ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရဲဘော်ဈေး အနီးရှိ အမှိုက်ကန်မှ
အနံ့ ဆိုးများ ထွက်နေခြင်း ကြောင့် ဈေး ရောင်းချသူများနှင့် ဈေးဝယ်သူ ပြည် သူများအတွက်
အခက်အခဲများ ဖြစ် ပေါ်နေသဖြင့် သက်ဆိုင်ရာ တာဝန် ရှိသူများက ဖြေရှင်းပေးရန် လိုအပ် နေကြောင်း
ဒေသခံပြည်သူများထံမှ သိရသည်။
.
.
''ရဲဘော်ဈေးနားမှာ ဆိုရင် အ မှိုက်ကား မလာတော့ အများစုက ဈေး အနီးမှာရှိတဲ့
အမှိုက်ကန်မှာပဲ အဓိက ထား ပစ်နေရတယ်။ ဒီအမှိုက်ကန်က လည်း ဈေးနဲ့ တော်တော်လေးကို နီး
လွန်းနေတဲ့အတွက် ဈေးအင်္ဂါရပ်နဲ့ ဘယ်လိုမှ မညီညွတ်ပါဘူး။ အနံ့က တော်တော်လေးကို ဆိုးတယ်။
ကျွန်မ တို့ အဲဒီအမှိုက်ကန်နားကနေ ဖြတ် သွားရင်တောင် အသက်ကို အောင့် ပြီး သွားနေရပါတယ်''ဟု
တောင်ကြီး မြို့ ဒေသခံ ဒေါ်ကြည်ဟန်က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
အဆိုပါ ရဲဘော်ဈေး အနီးရှိ အမှိုက်ကန်သို့ နေ့စဉ် ညနေပိုင်းအချိန်များ၌
အများဆုံး အမှိုက်စွန့်ပစ်လျက် ရှိပြီး အမှိုက်ကန်သည် ဈေးနှင့် နီးကပ် စွာ တည်ရှိနေခြင်း၊
အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေခြင်းကြောင့် တာဝန်ရှိသူများမှ အမြန်ဆုံး ဖြေရှင်း
ပေးရန် လိုအပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
''အဲဒီ အမှိုက်ကန် ရှိတဲ့နေရာက လမ်းကွေ့လည်း ဖြစ်တယ်။ ကား မှတ်တိုင်လည်း
ဖြစ်တယ်။ ပြီးတော့ မနက်ပိုင်းရော ညနေပိုင်းရော ယာဉ် ကြီးတွေ၊ ခရီးသည်တင်ကားတွေ အကုန်ဖြတ်နေတဲ့
နေရာပါ။ ဈေးလာကြတဲ့ လူတွေကလည်း အဲဒီနေရာကနေ အဓိက ဖြတ်သွားနေကြတာ။ အဲဒီနေ ရာမှာ ဒီအမှိုက်ပုံက
မရှိသင့်တဲ့ ကိစ္စ ပါ။ မထားသင့်တဲ့ နေရာပေါ့။ ဈေးအင်္ဂါရပ်နဲ့ လုံးဝ မညီညွတ်ပါဘူး။ စည်ပင်ကနေပြီးတော့
တာဝန်ယူတာလား။ မွှေးတောင်ကြီးကနေ တာဝန်ယူတာ လားပေါ့။ တာဝန်ယူထားတဲ့ ဌာနက တာဝန်ယူ ဖြေရှင်းပေးစေချင်ပါတယ်''
ဟု တောင်ကြီးမြို့ ဒေသခံဦးတင် မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
တောင်ကြီးမြို့တွင် အဓိကလမ်းမကြီးအဖြစ် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး၊
အရှေ့မြို့ပတ်လမ်းနှင့် အ နောက်မြို့ပတ်လမ်းတို့ ရှိပြီး အဆိုပါ အမှိုက်ကန်ရှိသည့် ရဲဘော်ဈေး
(၂၁၂) ဈေးမှာ အနောက်မြို့ပတ်လမ်းတွင် တည်ရှိကာ ညပိုင်းအချိန်များတွင် အမှိုက်ပုံးတွင်း၌သာမက
လမ်းမပေါ်အထိပင် အမှိုက်များကို လာရောက်စွန့် ပစ်လေ့ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan