ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
ဆင့်ပွားခံစား
.
''ဆရာ စာရေးတဲ့အခါ ဘာကိုအခြေခံထား ခံစားပြီး ရေးဖွဲ့ပါသလဲ''ဟူသော
အမေးသည် စာဖတ်သူများထံမှ မကြာခဏမေးလာတတ်သော
မေးခွန်းတစ်ရပ်ဖြစ်၏။ ခံစားမှုဟူသည်ကား အ ကြောင်းအမျိုးမျိုးတို့မှ အခြေခံ တတ်ကြ၏။ စာ
ရေးဖို့ စိတ်အာရုံကို နှိုးဆွပေးသောခံစားချက် များစွာအနက်၊ စာဖတ်ခြင်းမှ ရရှိသော ဆင့်ပွားခံစား
ချက်သည်လည်း အကြောင်းခြင်းရာတစ်ရပ်ဖြစ်သည်။ သိုးဆောင်းစာ စကားလုံးအားဖြင့် inspiration
ဟု သုံးတတ်ကြ၏။ ဤသည်ကို စာရေးနေသူလည်း၊ ကလောင်တစ်လက်ဖြင့် ဂျာနယ်စာစောင် စာမျက်နှာပေါ်၌
နေရာအသင့်အတင့် ရရှိနေသူလည်းဖြစ်ကာ ကျွန်တော့်စာဖတ် ပရိသတ်တစ်ဦးလည်း ဖြစ်သူနှင့် စကားစပ်ပြီး
ပြောပြဖြစ်တော့ inspirationဆိုတာ အသက်ရှုတာကို ပြောတာမဟုတ်လားဆရာ''ဟု ပြန်လည် မေးမြန်းပါတော့သည်။
မြန်မာဝေါဟာရလိုပင် အင်္ဂလိပ်ဝေါဟာရတို့သည်လည်း အဓိပ္ပာယ် မူကွဲများစွာဖြင့် အသုံးပြုတတ်ကြ၏။
Inspire ကို အဘိဓာန်၌ breathe in , inhale ဟု ပြရာ ၌ အသက်ရှုသွင်းခြင်း ဟုတ်ပါသည်။ infuse
thought သည် အတွေးရှုပ်ယှက်ခတ်ခြင်းပါ။ ထို့ ပြင် Feeling into ဟုပြသေး၏။ ခံစားမှုဝင်စားခြင်း
ဖြစ်သည်။ နောက် arouse တဲ့။ နှိုးဆွခြင်းဖြစ်၏။ create feeling ပြပြန်၏။ ခံစားမှုဖန်တီးပေးခြင်း
ပါ။ thought ဟုလည်း တစ်လုံးတည်းပြကာ အဆုံး သတ်တော့၏။ အတွေးပေါ့။
ကျွန်တော်တို့ အသက်ရှုခြင်းတွင် ဖြစ်စဉ်နှစ် မျိုးပါဝင်၏။ အသက်ရှုသွင်းခြင်းနှင့်
ပြန်ရှုထုတ် ခြင်းတို့ဖြစ်၏။ ဝင်သက်နှင့် ထွက်သက်ဟုသုံး၏။ ဝင်သက်သည် inspiration ဖြစ်၍
ထွက်သက် သည် expiration၊ inspire နှင့် expire၊ ထို သောအခါ ယင်းစာပေမိတ်ဆွေက ''ဆရာ
expired ဆိုတာ ဆေးရက်လွန် over date ဖြစ် သွားတာကိုပြောတာမဟုတ်ပါလား''ဟု ထောက် ပြပြန်၏။
ဟုတ်ပါသည်။ come to an end = ဆေးသက်တမ်း ကုန်ဆုံး။ breathe out = ရှုထုတ် give out
breath = ထွက်သက်။ die = သေ။ ထို့ ကြောင့် ကျွန်တော့် သေခြင်းတရားဆောင်းပါးတွဲ ၅ တွဲအနက်
ပထမတွဲ၏ နာမည်မှာ''နောက်ဆုံး ထွက်သက်ဘယ်လိုလဲ။ ဘယ်ကိုလဲ''ဟု အသုံးပြု ခဲ့ရာ၌ last
expiration, the last breath ဆို သော အင်္ဂလိပ်စာလုံးကို ကြိုက်နှစ်သက်၍ မှီးယူ နည်းယူခဲ့ခြင်းဖြစ်ကြောင်းကို
ထိုစာပေမိတ်ဆွေ အား ပြောပြဖြစ်ပါ၏။ ယခု ဆောင်းပါးရေးဖြစ်ခြင်း တွင် ဆရာကြီးရွှေဥဒေါင်း၏
တစ်သက်တာမှတ် တမ်းနှင့် အတွေးအခေါ်များ စာအုပ်၌ ပါရှိသော ရန်ကုန်သို့ ဆေးရောင်းသွားစဉ်
အမည်မသိသူ တစ်ဦးလက်ငင်းငွေ ၃ဝဝ ပေးချေလျက် ကျန် ၁၂ဝဝ ကို စာတိုက်မှပို့ပေးမည် ဆိုသည့်အတိုင်း
အမှန်တကယ် ရွာအရောက်ပို့ပေးခဲ့ပုံကို ဖတ်ရပြီး ဆင့်ပွားခံစားရေးဖွဲ့ဖြစ်ကြောင်း ဝန်ခံ၏။
.
ဒဏ္ဍာရီပုံပြင်
.
သမိုင်းဖြစ်ရပ်အမှန်သည် နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားသောအခါ
ခေတ်စနစ်တွေ ပြောင်းလဲ ကုန်၍ မယုံချင်စဖွယ် အခြေအနေသို့ ဆိုက် ရောက်သွားတတ်၏။ ထိုအခါ
ဒဏ္ဍာရီလား၊ ပုံပြင် လားဟု မသေမချာ ဝိုးတဝါးအတွေးဖြင့် တကယ် ဖြစ်ခဲ့သည်ဟု သိပ်မယုံကြည်ချင်ကြတော့ပါ။
တ ကယ်ဖြစ်ရပ်ကို ဘိုးဘွားမိဘ အဆက်ဆက်တို့သည် သားမြေးမြစ်အစဉ်အဆက် နှုတ်ပြောအဖြစ် လက်ဆင့်ကမ်းခဲ့ကြရာတွင်
စိတ်ကူးဥာဏ်ဖြည့် စွက်ချက်များ ရောနှောသွားသဖြင့် ယုတ္တိယုတ္တာ မတန်ချင်သလို ဖြစ်နေခြင်းကလည်း
ဇဝေဇဝါဖြစ် စေခြင်းတစ်ချက် ဖြစ်ပါလိမ့်မည်။ အမှန်တကယ် တွင်လည်း ရှေးရှေးတုန်းက သီလကောင်းခဲ့ကြ၊
ရိုးသားခဲ့ကြ၊ မေတ္တာကြီးမားခဲ့ကြ။ ကိုယ်ချင်းစာ တရား လက်ကိုင်ထားခဲ့ကြ၍ မျက်မှောက်ခေတ်၌
မဖြစ်နိုင်ကောင်းသော ကိစ္စများ ဟိုးရှေ့ယခင်တုန်း က ဖြစ်ပျက်ခဲ့ကြဖူးပါသည်။ နှစ်ထောင်ချီကြာခဲ့၍
ဒဏ္ဍာရီပုံပြင်လိုလို။ နှစ်ရာဂဏန်းဆိုက သမိုင်း နှစ် ၅ဝ အထက် လွန်လေလျှင် ခေတ်ကောင်းဟုဆို
ကြတတ်သည်။ ဗိဿနိုးတို့၊ ဟန်လင်းကြီးတို့၊ သရေခေတ္တရာတို့၊ ဒဏ္ဍာရီလိုလို မှသည် မြေထဲ နစ်မြုပ်နေသော
မြို့ဟောင်းများတူးဖော်၍ ရှေး ဟောင်းပစ္စည်းအကြွင်းအကျန်တို့ ထွက်ပေါ်လာ သောအခါ တစ်ခေတ်တုန်းကတကယ်အမှန်ရှိခဲ့
ဖူးပါတကားဟု လက်သင့်ခံရတော့သည်။
.
ဘွားအေကြီးပြောခဲ့ဖူးသော နှစ်တစ်ရာကျော်တုန်းက အကြောင်းအရာလေးဖြင့်
စတင်ဖွင့်လှစ်ချင် ပါသည်။ မိုင်းသောက်ရွာမှ ညောင်ရွှေဈေးနေ့ သွားကြသည့်အကြောင်းလေးပါ။
၇ မိုင်ဝေးသော ထိုခရီးကို ရှေးတုန်းက ခြေကျင်သွားပြန်ကြ၏။ ဈေးကိုလည်း စောစောခင်းကြ၊
ရောင်းဝယ်ကြ၍ ရွာမှ နံနက် ၄ နာရီကျော် စထွက်ပါမှ ဈေးသို့ ၆ နာရီကျော်ရောက်မည်။ မိန်းမသားခြေလှမ်းမှန်မှန် ဆိုက ၂ နာရီကျော်ရုံလေး ခရီးပေါ့။ ယောက်ျား သား
ခြေလှမ်းမှန်မှန်ကတော့ ၂ နာရီပျော့ပျော့ခရီးပါ။ ခြံထွက်ကြက်သွန်ဖြူတို့၊ ပဲတို့ကို
ဂုံနီအိတ်၊ ဂျုံမှုန့်အိတ်ခွံတို့၌ တစ်ပိုင်တစ်နိုင်ထည့်ပြီး ရွက်သွားကြ၊ ထမ်းသွားကြကာ
ဈေးမှာရောင်းချပြီး အပြန်၌ လိုအပ်ရာရာတို့ကို ဝယ်ပြန်ကြမြဲပါ။ ဤတွင် ငွေပေးချေဖို့
ယူသွားသည်ဖြစ်စေ၊ ရောင်းရ ငွေယူပြန်သည်ဖြစ်စေ၊ ရောင်းကုန်ဝယ်ကုန်နှင့် ရောနှောသယ်ဆောင်မြဲဖြစ်သည်။
ငွေစက္ကူမဟုတ်၊ ငွေဒင်္ဂါးပြားများ သုံးသည့်ခေတ်ပါ။ လမ်း မှာ လုယက်တိုက်ခိုက် ယူခြင်းတို့
ခိုးဝှက်လိမ်ညာ ခြင်းတို့ အရှင်းမရှိ ဘေးကင်းရန်ကင်းသည့် ခေတ်ကောင်းကြီးပါတဲ့။ လမ်းခုလတ်ရှိ
ယာခြံ၊ ကြံခြံ များ၌ အကြော်တဲ၊ မုန့်တဲများတွေ့၍ အမောပြေ နားရင်း ဝယ်စားနိုင်၏။ အကြော်ဗန်း၊
မုန့်ဗန်းများ နှင့် ရေနွေးကရားက မီးဖိုပေါ်မှာ လက်ဖက် ခြောက်က သံဘူးလေးထဲမှာ၊ ကြိုက်သလိုနားစား
ပြီး ကျသင့်ငွေကို ဗန်းထဲထည့်ခဲ့ရုံပါ။ ဈေးသည်မရှိ၊ အစောင့်မရှိ။ ခြံရှင်ယာရှင်တို့က
ခြံထဲယာထဲ မှာတဲ့။ ဘာမှ မပျောက်မရှပါ။ အကြော်မုန့်တစ် ခု တစ်ပြားခေတ် အံ့သြကုန်နိုင်ဖွယ်။
.
ကိုယ်တွေ့ပါ
.
ကျွန်တော် အခုအသက် ၇ဝ ကျော်ဖြစ်၏။ ဘွားအေကြီးရှိလျှင် အသက် ၁၃ဝ
ကျော်မည်။ ကျွန်တော် ဆေးကျောင်းရောက်ချိန်၌ အသက် ၂ဝ စွန်းစွန်းမှာပါ။ ၁၉၆၆ ခုနှစ်၊
၁ဝ တန်းအောင် ကိုး။ သမိုင်းအဆောင်၌ ၃ နှစ်နေခဲ့ပြီး နောက် ၁၉၆၉ နှစ် ကုန်ခါနီး လမ်းမတော်ဆောင်သို့ရောက်
၏။ လွန်ခဲ့သည့် နှစ် ၅ဝ ခန့်တုန်းကဖြစ်၏။ ထမင်းစားခန်းကြီး၏ ဘေးပေါက်အထွက်မှာ သီး မွှေး၊
ဖီးကြမ်းငှက်ပျောသီးတို့၊ ဆေးလိပ်တို့ ချို ချဉ်တို့ကို ခုံလေးပေါ်မှာ ဗန်းလေးတင်ပြီးရောင်း
၏။ ငှက်ပျော်သီးဖီး ကြမ်းတစ်လုံး ၁ဝ ပြား၊ တစ် မတ်သုံးလုံးတဲ့။ ချို ချဉ်တစ်လုံးငါးပြား၊
သီးမွှေး ကားတစ်လုံး ၁ဝ ပြား။ ဒူးယားစီးကရက် တစ် လိပ် ၁ဝ ပြား၊ ခပေါင်းက တစ်မတ်သုံးလိပ်တဲ့။ချိုချဉ်
တစ်လုံးငါးပြား၊ တစ်မတ်ခြောက်လုံးတဲ့။ ဈေးနှုန်းကို စာရေးကပ်ထား၏။ ထိုရောင်းနေသူ ကားမရှိ။
နတ္တိ။ အဆောင်ရောက်ဦးစရက်တွေ တုန်းက ငှက်ပျောသီးစားချင်သည်။ ရောင်းသူမတွေ့၍ မစားခဲ့ရ။
ဆေးလိပ်ကတော့ ကျွန်တော်မသောက်။ သြော် မေ့လို့။ ဖက်ဆေးလိပ်လည်းထား ရောင်း၏။ ရောင်းသူမရှိတာ
ကတော့ တစ်ခါလည်း မဟုတ်၊ တစ်ရက်လည်းမဟုတ်။ တစ်ပတ် ၁ဝ ရက်ကျော်လာသည့်တိုင်အောင်ပင်။ ထမင်းစား
ခန်းအဝင်အထွက်၌ အကဲခတ်ကြည့်မိ၏။ စီနီယာကျောင်းသားကြီးအစ်ကိုတို့ လိုချင်တာယူပြီး ငွေကို
ဗန်းထဲထည့်ခဲ့ကြ၏။ ဆန်းတော့အဆန်း သားဟု တွေးမိ၏။ နောင်တော့ ကျွန်တော်တို့လည်း စီနီယာကြီးတွေ
လမ်းစဉ်အတိုင်း ဂျူနီယာတွေ လိုက်ကျင့်သုံးတတ်သွား၏။ ရောင်းသူကား အ ဆောင်ဝန်ထမ်းတစ်ဦး။
ခင်မင်လာပြီး''ပစ္စည်းတွေ၊ ငွေတွေ မပျောက်မလျော့ဘူးလား''ဟု မေးမိတော့ ''မပျောက်မရှတဲ့
ပြင်ငွေတွေက ပိုတောင် ပိုနေ သေး''တဲ့လေ။ အမ်းစရာအကြွေမပြည့်လျှင် ထား ရစ်ခဲ့ကြလို့တဲ့။
ဘွားအေကြီးပြောပြခဲ့တဲ့ ဒဏ္ဍာရီ လိုလိုက လမ်းမတော်ဆောင်မှာရှိနေဆဲကိုး။ အံ့ သြကုန်နိုင်ဖွယ်။
.
ကျွန်တော်အံ့သြကုန်နိုင်ဖွယ်ဟု အထက်ဖော် ပြပါခြင်းရာ နှစ်ခု၌ မှတ်ချက်ပြုခဲ့ပါ၏။
ခေတ် ကြီးပြောင်းလဲလာ၍ လှည့်ပတ်လိမ်ညာသူတို့၊ခိုး ဝှက်ထိမ်ချန်သူတို့ပေါများလာသည်မှာ
ကိုယ်တွေ့ ဖြစ်ခဲ့ဖူး၍ပါ။ ကျွန်တော့်ဖခင် ဖွင့်ထားသော စတိုး ဆိုင်ကြီး၌ အထက်တန်းကျောင်းသားဘဝမှာပင်
ကျွန်တော်ဝင်ကူနေရပါပြီ။ ပြသော ပစ္စည်းများကို သွားခိုးခြင်း၊ ဝယ်စဉ်ငွေမပြည့်၍ လိုငွေလေးကို
လာပေးပါမည်ပြောပြီး ပျောက်သွားခြင်း၊ လမ်း၌ မမျှော်လင့်ဘဲ ဆုံတွေ့က မျက်နှာလွှဲမသိချင်ယောင်
ဆောင်ခြင်း၊ သတိတရတောင်းလျှင် မေ့ဟန် ဆောင်ဘူးကွယ်ခြင်းတို့ကို ကြုံရပြီး၍ ဖြစ်ပါသည်။ ဤတွင် အံ့သြကုန်နိုင်ဖွယ်တစ်ရပ် ပြန်အမှတ်ရ လာ၏။
၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရတက် ပြီးနောက် စာသင်ကျောင်းသိမ်း၊ ငွေသိမ်း၊ လုပ် ငန်းတွေကို
ပြည်သူပိုင်သိမ်းတာမှ ရုပ်ရှင်ရုံတွေ၊ ဘဏ်တွေပါ မကျန် သိမ်းခဲ့၏။ လယ်ဂျာစာအုပ် ရှည်ကြီးတွေဖြင့်
လက်လီယူ(အဟောင်းပေးအ သစ်ယူ လကုန်ရှင်း)နှင့် လက်ကားယူ(အသစ်ယူ အဟောင်းရှင်း)ကြွေးစာရင်းများအနက်
မြို့မဈေး ကြီးတွင်း၌ ရောင်းသော အဖေ့မိတ်ဆွေ ဦးဥာဏ်ဘိုတစ်ဦးတည်းသာ ကြွေးလာဆပ်ဖော်ရ၏။
ကျန်တာ အဟောသိကံ။
.
ကောင်းမှုတစ်ခု
.
ကောင်းမှုတစ်ခု နေ့စဉ်ပြုဟူ၍ ဆရာသမား လူကြီးမိဘများ အမြဲအကြံပြုသြဝါဒပေးကြ၏။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအဖို့ မနက်လင်း သည်နှင့် ပန်းရေချမ်း ဆွမ်းတော်ပွဲတို့ကို
ဗုဒ္ဓဘု ရားရှင်အား ကပ်လှူကြပြီ။ သံဃာတန်းကို ဆွမ်း လောင်းကြပြီ။ ဆွမ်းဟင်းချက်ကာ ဆွမ်းဟင်းချိုင့် ဆွမ်းဟင်းအုပ်ငယ်လေးထဲသို့ထည့်ကာ လှူဒါန်း ကြပြီ။
ဤကား နိစ္စဒူဝပြုနေကျကောင်းမှု ကုသိုလ် များဖြစ်ပါသည်။ ထို့အပြင် အခါအားလျော်စွာ ဆွေမျိုးသားချင်းတွေ
ရပ်ဆွေရပ်မျိုးတွေမိတ်ရင်း ဆွေရင်းတွေနှင့် ရံဖန်ရံခါ သူစိမ်းတစ်ရံဆံတို့၏ လိုအပ်သော
အကူအညီများကိုလည်း စွမ်းနိုင် သမျှပံ့ပိုးကူညီကြရသည်များရှိတတ်ပါ၏။ သူတစ် ပါး အခက်အခဲရှိ
လိုအပ်ရာရာတို့ကို ဖြည့်ဆည်း ကူညီလှူဒါန်းခြင်း ဆောင်ရွက်ပေးခြင်းတို့သည် လည်း ကာလဒါနမည်ပါ၏။
မိမိတွင် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့လာက တူညီသော အ ကျိုးပေးကြောင့် တစ်နည်းနည်းအားဖြင့်
ပြေလည် မှုရရှိသွားတတ်ပါသည်။ြ<ွကားဝါလို၍ မဟုတ်မူဘဲ နမူနာယူစေလိုသောဖြင့် စေတနာ၊
မေတ္တာဖြင့် တင်ပြပေးချင်သော အကြောင်းအရာများ ဆက် လက်ရေးသားပါမည်။ မယုံလျှင်ပုံပြင်။
.
ကျွန်တော် ကလောမြို့ပြည်သူ့ဆေးရုံ၌လေး နှစ်တာဝန်ထမ်းဆောင်ခဲ့စဉ်
ဒုတိယဆေးရုံအုပ်နှင့် မြို့နယ်ဆရာဝန်ရာထူးပူးတွဲရယူသူကား ဒေါက် တာ ဦးဝိန်ဖေးပါ။ ဆရာကြီးကတော်မှာဒေါ်သန်းစိန်ဖြစ်၏။
နမ့်ခမ်းဆေးရုံမှ ပြောင်းရွှေ့ခဲ့ရသူပါ။ ဟိုကမပြောင်းမီ ဆရာမတစ်ဦးအကူအညီလို အပ်၍ ရွှေဒင်္ဂါးတစ်ပြား
အပေါင်ထားကာ ငွေ ချေးယူထားရာ ပြန်မဆပ်နိုင်သေးဖြစ်နေ၏။ပြောင်းရွှေ့မိန့်ကထွက်ပြီ။ ဆရာမကိုခေါ်ပြီးဒင်္ဂါး
ပြန်အပ်လိုက်၏။ ပြောင်းရွှေ့ပြီး ပြန်တွေ့ဖို့ မလွယ်ကူပါ။ ဤအကြောင်းကို သိလိုက်ရသော
ကျွန် တော်သည် နှမ မစိန်ကြည်ကို ပြန်ပြောပြခဲ့ဖူး၏။ နှမ ကွယ်လွန်၍ ဆွမ်းပြင်ရန် ဆွမ်းဟင်းချက်
ပြုတ်သောနေ့၌ သူ့မိတ်ဆွေ ရို့မနီးဂေါ်ရခါးသူခမျာ နှမ ကြိုက်သော သူ့လက်ရာကြက်သား ချက်ကို
သူချက်ပေး၏။ ချက်ပြုတ်ပြီးသောအခါ လက်သူကြွယ်၌ ဝတ်ထားသော ပုလဲလက်စွပ်ကို ပြ၍ ''ဆရာမက
ကျွန်မကို ပြန်ပေးခဲ့တယ်။ သူ့ ကျန်းမာရေး စိတ်မချရလို့ သူသေသွားခဲ့ရင် လက်မဲ့ဖြစ်ရစ်မှာ
စိုးလို့တဲ့။ ကြွေးကိုလည်း လျှော်ပေးခဲ့ တယ်''ဟု မျက်ရည်ဝဲဝဲဖြင့် ပြောပြ၏။ ဒေါ်သန်းစိန်၏
လုပ်ရပ်ကောင်းမှုတစ်ခု နှမအမွေယူခဲ့တာကိုး။ နှမ သည် ထ ၃ မှာ ဆရာမိဘခန့် ဆရာမ ဝင်လုပ်ခဲ့ဖူး၍
ရို့မနီးက သူ့ကို ဆရာမခေါ်ခြင်းဖြစ် ၏။
.
ကောင်းမှုပြုလုပ်ရာ၌ တောင်တက်ခရီးနှင့်တူ ၏။ ကြိုးစားအားထုတ်ရပါသည်။
မကောင်းမှုပြု ရာ၌ တောင်ဆင်း လမ်းခရီးနှင့်တူ၏။ အလွယ်တ ကူ ကျူးလွန်လွယ်ကူလွန်းလှ၏။ တစ်နည်းအား
ဖြင့်လည်း ကောင်းမှုသည် ရေဆန်လှော်ရသည် နှင့်တူ၏။ တွန်းလှန်ဆန်တက်ရ၏။ မကောင်းမှု သည်
ရေစုန်ဆင်းရသည်နှင့်တူ၏။ အားမထုတ် ရ။ အသာလေးမှေးလိုက်ရုံမျှသာ။ ထို့ကြောင့် ကောင်းမှုလုပ်ဖြစ်ခဲကြ၏။
မကောင်းမှုကား လုပ် လွယ်လွန်းလှ၏။ အလွယ်မလိုက်ဘဲ အခက်ကို တွန်းလှန်နိုင်ဖို့ အရေးကြီးပါကြောင်း။
။
.
.
.
#KBZTai #Shan