ထိုင်းနိုင်​ငံတွင်​ လူကုန်​ကူးခံခဲ့ရသည့်​ အမျိုးသမီးငယ်​ ၁၃ ဦးတာချီလိတ်​၌ လွှဲပြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းနိုင်​ငံတွင်​ လူကုန်​ကူးခံခဲ့ရသည့်​ အမျိုးသမီးငယ်​ ၁၃ ဦးတာချီလိတ်​၌ လွှဲပြောင်း


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်​ငံ၊ ဘန်​ကောက်​မြို့၊ Kredtrakarn Shelter မှ ဆီရီဆိုဖာသီ အမ်​ဆမ်​လွေ ဦးဆောင်​သော အဖွဲဝင်​ ၂၀ ဦးတို့သည်​ ထိုင်းနိုင်​ငံအတွင်း လူ ကုန်​ကူးခံခဲ့ရသည့်​ အမျိုးသမီးငယ်​ ၁၃ ဦးကို စက်​တင်​ဘာ ၁၈ ရက်​ နံနက်​ ၁၁ နာရီခွဲက လူကုန်​ကူးမှုတားဆီးနှိမ်​နင်း ရေးရဲတပ်​ဖွဲ၊ တပ်​ဖွဲ့စိတ်​(၁)တာချီလိတ်​ ၌ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်​။
.
 
.
အဆိုပါလွှဲပြောင်းပေးသော အမျိုးသမီးငယ်​များအား မြန်​မာနိုင်​ငံဘက်​ မှ ကျိုင်းတုံပြည်​နယ်​လူမှုဝန်​ထမ်းဦးစီး ဌာနမှ ဦးစီးမှူး ဒေါ်သန်းသန်းဌေး၊ မြို့ နယ်​လူဝင်​မှုကြီးကြပ်​ရေးဌာနမှ လ၀က မှူး ဦးအောင်​အောင်​ထွန်း၊ လူကုန်​ကူးမှု တားဆီးနှိမ်​နင်းရေးရဲတပ်​ဖွဲ့မှ တပ်​ဖွဲ့ စိတ်​မှူး ရဲးမှူး ရင်​ရင်​အေး ဦးစီး၍ ဌာနဆိုင်​ရာ တာဝန်​ရှိသူများက လက်​ခံကြိုဆိုခဲ့ကြောင်း သိရသည်​။
.
ထို့နောက်​ လူကုန်​ကူးခံရသည့်​ အမျိုးသမီးငယ်​ ၁၃ ဦးအား တာဝန်​ရှိ သူများက နှစ်​သိမ်​ဆွေးနွေးခြင်း၊ မှတ်​ပုံ တင်​ မပြုလုပ်​ရသေးသူမျာအား မှတ်​ပုံတင်​ပြုလုပ်​နိုင်​ရေး စီစစ်​ရေးလုပ်​ငန်းများ ဆောင်​ရွက်​ပြီ တစ်​ဦးလျှင်​ကျပ်​ ၁၀၀၀၀ နှုန်းဖြင့်​ ထောက်​ပံ့ပေးအပ်​ခဲ့သည်​။
.
ဆက်လက်ပြီး​ တာဝန်​ရှိသူများက တာချီလိတ်​ဇာတိနေ အမျိုးသမီးငယ်​ တစ်​ဦးအား မိဘများထံအပ်​နှံပြီး ကျန်​ ၁၂ ဦးကို ကျိုင်းတုံ အမျိုးသမီးသက်​မွေး အတတ်​ပညာသင်​ကျောင်းသို့ တာချီ လိတ်​မှ ကျိုင်းတုံသို့ ခေါ်ဆောင်​သွားခဲ့ သည်​။
.
အဆိုပါ အမျိုးသမီးငယ်​များတွင်​ အသက်​ ၈ နှစ်​အရွယ်​မှ ၂၆ နှစ်​အရွယ်​ အထိ ပါဝင်​ပြီး မိုင်းယောင်းမြို့မှ ၁၁ ဦး၊ တာချီလိတ်​မှ ၁ ဦး၊ ရန်​ကုန်​တိုင်းဒေသ ကြီးမှ ၁ ဦး၊ စုစုပေါင်း ၁၃ ဦးတို့အား လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်​။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats