လူငယ်များ အုပ်စုဖွဲ့၍ အချင်းများ လူသတ်မှု ဖြစ်ပွားရခြင်းမှာ ပညာရေး အခြေခံအားနည်းခြင်း တရားမဝင် ဘီယာ၊ အရက်များ ရောင်းချမှု ရှိနေခြင်းနှင့် လျှပ်စစ်မီး မလင်းခြင်းကြောင့် ဖြစ်ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူငယ်များ အုပ်စုဖွဲ့၍ အချင်းများ လူသတ်မှု ဖြစ်ပွားရခြင်းမှာ ပညာရေး အခြေခံအားနည်းခြင်း တရားမဝင် ဘီယာ၊ အရက်များ ရောင်းချမှု ရှိနေခြင်းနှင့် လျှပ်စစ်မီး မလင်းခြင်းကြောင့် ဖြစ်ဟုဆို


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့နယ်တွင် စက်တင်ဘာလ ၁ဝ ရက်က ဖြစ်ပွားခဲ့သော လူငယ်များ အုပ်စုဖွဲ့ ဓားကိုင် လူသတ် မှုဖြစ်ပွားရခြင်း၏ အခြေခံအကြောင်း အရင်းမှာ ပညာရေးအခြေခံ အားနည်း ခြင်း၊ မူးယစ်စေတတ်သော ဘီယာ၊ အရက်များ တရားမဝင် ရောင်းချမှုများ ရှိနေခြင်းနှင့် လျှပ်စစ်မီးများ မလင်း ခြင်းတို့ကြောင့် ဖြစ်သည်ဟု ကျိုင်းတုံ မြို့၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး မှ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က သုံးသပ်ပြောဆိုခဲ့သည်။
.
.
ရဲမှူးကြီးမင်းအောင်က တိုးတက် ဖွံ့ဖြိုးနေသော နိုင်ငံအချို့တွင် အသက် ၁၈ နှစ်အောက် လူငယ်များကို ဆေး လိပ်၊ ဘီယာ၊ အရက်များ ရောင်းချ ခွင့် ပိတ်ပင်ထားသော်လည်း ကျိုင်း တုံမြို့ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း လုံးတွင် လူငယ်များအနေဖြင့် ဘီယာ၊ အရက်များကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ခြင်း၊ ညအချိန်အခင်းဖြစ်ပွားရာ နေရာတွင် လျှပ်စစ်မီးများ မလင်းခြင်း နှင့် အခင်းဖြစ် လူငယ်များသည် ပညာ ရေးအခြေခံ အားနည်းခြင်းများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
.
''တရားဥပဒေ စိုးမိုးရေး လုပ်ငန်းမှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့က အဓိက တာဝန် ရှိတယ်ဆိုပေမယ့် အခင်းဖြစ်စဉ်ရဲ့ အခြေခံအကြောင်းတရားတွေက ဆေးလိပ်၊ အရက်၊ ဘီယာတွေကို လွယ်လင့်တကူ ဝယ်ယူရရှိနေတာ၊ အခင်းဖြစ်စဉ်မှာပါတဲ့ လူငယ်တွေက အသက် ၁၇ နှစ်၊ ၁၉ နှစ်အရွယ်တွေ ဖြစ်ပြီး ပညာအခြေခံ အားနည်းပြီး အလုပ်အကိုင် အတည်တကျ မရှိတာ စတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ ဒါ့ အပြင် လမ်းမကြီးမှာ လျှပ်စစ်မီးမလင်း တာတွေလည်း ရှိနေတော့ မှုခင်းဒုစ ရိုက်ဖြစ်ပေါ်စေနိုင်တဲ့ အခြေခံအ ကြောင်းရင်း ဖြစ်လို့ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာ အားလုံးက ရဲတပ်ဖွဲ့ လုပ် ဆောင်နေတဲ့ တရားဥပဒေစိုးမိုးရေးမှာ ပူးပေါင်းပါဝင် ကူညီပေးစေချင်ပါတယ်'' ဟု ရဲမှူးကြီး မင်းအောင်က ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။
.
ကျိုင်းတုံမြို့၊ လေယာဉ်ကွင်းလမ်း ဘေးတွင် စက်တင်ဘာလ ၁ဝ ရက်၊ ညနေပိုင်းက လက်ကိုင်ဖုန်း အသုံးပြု နေသည့် စိုင်းယီတစ် (ခ)ချင်ဆန်နှင့် ၂ ဦးအား အိုက်ပီး(ခ) စိုင်းရှန်တစ် (၂၁) နှစ်နှင့် အိုက်ဝမ်း (ခ) စိုင်းရှဲန်ဝမ်း (၁၉) နှစ် အပါအဝင် လူငယ် ၇ ဦးမှ ရန်စ ကြိမ်းမောင်း ပြောဆိုကာ ဓား၊ တုတ် များဖြင့် ဝိုင်းဝန်းရန်ပြုခဲ့ရာ စိုင်းယီတစ် (ခ) ချင်ဆန်မှာ ခန္ဓာကိုယ် ပြတ်ရှဒဏ် ရာများ ရရှိပြီး ကျိုင်းတုံမြို့၊ အထွေ ထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် စက်တင်ဘာ လ ၁၁ ရက်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တုတ်၊ ဓားများဖြင့် ဝိုင်းဝန်းရန်ပြု ရိုက်နှက်ခုတ်ခဲ့သူ လူငယ် ၇ ဦးအား စက်တင်ဘာလ ၁၁ ရက်တွင် ညတွင်း ချင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ကျိုင်း တုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats