကစားသမားဆုကို တောင်ရပ်(အိုက်ခန့်)ဘောလုံး အသင်းမှ မောင်ကောင်းမြတ်စံ၊ ရှေ့တန်းအကောင်းဆုံး ကစားသမားဆုကို မြို့ဦးရပ်ကွက်(၁)ဘောလုံးအသင်းမှ ခွန်ကြည်ဝင်း၊ အလယ်တန်းအကောင်းဆုံး ကစားသမားဆုကို လုံးတန် ဘောလုံးအသင်းမှ ခွန်ထက်ရှား၊ နောက်တန်းအကောင်းဆုံး ကစားသမားဆုကို တောင်ရပ်(အိုက်ခန့်)ဘောလုံးအသင်းမှ ခွန်ဇေယျာမင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ကန်သာယာ ဘောလုံးအသင်းမှ မောင်အောင်မျိုးထွေး၊ ဒုတိယဆုရရှိသော တောင်ရပ် (အိုက်ခန့်) အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့်ငွေသား၊ ပထမဆုရရှိသော ကန်သာယာ အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့်ငွေသားဆုများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
အဆိုပါမြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးဖလားအသက်(၂၀)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင် ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်  နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ ၊ အားကစားဝါသနာ ရှင်များ တက်ရောက်အားပေးခဲ့ကြပြီး ၊ ဟိုပုံးမြို့နယ် ရပ်ကွက်/ကျေးရွာပေါင်းစုံမှ အသင်းပေါင်း ၃၈ သင်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats