ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ
ရွာငံမြို့နယ်သည် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နိုင်ရန် နေရာဒေသများစွာ
ရှိနေသော်လည်း ပင်းတယမြို့နယ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု
နောက်ကျနေသည်ဟု ရှမ်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန် ကြားရေးမှု ဦးစီးဌာန၊ တောင်ကြီးရုံးခွဲ၊
ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
.
''ရွာငံနဲ့ ပင်းတယ ယှဉ်ကြည့် မယ်ဆိုရင် ရွာငံက ခရီးသွားလုပ်ငန်း အတော်လေးကို နောက်ကျနေပါတယ်။ ပင်းတယက အခုဆိုရင်
ခရီးသွားတွေ တော်တော်များများကို ဝင်ရောက်နေကြ
ပါပြီ။ ရွာငံက ပင်းတယကနေ တဆင့် လာကြတာတို့ ၊ ပြဒါးလင်းဂူကို လာ ကြတာတို့ ရှိပါတယ်။
ဒါပေမဲ့ တော် တော်လေးကို နည်းနေပါသေးတယ်။ ရွာငံမှာ ခရီးစဉ်ဒေသ ဖွံ့ဖြိုးလာနိုင်မယ့်
နေရာတွေ အများကြီး ရှိပါတယ်။ ဒါ ကြောင့် ခရီးစဉ်ဒေသတွေ တိုးချဲ့ ဆောင်ရွက်သွားဖို့
ရှိပါတယ်။ ဒီလိုတိုး ချဲ့ဆောင်ရွက်တဲ့ အခါမှာလည်း ဧည့် သည်တွေ အများအပြား ဝင်ရောက်တဲ့
အခါမှာ ဒေသရဲ့ သဘာဝပတ်ဝန်း ကျင် ဂေဟစနစ်ကို ပျက်စီးမှု မရှိ အောင်၊ စနစ်တကျ ထိန်းသိမ်းတတ်
လာအောင် ဒါတွေကို ရည်ရွယ်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်''ဟု ညွှန်ကြားရေးမှူး
ဦးထင်အောင်နိုင်က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအ တွင်း၌ ပြည်တွင်း/ပြည်ပ ခရီးသွားများ
လာရောက်လည်ပတ်လေ့ ရှိသည့် ခရီးစဉ်ဒေသ အများအပြားရှိပြီး စတင် လေ့လာ ဝင်ရောက်လာသည့်
ခရီးစဉ် ဒေသများလည်း ရှိသကဲ့သို့ ဧည့်သည် များ လုံးဝလာရောက်လည်ပတ် ထိ တွေ့မှု မရှိသေးသည့်
ခရီးစဉ်ဒေသ များလည်း ရှိနေကြောင်း ၎င်းထံမှ သိ ရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လက်ရှိတွင် ခရီးသွားများ အဓိက လာ
ရောက်လည်ပတ်လေ့ ရှိသည့် ဒေသ များမှာ အင်းလေး၊ တောင်ကြီး၊ က လော၊ ပင်းတယ စသည့် ဒေသများ
ဖြစ်ပြီး ရွာငံ၊ ပင်လောင်း၊ ဖယ်ခုံ၊ ဟို ပုံး၊ ဆီဆိုင်၊ နမ့်စန်၊ ကွန်ဟိန်း စသည့် မြို့နယ်များကို
ပြည်တွင်း/ပြည်ပ ခရီး သွား ဧည့်သည်များ ဝင်ရောက်လည် ပတ်နိုင်ရေးအတွက် တိုးချဲ့ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ဦးထင်အောင် နိုင်က ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ခရီးစဉ်များ တိုးချဲ့ ဆောင်ရွက်ရာတွင် ဒေသတွင်းရှိ
ပတ် ဝန်းကျင် ဂေဟစနစ်များ ပျက်စီးမှု မရှိ စေရေးအတွက် ရည်ရွယ်၍ ''ခရီးစဉ် ဒေသများ ရေရှည်တည်တံ့ရေးအတွက်
ခရီးသွားလုပ်ငန်းနှင့် ပတ်ဝန်းကျင်ဆိုင် ရာ အသိပညာပေး သင်တန်း'' များကို စက်တင်ဘာ လဆန်းပိုင်းက
ကလော မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ဖွင့်လှစ် ပို့ချပေးခဲ့ကြောင်း သိရသည်။
.
''ကျွန်တော်တို့ဒေသမှာ လူထု အခြေပြု ခရီးသွားလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်ဖြစ်အောင်
လုပ် ဆောင် ဖို့လိုပါတယ်။ အဲဒီလို လုပ်တဲ့ အခါမှာ ကောင်းကျိုးရှိသလို ဆိုးကျိုး တွေလည်း
ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ ကြောင့် ဆိုးကျိုးတွေကို ကြိုတင်ကာ ကွယ်နိုင်ဖို့ အခုလို အသိပညာပေး
သင်တန်းတွေကို ဖွင့်လှစ်ရခြင်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ခ ရီးသွား
ဧည့်သည်တွေက ကျွန်တော် တို့ ဒေသကို အပျိုစင်ဒေသလို့ ခေါ် ဝေါ်နေကြပါတယ်။ ဒီလို အပျိုစင်ဒေသ
ဖြစ်အောင်လည်း ဒေသခံပြည်သူတွေ က ဝိုင်းဝန်းထိန်းသိမ်းပေးရမှာ ဖြစ်တဲ့ အတွက် အခုလို
သင်တန်းဖွင့်လှစ်ပေး တာဟာ ဒေသအတွက် အထူးကို အကျိုးရှိပါတယ်''ဟု ရွာငံမြို့နယ် မဲ ဆန္ဒနယ်အမှတ်
(၁)မှ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွာငံမြို့နယ်သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသအတွင်း တည်ရှိပြီး မြို့နယ်ဧရိယာ အကျယ်အဝန်း ၁ဝ၂၅ ဒသမ ၉၆ စတုရန်းမိုင် ကျယ်ဝန်းကာ
ရပ်ကွက် ၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၈ အုပ်စု၊ ကျေးရွာပေါင်း ၂၅ ရွာဖြင့် ဖွဲ့ စည်းထားပြီး
ဓနုတိုင်းရင်းသားများ အ များစု နေထိုင်သော မြို့နယ် ဖြစ်သည်။
.
.
.
#KBZTai #Shan